Wednesday, November 13, 2013

ကဗျာကောင်

*** ကဗျာကောင် ***

အောင်မြင်တဲ့ တစ်နေ့မှာ ပြန်လာမယ်တဲ့
အဲဒီလို ပြောပြီး
အန္တာတိကတိုက်မှာ ရွှေသွားရှာသလား
အာဖရိကမှာ စိန်သွားရှာသလား
အာရပ်ကမ္ဘာက ရေနံတွေသွားတူးသလား
မှတ်တယ်
ဒီကောင် ကဗျာတွေ ရေးနေသတဲ့
ကဗျာတွေ ရေးနေသတဲ့ဗျား
တစ်နေ့တော့
ကဗျာဟာ လက်ဝတ်ရတနာတွေနေရာမှာ
အစားဝင်သွားမတဲ့
ကဗျာကနေ စွမ်းအင်ထုတ်ရမတဲ့
ဒီကောင်
အောင်မြင်တဲ့တစ်နေ့ ပြန်လာမယ်တဲ့။ ။

လင်းခါး

No comments:

Post a Comment