*** သိုးနေတာတွေ ဘယ်သူစားမလဲ ***
ဦးညွတ်သင့်တော့လည်း ညွတ်
ဦးခိုက်သင့်တော့လည်း ခိုက်
ဦးခေါင်းကို ရိုက်ခွဲသင့်တယ်ဆိုတော့လည်း
ရိုက်ခွဲလိုက်ရုံပေါ့
ကြယ်တွေကို ကြာကြာငေးမနေဘူး
အသီးရဖို့ ပင်စည်ကို
လှုပ်ခါမနေတော့ဘူး
ဒီမှာ လိပ်ပြာလေး
ဒီမှာ တိမ်တွေရယ် လှလိုက်တာ
ဒီမှာ လှိုက်စားနံဟောင်နေတဲ့ ပြည်ပုပ်တွေ
ပန်းချီကားထဲ ဘာပဲရေးထားထား
ကိုယ်အတ္တကိုယ် ပြန်မြင်နေရတာပဲ
ဘာတီးလုံးလာလာ
ဒီကိုယ်နဲ့ပဲ လှုပ်ခါ ကလိုက်တာ
ဂစ်တာနဲ့စန္ဒရားက ကြိုးတပ်တူရိယာ
ကဗျာနဲ့ တေးသီချင်းတွေက စာသား
ဒီမှာ တကယ့်ဘဝက
တကယ့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးနဲ့
တကယ် မြင်နေရတာပဲ
ဘာလို့
ရေလိုက်လွဲနေမလဲ
လာကြ
ခွေးတွေအူတာ နားထောင်ရအောင်။ ။
လင်းခါး
၂၂-၈-၂၀၁၃
No comments:
Post a Comment