Friday, September 6, 2013

တန်ဆောင်မုန်း ရီနေဆန့်

*** တန်ဆောင်မုန်း ရီနေဆန့် ***

အတိတ်ကို လွမ်းရတာ

သိပ်နက်တဲ့တောထဲ

သစ်ဥသစ်ဖုတူးရသလိုပဲ တဲ့

အဘိုးကြီးက ပြောတယ်

ဟေ့ ဟေ့ အဲဒီအဘိုးကြီးက

အဘိုးကြီးအားလုံးကို ကိုယ်စားမပြုဘူးကွ တဲ့

တကယ်တော့ အဘိုးကြီးတွေအတွက်

လူငယ်ဘဝဆိုတာ

မက်ပြီးသား အိပ်မက် ထပ်မက်ချင်နေတာပဲ တဲ့။

အဘိုးကြီးတွေက အသက်ကြီးပြီဆိုတော့

စကားလုံးကြွယ်ပါဘိသနဲ့

ဆင်ခြေကလည်း များများရယ်။

အဘိုးကြီးတွေက အသက်သာကြီးတယ်

နိမိတ်ပုံ အလန်းတွေနဲ့ရယ်။

လွယ်လွယ်နဲ့လက်မခံချင်တာလည်း

အဘိုးကြီးတွေ အကျင့်

အတ္တကြီးပုံကလည်း စည်းလွတ်ဝါးလွတ်ရယ်

သူတို့ ခေတ်ကမှ ရွှေခေတ်

သူတို့ အနုပညာမှပဲ အနုပညာတဲ့။ ဒါပေမယ့်ကွယ်

အဘိုးကြီးတွေကို ပစ်မထားလိုက်ပါနဲ့

အဘိုးကြီတွေကို နားလည်ပါ

အဘိုးကြီးတွေကို လေးစားပါ

အဘိုးကြီးတွေကို နှစ်သိမ့်ပါ

အဘိုးကြီးတွေကို တွဲခေါ်ပါ

အဘိုးကြီးတွေကို မတော်လှန်လိုက်ပါနဲ့ကွာ

အဘိုးကြီးများ ကိုယ်စား အဘိုးကြီးတစ်ယောက်

အဘိုးကြီးပြန်လည်ဆန်းသစ်ရေးအဆို

တင် သွင်း လိုက် ပါ တယ် ။ ။

လင်းခါး
၂၆-၈၂၀၁၃

No comments:

Post a Comment