*** ညာဘက်လက်တွေ ***
အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ
ဒေါသထွက်နေတယ်
ချက်ကောင်းစောင့်နေတယ်
သူ့မှာ အားနည်းချက်ရှိတာ ဝန်ခံပါတယ်
ဒါကို ပျော့ကွက် မဖြစ်စေချင်ဘူး
အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ
အသုံးပြုဖို့ အားထုတ်ရင်း
အထက်မြက်ဆုံးအချိန်ကို လွန်ခဲ့ပြီ
ဒဏ်ရာကို စွဲလမ်းမိတဲ့ နုဖတ်လက်ဖွေးဖွေးလိုပါ
တိုက်ပွဲဆီ မပို့ဖြစ်တဲ့ ဓါး လှံ လက်နက်တွေလိုပါ
ဒါပေမယ့်
အသုံးမပြုရသေးတဲ့ ညာဘက်လက်ဟာ
ပါးနပ်တယ်
ချောင်းမြောင်းတယ်
အမြင့်ဆုံးအထိ ချိန်ရွယ်တယ်
ဒါကြောင့်လည်း
အသုံးမပြုရသေးတဲ့ ညာဘက်လက်အဖြစ် တည်ခဲ့
အသုံးပြုပြီးတဲ့အခါ အသုံးမပြုရသေးတဲ့
ညာဘက်လက်ဆိုတာ
ဒီလို စောင့်ဆိုင်းနေရတဲ့ တန်ဖိုးရှိမှုအဖြစ်
တစ်ချိန်လုံး သူ တွေးဆနေတယ်
တစ်ချိန်လုံး သူ အသင့်ဖြစ်နေတယ်
တစ်ချိန်လုံး သူ
အသုံးမပြုရသေးတဲ့ ညာဘက်လက်အဖြစ်တော့
နေသွားမှာ မဟုတ်ဘူး။ ။
လင်းခါး
(ယှဉ်ရုန်းခဲ့တဲ့ ဘော်ဒီ - မှ )
No comments:
Post a Comment