တကယ်မရှိတဲ့ မြို့ကြီးရဲ့ ပလက်ဖောင်းတွေပေါ်
လျှောက်ကြည့်ခဲ့ပြီးပြီ
တကယ်မရှိတဲ့ မြို့ကြီးရဲ့ အာဟာရတွေလည်း
မြည်းစမ်းဖူးပြီ
တစ်ချိန်က တကယ်မရှိတဲ့နိုင်ငံကို
တကယ်ရောက်လိမ့်မယ်ထင်တာ
အခုတော့ အဲဒီအတွေး တကယ်ရှိခဲ့လားတောင်
သံသယဖြစ်စရာပဲ။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀က တကယ်မရှိတာတွေရဲ့
အဆွဲဆောင်ခံ၊ အငြို့ယူခံ၊ အသိမ်းသွင်းခံ
တကယ်မရှိတဲ့ ဘ၀တစ်ခုကို
တကယ်မျှော်မှန်းခဲ့တာတွေ၊
တကယ် မရှိတဲ့ ငြိမ်းချမ်းရေးကို
တကယ်မျှော်လင့်ခဲ့တာတွေ၊
တကယ်မရှိတဲ့ အိပ်မက်ထဲမှာ၊ ကိုယ်တကယ်ရှိခဲ့သလို
ငယ်ငယ်က တကယ်မရှိတဲ့အရာတွေကို ကြောက်ရွံ့ရတယ်၊ စွဲလန်းရတယ်
ကြီးလာတော့ တကယ်မရှိတဲ့အရာတွေကို မိုက်မဲစွာ တောင့်တလာတယ်
တကယ်မရှိပါဘူးပြောနေတဲ့ အသံနောက်
ဘာတွေရှိမှာလဲ တွေး၊
တကယ်ပဲ တကယ်မရှိတာတွေနဲ့ တကယ် အချိန်ကုန်ခဲ့တာတွေ
ဒါပေမယ့်
ဒါတွေကို တွေး၊ သိပ်ယူကျုံးမရ ဖြစ်နေဖို့တော့လည်း မလို
တစ်ချိန်က ကိုယ်တကယ် ရှိခဲ့တယ်ဆိုတာတောင်
နောက်လူတွေက သံသယရှိဦးမယ် မဟုတ်လား။ ။
လင်းခါး
၃၀-၄-၂၀၁၃
Tuesday, April 30, 2013
Monday, April 29, 2013
စောင့်တယ်
*စောင့်တယ်*
ကြိုသိထားတဲ့ အကြောင်းအရာ
ကြိုသိထားတဲ့ အပြုအမူ
ကြိုသိထားတဲ့ တုံ့ပြန်မှုတွေပဲ
ခုထိ ယေဘုယျသဘော
ခုထိ မပြီး မပြည့် မစုံ
ဒီနေ့အထိ ကမ္ဘာကြီးဟာ
ခင်ဗျားတို့ ကမ္ဘာကြီးပါ
ဒါကြောင့်
ငါ့ရဲ့ ကမ္ဘာကြီးကို စောင့်တယ်
အချစ်ကလေးမြ ကို စောင့်တယ်
စောင့်တယ်
စောင့်ပါတယ်လေ.........
ဖိနပ်အောက်က ပန်းအရွဲလေးလို
စောင့်ခဲ့တယ်။ ။
လင်းခါး
၂၉-၃-၂၀၀၉
ကြိုသိထားတဲ့ အကြောင်းအရာ
ကြိုသိထားတဲ့ အပြုအမူ
ကြိုသိထားတဲ့ တုံ့ပြန်မှုတွေပဲ
ခုထိ ယေဘုယျသဘော
ခုထိ မပြီး မပြည့် မစုံ
ဒီနေ့အထိ ကမ္ဘာကြီးဟာ
ခင်ဗျားတို့ ကမ္ဘာကြီးပါ
ဒါကြောင့်
ငါ့ရဲ့ ကမ္ဘာကြီးကို စောင့်တယ်
အချစ်ကလေးမြ ကို စောင့်တယ်
စောင့်တယ်
စောင့်ပါတယ်လေ.........
ဖိနပ်အောက်က ပန်းအရွဲလေးလို
စောင့်ခဲ့တယ်။ ။
လင်းခါး
၂၉-၃-၂၀၀၉
မိုးရွာသွန်းပြီးစ ညနေ
**မိုးရွာသွန်းပြီးစ ညနေ**
ငါ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါကွာ
ငါက ကျန်းမာရေးလည်းမကောင်းဘူး
အရေးအကြောင်းဆို မူးမိုက်မိုက်ဖြစ်ဖြစ်နေတတ်လို့
နားနားနေနေနေရ
အထိုင်အထ မြန်လို့လဲမဖြစ်
မင်းသိသားနဲ့
ဆရာဝန်ကဆို ငါ့ကို ငေါက်ငမ်းနေလိုက်တာ ဘာညာ
ငါ မင်းကို ချွဲ အဖြစ်သည်းခဲ့ပုံ
အခုလို မိုးလေးတဖွဲဖွဲ စဲ ခဲ့ပုံ။ ။
လင်းခါး
၁-၄-၂၀၀၈
ငါ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါကွာ
ငါက ကျန်းမာရေးလည်းမကောင်းဘူး
အရေးအကြောင်းဆို မူးမိုက်မိုက်ဖြစ်ဖြစ်နေတတ်လို့
နားနားနေနေနေရ
အထိုင်အထ မြန်လို့လဲမဖြစ်
မင်းသိသားနဲ့
ဆရာဝန်ကဆို ငါ့ကို ငေါက်ငမ်းနေလိုက်တာ ဘာညာ
ငါ မင်းကို ချွဲ အဖြစ်သည်းခဲ့ပုံ
အခုလို မိုးလေးတဖွဲဖွဲ စဲ ခဲ့ပုံ။ ။
လင်းခါး
၁-၄-၂၀၀၈
ပြည်သူတွေပါကွာ
ဇီဝဓါတ်နည်းနေတဲ့ သတ္တ၀ါတွေလို
ပင့်ကူအိမ်ထဲက ယင်ကောင်အခွံတွေလို
အရေဆုတ်ခံထားရတဲ့ မြွေတွေလို
သခင်အလာကို မျှော်နေတဲ့ ခွေးအိုကြီးလို
တို့အခု
ဘာသညာမှ မထားဘဲ
မျက်လုံးတစ်ခုတည်းနဲ့ အရာရာကို မြင်နေရသလို
တို့ပြောချင်တာတောင် တို့နားလည်ရခက်
တို့အားငယ်နေတာအောင် တို့အမျက်ထွက်
ကောင်းကင်မှာ ခံဘက်က တိမ်တွေ လွင့်နေပါတယ် .....
ကောင်းကင်မှာ ပိုင်ရှင်မဲ့တဲ့ ငှက်တွေ ပျံသန်းနေပါတယ် ...
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာကမ္ပည်းမှမရှိ
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာဝိသေသမှ မရှိ
တိမ်ခိုးနဲ့ မင်းရေးပဲ
Romantic Existentialism ပဲ
တို့ဟာ ကျားသနားမှ ချမ်းသာရမယ့် နွားတွေပါကွာ
တို့ဟာ မကွဲလည်း ဆွဲခံရတဲ့ နွားတွေပါကွာ
တို့ဟာ
of the people, by the people, for the people
ကိုယ်ထူကိုယ်ထ ပြည်သူတွေပါကွာ
ရန်သူတွေ မဟုတ်ပါဘူး။ ။
လင်းခါး
၂၉-၄-၂၀၁၃
ပင့်ကူအိမ်ထဲက ယင်ကောင်အခွံတွေလို
အရေဆုတ်ခံထားရတဲ့ မြွေတွေလို
သခင်အလာကို မျှော်နေတဲ့ ခွေးအိုကြီးလို
တို့အခု
ဘာသညာမှ မထားဘဲ
မျက်လုံးတစ်ခုတည်းနဲ့ အရာရာကို မြင်နေရသလို
တို့ပြောချင်တာတောင် တို့နားလည်ရခက်
တို့အားငယ်နေတာအောင် တို့အမျက်ထွက်
ကောင်းကင်မှာ ခံဘက်က တိမ်တွေ လွင့်နေပါတယ် .....
ကောင်းကင်မှာ ပိုင်ရှင်မဲ့တဲ့ ငှက်တွေ ပျံသန်းနေပါတယ် ...
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာကမ္ပည်းမှမရှိ
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာဝိသေသမှ မရှိ
တိမ်ခိုးနဲ့ မင်းရေးပဲ
Romantic Existentialism ပဲ
တို့ဟာ ကျားသနားမှ ချမ်းသာရမယ့် နွားတွေပါကွာ
တို့ဟာ မကွဲလည်း ဆွဲခံရတဲ့ နွားတွေပါကွာ
တို့ဟာ
of the people, by the people, for the people
ကိုယ်ထူကိုယ်ထ ပြည်သူတွေပါကွာ
ရန်သူတွေ မဟုတ်ပါဘူး။ ။
လင်းခါး
၂၉-၄-၂၀၁၃
Sunday, April 28, 2013
သီချင်း
#သီချင်း#
တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက
တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို
ပြန် အမှတ်ရစေ
စကတည်းက မတွယ်ငြိရင်ကောင်းမှာ
ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား
တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ
အလွမ်းတေးမှန်းသိ
တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ်
အနိမ့်စံ စံပယ်ပန်းမှန်းသိတယ်
တစ်ဘဝမှာ တစ်ခါပဲပျော်ရတယ်
မင်းနဲ့ငါ ဒါကို ခေါင်းရင်းမှာထား
ညည
သေသည်အထိ ဆိုသွားရမယ့် သီချင်းလား ။ ။
လင်းခါး
international magazine
may - 2009
တစ်ယောက်နဲ့တစ်ယောက် လွဲခဲ့ကြတာကိုက
တစ်ယောက်နဲ့တစ်ယောက် နမ်းခဲ့ကြတာကို
ပြန် အမှတ်ရစေ
စကတည်းက မတွယ်ငြိရင်ကောင်းမှာ
ကြွေတော့မှ မြင်တဲ့ အလင်းနဲ့ငါ ရေစက်ကုန်သလိုလား
တစ်ပင်လုံးကြွေမှ သစ်ခြောက်ပင်ဟာ
အလွမ်းတေးမှန်းသိ
တစ်ပင်လုံးဝေမှ ကိုယ့်ကိုယ်ကိုယ်
အနိမ့်စံ စံပယ်ပန်းမှန်းသိတယ်
တစ်ဘဝမှာ တစ်ခါပဲပျော်ရတယ်
မင်းနဲ့ငါ ဒါကို ခေါင်းရင်းမှာထား
ညည
သေသည်အထိ ဆိုသွားရမယ့် သီချင်းလား ။ ။
လင်းခါး
international magazine
may - 2009
ယုံကြည်မှု
# ယုံကြည်မှု #
ခရေပင်လေးဟာ
ခရေပန်းလေးတွေ ပွင့်ရင်းပွင့်ရင်းနဲ့ပဲ
ခရေပင်ကြီး ဖြစ်လာ
ဖြစ်လာတော့လည်း
ခရေပင်ကြီးဟာ ခရေပန်းလေးတွေပွင့်မြဲပွင့်တယ်
ပွင့်လို့ရသမျှလည်း ခြွေမြဲ ခြွေတယ်
ခြွေခဲ့တယ်
ကမ္ဘာကြီးက ဘာလုပ်ပစ်မယ်
တစ်ခါမှ မတွေးခဲ့ဘူး။ ။
လင်းခါး
ရတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၁
ခရေပင်လေးဟာ
ခရေပန်းလေးတွေ ပွင့်ရင်းပွင့်ရင်းနဲ့ပဲ
ခရေပင်ကြီး ဖြစ်လာ
ဖြစ်လာတော့လည်း
ခရေပင်ကြီးဟာ ခရေပန်းလေးတွေပွင့်မြဲပွင့်တယ်
ပွင့်လို့ရသမျှလည်း ခြွေမြဲ ခြွေတယ်
ခြွေခဲ့တယ်
ကမ္ဘာကြီးက ဘာလုပ်ပစ်မယ်
တစ်ခါမှ မတွေးခဲ့ဘူး။ ။
လင်းခါး
ရတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၁
Friday, April 26, 2013
စံပယ် ကြက်ရုန်း ဂမုန်း နှင်းဆီ
ဖိနှိပ်သူများ ရှိနေတော့
အဖိနှိပ်ခံများ ရှိလာရ။
နှိပ်စက်ကျူးလွန်သူများ ရှိလာတော့
သနားဖွယ်အဖြစ်ဆိုးများ ရှိလာရ။
စစ်ပွဲကြီးတွေ ရှိလာတော့
ငြိမ်းချမ်းရေးတွေ ရှိလာရ။
အမှားတွေ ရှိလာတော့
သစ္စာတရားတွေ ရှိလာရ။
နျူလက်နက်ကြီးတွေ ရှိလာတော့
နျူလက်နက်ဖောက်ခွဲရမယ့် နေရာတွေ ရှိလာရ။
ညာဘက်အိတ်ထဲက သကြားလုံးကို
ဘယ်ဘက်အိတ်ထဲ ပြောင်းထည့်လိုက်တော့
ညာဘက်အိတ်ထဲက သကြားလုံးပျောက်ပေါ့။
လက်တစ်ဖက်က ကမ်းလင့်နေမှတော့
လက်တစ်ဖက်က ပွေ့ဖက်ရတာပေါ့။
တစ်ကယ့်ဘ၀ဆိုတာ
ပါးတစ်ဖက်ရိုက်လို့
နောက်တစ်ဖက်ထိုးပေးဖို့ ဘယ်လွယ်မလဲ။
တစ်ကယ့်ဘ၀ဆိုတာ
ခေါင်းပေါ်ကျောက်တုံးကြီးချ သစ္စာနည်းသူကို
မေတ္တာထား လမ်းပြပေးဖို့ ဘယ်လွယ်မလဲ။
သိပ်ကြမ်းတယ်၊ သိပ်ရိုင်းတယ်
သိပ်ဒုက္ခများတယ်
အ၀ိဇ္ဇာဆိုတာ
တကယ်မြင်နေရတာတောင်
အိပ်မက်လား တွေဝေ ငြင်းဆန်နေတတ်သေးတာပဲ ။ ။
လင်းခါး
27-4-2013
အဖိနှိပ်ခံများ ရှိလာရ။
နှိပ်စက်ကျူးလွန်သူများ ရှိလာတော့
သနားဖွယ်အဖြစ်ဆိုးများ ရှိလာရ။
စစ်ပွဲကြီးတွေ ရှိလာတော့
ငြိမ်းချမ်းရေးတွေ ရှိလာရ။
အမှားတွေ ရှိလာတော့
သစ္စာတရားတွေ ရှိလာရ။
နျူလက်နက်ကြီးတွေ ရှိလာတော့
နျူလက်နက်ဖောက်ခွဲရမယ့် နေရာတွေ ရှိလာရ။
ညာဘက်အိတ်ထဲက သကြားလုံးကို
ဘယ်ဘက်အိတ်ထဲ ပြောင်းထည့်လိုက်တော့
ညာဘက်အိတ်ထဲက သကြားလုံးပျောက်ပေါ့။
လက်တစ်ဖက်က ကမ်းလင့်နေမှတော့
လက်တစ်ဖက်က ပွေ့ဖက်ရတာပေါ့။
တစ်ကယ့်ဘ၀ဆိုတာ
ပါးတစ်ဖက်ရိုက်လို့
နောက်တစ်ဖက်ထိုးပေးဖို့ ဘယ်လွယ်မလဲ။
တစ်ကယ့်ဘ၀ဆိုတာ
ခေါင်းပေါ်ကျောက်တုံးကြီးချ သစ္စာနည်းသူကို
မေတ္တာထား လမ်းပြပေးဖို့ ဘယ်လွယ်မလဲ။
သိပ်ကြမ်းတယ်၊ သိပ်ရိုင်းတယ်
သိပ်ဒုက္ခများတယ်
အ၀ိဇ္ဇာဆိုတာ
တကယ်မြင်နေရတာတောင်
အိပ်မက်လား တွေဝေ ငြင်းဆန်နေတတ်သေးတာပဲ ။ ။
လင်းခါး
27-4-2013
Saturday, April 20, 2013
အမှားကျူးလွန်ထားတဲ့ လက်ကြီးကျွေးတာစား ထွားလာတဲ့ ပါးစပ်က အမှန်တရားတဲ့
ဂုဏ်သရေရှိ ကုတ်အင်္ကျီ/တိုက်ပုံအောက်က
အောက်တန်းစားကိုယ်လုံးကြီး
ဂုဏ်သရေရှိ ဦးထုပ်/ခေါင်းပေါင်းအောက်က
သိမ်ဖျင်း ဦးခေါင်းကြီး၊
ပြုံးထားတဲ့ မျက်နှာက ဘယ်လိုရွံစရာတွေ ဖုံးထားသလဲ
ကမ္ဘာကြီးက သိတယ်။
မြေစာပင်ဖြစ်တော့ ငါတို့
နှင်းဆီခိုင်ကျမှ မင်းတို့ဖြစ်ရ
တုတ်ဝေခံရတော့ ငါတို့
မုန့်ဝေခံရတော့မှ မင်းတို့ဖြစ်ရ။
ကိုယ့်မြေကိုယ် သေးနဲ့ပန်းခဲ့တာ မင်းတို့ပဲ
ကိုယ့်လေကိုယ် ယုတ်ညံ့စေခဲ့တာ မင်းတို့ပဲ
ကိုယ့်ပါးကိုယ်ရိုက်ပြီး
ကိုယ့်နားကို ကိုယ်ကိုက်၊
မင်းသမီး ပြန်ပေးဆွဲတာလည်း မင်းတို့
မင်းသမီး ပြန်ပေးရွေးခဲ့တာလည်း မင်းတို့ပဲ
ပြီးတော့ ၀င်းဦးလေသံနဲ့
`သိပ် အံ့ သြ သွား သ လား ကွာ ` တဲ့။
ဦးကျောက်လုံးလည်း မင်းတို့၊
ကောလိပ်ဂျင်လည်း မင်းတို့၊
ပဲပြုတ်သည် မထားဆိုလည်း မင်းတို့
ပန်းရောင်းရင်း ကျောင်းတတ်ရတာလည်း မင်းတို့
ပြီးတော့
ဟူးဂိုးချာဗက်ဆိုတော့လည်း မင်းတို့
ကဒါဖီဆိုတော့လည်း မင်းတို့
ဒီတော့
မင်းတို့ပဲ အော်စကာ
မင်းတို့ပဲ ဂိုးဒန်းကလုပ်
မင်းတို့ပဲ အကယ်ဒမီပေါ့။
မင်းတို့ အမှောင်ချခဲ့တယ်
ငါတို့ အမှောင်ကျခဲ့တယ်
ငါတို့ အမှောင်ကိုခွင်းတော့
မင်းတို့က အလင်းဆောင်ဆံ့ ဆိုပဲ။
မင်းတို့နောက်ဆွဲတွေက ငါတို့ချောက်ထဲကျဖို့ ဖြစ်ခဲ့
မင်းတို့ နွားတွေက ငါတို့ကိုက်ဖို့ကျ ကျားတွေဖြစ်ခဲ့
မင်းတို့သွားတွေက မင်းတို့ကို ပြန်ကိုက်ဖို့ကျတော့ ကျိုးခဲ့ပြီ။
အသားထဲက လောက်တွေပဲ
ကြားထဲက ခလောက်တွေပဲ
ဧည့်ခန်းမှာ ရွှေစင်ရုပ်နဲ့ ဘီလူးစုတ်
ကမ္ဘာကြီးက သိတယ်။
မင်းတို့ ညာဘက်လက်တွေက တစ်ဆုပ်ကြဲတိုင်း
ဘယ်ဘက်အိတ်ထဲ တစ်လှည်းဝင်ခဲ့တာ ......
မင်းတို့ ညောင်ရေလောင်းတိုင်း .......
မင်းတို့ ရာစွန့်တိုင်း .......
မင်းတို့ ဒီချုံထွင်တိုင်း .....
ကမ္ဘာကြီးက သိတယ်။
အခု မင်းတို့ရှေ့မှာ မိုက်ခွက်
နောက်မှာ ယပ် နဲ့
ဒီမိုကရေစီဆိုတာ မင်းတို့ ကိုယ်တိုင်ချိုးခဲ့တဲ့ ဖဲထုပ်ထဲက
ဖဲချပ်လေးတွေလိုပဲ
ငါတို့မှာ ပဒေသာလေးရဖို့ စီနေရတုန်း
မင်းတို့ကတော့
ဘာလာလာ ဒေါင်း တဲ့။
ဂျာအေးကို သူ့အမေရိုက်တိုင်း
မင်းတို့က
ပလ္လင်ပေါ်က မျောက်ကလေး လုပ်ပြနေတယ်ပေါ့။
မင်းတို့က ကျောင်းဒကာ
မင်းတို့က ဟီးရိုး
မင်းတို့က ဇီးရိုးတော့လည်း အဖြစ်မခံနိုင်။
အဆုံးသတ်မလှတဲ့ ဇာတ်လမ်းတွေတွေ့လေ
မင်းတို့က အဆုံးသတ်လှစေချင်လေလေ။
မင်းတို့ရလိုက်တာ ဘာတွေလဲ
ငါတို့ကြုံခဲ့ရတာက ခြောက်အိပ်မက်တွေပဲ
ငါတို့တွေ့ရဦးမှာက ကြောက်နေရတဲ့ မနက်တွေပဲ
ငါတို့ဖြတ်သန်းရဦးမှာက ပျောက်နေတဲ့ အနာဂါတ်တွေပါပဲ။
ဘယ်မှာလဲ ငါတို့သယံဇာတ
ဘယ်မှာလဲ ငါတို့ယဉ်ကျေးမှု
ဘယ်မှာလဲ ငါတို့ အမျိုး ဘာသာ သာသနာ
ကြိတ်ပြီးသား ကြံဖတ်တွေလို အရည်ခမ်းပေါ့
ညှစ်ပြီးသား သံပုရာသီးတွေလို တွန့်လိမ်ရှုံ့တွခဲ့ပေါ့။
အခုတော့
အမှားတွေ ပက်ပက်စက်စက်ကျူးလွန်ထားတဲ့
လက်ကြီးကျွေးတာစား ထွားကျိုင်းလာတဲ့
ဒီဂုဏ်သရေရှိ ပါးစပ်ကြီးကပဲ ဘုံပဟေဠိတွေနဲ့
ဥုံမခံ ရွတ်နေပြန်ပါပေါ့
ဘာတဲ့ ...........
အမှန်တရား ဆိုပဲ ။ ။
လင်းခါး
20-4-2013
အောက်တန်းစားကိုယ်လုံးကြီး
ဂုဏ်သရေရှိ ဦးထုပ်/ခေါင်းပေါင်းအောက်က
သိမ်ဖျင်း ဦးခေါင်းကြီး၊
ပြုံးထားတဲ့ မျက်နှာက ဘယ်လိုရွံစရာတွေ ဖုံးထားသလဲ
ကမ္ဘာကြီးက သိတယ်။
မြေစာပင်ဖြစ်တော့ ငါတို့
နှင်းဆီခိုင်ကျမှ မင်းတို့ဖြစ်ရ
တုတ်ဝေခံရတော့ ငါတို့
မုန့်ဝေခံရတော့မှ မင်းတို့ဖြစ်ရ။
ကိုယ့်မြေကိုယ် သေးနဲ့ပန်းခဲ့တာ မင်းတို့ပဲ
ကိုယ့်လေကိုယ် ယုတ်ညံ့စေခဲ့တာ မင်းတို့ပဲ
ကိုယ့်ပါးကိုယ်ရိုက်ပြီး
ကိုယ့်နားကို ကိုယ်ကိုက်၊
မင်းသမီး ပြန်ပေးဆွဲတာလည်း မင်းတို့
မင်းသမီး ပြန်ပေးရွေးခဲ့တာလည်း မင်းတို့ပဲ
ပြီးတော့ ၀င်းဦးလေသံနဲ့
`သိပ် အံ့ သြ သွား သ လား ကွာ ` တဲ့။
ဦးကျောက်လုံးလည်း မင်းတို့၊
ကောလိပ်ဂျင်လည်း မင်းတို့၊
ပဲပြုတ်သည် မထားဆိုလည်း မင်းတို့
ပန်းရောင်းရင်း ကျောင်းတတ်ရတာလည်း မင်းတို့
ပြီးတော့
ဟူးဂိုးချာဗက်ဆိုတော့လည်း မင်းတို့
ကဒါဖီဆိုတော့လည်း မင်းတို့
ဒီတော့
မင်းတို့ပဲ အော်စကာ
မင်းတို့ပဲ ဂိုးဒန်းကလုပ်
မင်းတို့ပဲ အကယ်ဒမီပေါ့။
မင်းတို့ အမှောင်ချခဲ့တယ်
ငါတို့ အမှောင်ကျခဲ့တယ်
ငါတို့ အမှောင်ကိုခွင်းတော့
မင်းတို့က အလင်းဆောင်ဆံ့ ဆိုပဲ။
မင်းတို့နောက်ဆွဲတွေက ငါတို့ချောက်ထဲကျဖို့ ဖြစ်ခဲ့
မင်းတို့ နွားတွေက ငါတို့ကိုက်ဖို့ကျ ကျားတွေဖြစ်ခဲ့
မင်းတို့သွားတွေက မင်းတို့ကို ပြန်ကိုက်ဖို့ကျတော့ ကျိုးခဲ့ပြီ။
အသားထဲက လောက်တွေပဲ
ကြားထဲက ခလောက်တွေပဲ
ဧည့်ခန်းမှာ ရွှေစင်ရုပ်နဲ့ ဘီလူးစုတ်
ကမ္ဘာကြီးက သိတယ်။
မင်းတို့ ညာဘက်လက်တွေက တစ်ဆုပ်ကြဲတိုင်း
ဘယ်ဘက်အိတ်ထဲ တစ်လှည်းဝင်ခဲ့တာ ......
မင်းတို့ ညောင်ရေလောင်းတိုင်း .......
မင်းတို့ ရာစွန့်တိုင်း .......
မင်းတို့ ဒီချုံထွင်တိုင်း .....
ကမ္ဘာကြီးက သိတယ်။
အခု မင်းတို့ရှေ့မှာ မိုက်ခွက်
နောက်မှာ ယပ် နဲ့
ဒီမိုကရေစီဆိုတာ မင်းတို့ ကိုယ်တိုင်ချိုးခဲ့တဲ့ ဖဲထုပ်ထဲက
ဖဲချပ်လေးတွေလိုပဲ
ငါတို့မှာ ပဒေသာလေးရဖို့ စီနေရတုန်း
မင်းတို့ကတော့
ဘာလာလာ ဒေါင်း တဲ့။
ဂျာအေးကို သူ့အမေရိုက်တိုင်း
မင်းတို့က
ပလ္လင်ပေါ်က မျောက်ကလေး လုပ်ပြနေတယ်ပေါ့။
မင်းတို့က ကျောင်းဒကာ
မင်းတို့က ဟီးရိုး
မင်းတို့က ဇီးရိုးတော့လည်း အဖြစ်မခံနိုင်။
အဆုံးသတ်မလှတဲ့ ဇာတ်လမ်းတွေတွေ့လေ
မင်းတို့က အဆုံးသတ်လှစေချင်လေလေ။
မင်းတို့ရလိုက်တာ ဘာတွေလဲ
ငါတို့ကြုံခဲ့ရတာက ခြောက်အိပ်မက်တွေပဲ
ငါတို့တွေ့ရဦးမှာက ကြောက်နေရတဲ့ မနက်တွေပဲ
ငါတို့ဖြတ်သန်းရဦးမှာက ပျောက်နေတဲ့ အနာဂါတ်တွေပါပဲ။
ဘယ်မှာလဲ ငါတို့သယံဇာတ
ဘယ်မှာလဲ ငါတို့ယဉ်ကျေးမှု
ဘယ်မှာလဲ ငါတို့ အမျိုး ဘာသာ သာသနာ
ကြိတ်ပြီးသား ကြံဖတ်တွေလို အရည်ခမ်းပေါ့
ညှစ်ပြီးသား သံပုရာသီးတွေလို တွန့်လိမ်ရှုံ့တွခဲ့ပေါ့။
အခုတော့
အမှားတွေ ပက်ပက်စက်စက်ကျူးလွန်ထားတဲ့
လက်ကြီးကျွေးတာစား ထွားကျိုင်းလာတဲ့
ဒီဂုဏ်သရေရှိ ပါးစပ်ကြီးကပဲ ဘုံပဟေဠိတွေနဲ့
ဥုံမခံ ရွတ်နေပြန်ပါပေါ့
ဘာတဲ့ ...........
အမှန်တရား ဆိုပဲ ။ ။
လင်းခါး
20-4-2013
Thursday, April 18, 2013
ဗလာ
အင်္ဂလိပ်ကြီးက ပြောတယ်
ဒါ အို ပါကွာ တဲ့
ဗမာက ပြန်ပြောသတဲ့
အဲဒါ ဝလုံးကွ တဲ့။
နောက်တစ်ခါ
အင်္ဂလိပ်ကြီးက ပြောသတဲ့
ဟိတ်ကောင် ဒါ ဇီးရိုးကွတဲ့
ဘယ်ရမလဲ ဗမာကလည်း
ပြန်ပြောတာပေါ့
ဒါလုံးဝ သုညပဲတဲ့။
အဲဒါ.......
အဲဒါ.......
ဘာမှမဟုတ်
ခင်ဗျားတို့ ကျနော်တို့
အားလုံးရဲ့ ပုံတူပန်းချီကားလေး
တစ်ချပ်သက်သက်ပါပဲ။ ။
လင်းခါး
၁၈.၄.၂၀၁၃
ဒါ အို ပါကွာ တဲ့
ဗမာက ပြန်ပြောသတဲ့
အဲဒါ ဝလုံးကွ တဲ့။
နောက်တစ်ခါ
အင်္ဂလိပ်ကြီးက ပြောသတဲ့
ဟိတ်ကောင် ဒါ ဇီးရိုးကွတဲ့
ဘယ်ရမလဲ ဗမာကလည်း
ပြန်ပြောတာပေါ့
ဒါလုံးဝ သုညပဲတဲ့။
အဲဒါ.......
အဲဒါ.......
ဘာမှမဟုတ်
ခင်ဗျားတို့ ကျနော်တို့
အားလုံးရဲ့ ပုံတူပန်းချီကားလေး
တစ်ချပ်သက်သက်ပါပဲ။ ။
လင်းခါး
၁၈.၄.၂၀၁၃
Monday, April 1, 2013
ကျောက်ဆည် ဆိုတော့လည်း ဒီခေတ်ပဲ မဟုတ်ဘူးလား
ဘယ်ကလဲ
ကျောက်ဆည်က
ဟဲ ... ဟဲ ... ဟဲ ...
ပါးဖြတ်ရိုက်ချင်စရာ လှောင် ရယ် ရယ် ကြ တယ် ။
ယာမြေတွေ စက်မှုဇုန်ဖြစ်သွားတယ်
အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတယ်ပေါ့
ထမင်းငတ်မသာတွေ ပိုပေါလာတာ မသိဘူး။
လယ်ကွင်းတွေက တက္ကသိုလ်တွေဖြစ်သွားတယ်
ပညာတတ်တွေ ပိုများလာတယ်ပေါ့
လယ်ယာပိုင်ရှင်ဟောင်း သူတောင်းစားတွေ ပိုပေါလာတာမသိဘူး။
မြို့ဟာ အရင်တုန်းကထက် ပိုစည်ကားတယ်မဟုတ်လား
သူတောင်းစားရယ် သူ့ သူငယ်ချင်းရယ်
ကလေကလွင့်ရယ် သူ့ ဘော်ဒါရယ်
သူခိုးရယ် သူ့ သေဖော်ရယ်
အချောင်နှိုက်ရယ် သူ့ ကော်မရှင်စားရယ်
ငမွဲရယ် သူ့ မယားရယ်
ဒီမှိုချိုးမျှစ်ချိုး ပြောစရာတွေပဲ စည်ကားလာတာ မသိဘူး။
ဆင်ပွဲက သိပ်နာမည်ကြီးဆို
ကိုကြီးကျော်နဲ့ သူ၏ သားမြေးမြစ်များပွဲ ဆိုတာ မသိဘူး။
၂၄နာရီ လျှပ်စစ်မီးဆို
မာနေတဲ့ ငတေနဲ့ သူ့ဥာတကာနဉ္စပတ်ဝန်းကျင်ပဲ ဆိုတာမသိဘူး။
ဒီပြင်မြို့တွေထက်တော့ သာပါတယ်ကွာ
မြို့သေးသေးလေးထဲမှာ အရူး (၁၂)ယောက်
ဟိုဟာ ဖိ လိုရတဲ့ ဘိက (၅)နေရာ
ခေါ်ချင်ရာခေါ် အတော်ပဲဆိုတဲ့ ညည့်ငှက်ကလေးတွေက အနည်းဆုံး(၁၀)ယောက်
ဘိုးဘွားရိပ်သာထဲ မ၀င်နိုင်ဘဲ ရှေ့အုတ်ခုံပေါ်မှာ ငိုက်မြည်းမေတ္တာပို့နေတဲ့
တောင်းရမ်းသက်ကြီးရွယ်အိုက မရေနိုင်
ဒီပြင်မြို့တွေထက် သာတာပေါ့။
အခွင့်ထူးခံမြို့ဆို
လှုပ်လှုပ်လှုပ်လှုပ်ဆို ည(၁၀)နာရီ မထွက်ရ
ရုတ်ရုတ်ရုတ်ရုတ်ဆို မသင်္ကာ ပါးခေါ်ရိုက်
လယ်ကွင်းကနေ ၀ုန်းခနဲ တိုးတက် ဂေါက်ကွင်းဖြစ်သွားတဲ့မြို့မှာ
ကောက်စိုက်သမလေးက ဂေါက်ရိုက်ကယ်ရီ ညကြေးနဲ့
မှန်ပါ့
အခွင့်ထူးတင်မက တဏှာရူးတွေ ဖင်ကိုင်အသားယူ
လုပ်သမျှပါ ခံနေရတဲ့မြို့။
ဟိုကောင်ကြီးက ကျောက်ဆည်သား မဟုတ်လား
သခင်မကြီးဒေါ်မြရီ ကျောက်ဆည်သူကွ
ဘီအယ်လ်အက်စ်အို ကိုသံတုတ် ကျောက်ဆည်သားကွ
အေဘီအက်ဒီအက်စ် ကိုသံခဲ ကျောက်ဆည်သားကွ
အစွန်အဖျား မွေးစားသား တ မနေနဲ့။
ဒါနဲ့များမင်းတို့ ကျောက်ဆည် ....
ဟ .....
ကျောက်ဆည်ဆိုတော့လည်း
အာဏာရှင်ခေတ်ကို ဖြတ်ခဲ့ရတာပဲ မဟုတ်လားကွာ ။ ။
လင်းခါး
ကျောက်ဆည်က
ဟဲ ... ဟဲ ... ဟဲ ...
ပါးဖြတ်ရိုက်ချင်စရာ လှောင် ရယ် ရယ် ကြ တယ် ။
ယာမြေတွေ စက်မှုဇုန်ဖြစ်သွားတယ်
အလုပ်အကိုင်အခွင့်အလမ်းတွေ များလာတယ်ပေါ့
ထမင်းငတ်မသာတွေ ပိုပေါလာတာ မသိဘူး။
လယ်ကွင်းတွေက တက္ကသိုလ်တွေဖြစ်သွားတယ်
ပညာတတ်တွေ ပိုများလာတယ်ပေါ့
လယ်ယာပိုင်ရှင်ဟောင်း သူတောင်းစားတွေ ပိုပေါလာတာမသိဘူး။
မြို့ဟာ အရင်တုန်းကထက် ပိုစည်ကားတယ်မဟုတ်လား
သူတောင်းစားရယ် သူ့ သူငယ်ချင်းရယ်
ကလေကလွင့်ရယ် သူ့ ဘော်ဒါရယ်
သူခိုးရယ် သူ့ သေဖော်ရယ်
အချောင်နှိုက်ရယ် သူ့ ကော်မရှင်စားရယ်
ငမွဲရယ် သူ့ မယားရယ်
ဒီမှိုချိုးမျှစ်ချိုး ပြောစရာတွေပဲ စည်ကားလာတာ မသိဘူး။
ဆင်ပွဲက သိပ်နာမည်ကြီးဆို
ကိုကြီးကျော်နဲ့ သူ၏ သားမြေးမြစ်များပွဲ ဆိုတာ မသိဘူး။
၂၄နာရီ လျှပ်စစ်မီးဆို
မာနေတဲ့ ငတေနဲ့ သူ့ဥာတကာနဉ္စပတ်ဝန်းကျင်ပဲ ဆိုတာမသိဘူး။
ဒီပြင်မြို့တွေထက်တော့ သာပါတယ်ကွာ
မြို့သေးသေးလေးထဲမှာ အရူး (၁၂)ယောက်
ဟိုဟာ ဖိ လိုရတဲ့ ဘိက (၅)နေရာ
ခေါ်ချင်ရာခေါ် အတော်ပဲဆိုတဲ့ ညည့်ငှက်ကလေးတွေက အနည်းဆုံး(၁၀)ယောက်
ဘိုးဘွားရိပ်သာထဲ မ၀င်နိုင်ဘဲ ရှေ့အုတ်ခုံပေါ်မှာ ငိုက်မြည်းမေတ္တာပို့နေတဲ့
တောင်းရမ်းသက်ကြီးရွယ်အိုက မရေနိုင်
ဒီပြင်မြို့တွေထက် သာတာပေါ့။
အခွင့်ထူးခံမြို့ဆို
လှုပ်လှုပ်လှုပ်လှုပ်ဆို ည(၁၀)နာရီ မထွက်ရ
ရုတ်ရုတ်ရုတ်ရုတ်ဆို မသင်္ကာ ပါးခေါ်ရိုက်
လယ်ကွင်းကနေ ၀ုန်းခနဲ တိုးတက် ဂေါက်ကွင်းဖြစ်သွားတဲ့မြို့မှာ
ကောက်စိုက်သမလေးက ဂေါက်ရိုက်ကယ်ရီ ညကြေးနဲ့
မှန်ပါ့
အခွင့်ထူးတင်မက တဏှာရူးတွေ ဖင်ကိုင်အသားယူ
လုပ်သမျှပါ ခံနေရတဲ့မြို့။
ဟိုကောင်ကြီးက ကျောက်ဆည်သား မဟုတ်လား
သခင်မကြီးဒေါ်မြရီ ကျောက်ဆည်သူကွ
ဘီအယ်လ်အက်စ်အို ကိုသံတုတ် ကျောက်ဆည်သားကွ
အေဘီအက်ဒီအက်စ် ကိုသံခဲ ကျောက်ဆည်သားကွ
အစွန်အဖျား မွေးစားသား တ မနေနဲ့။
ဒါနဲ့များမင်းတို့ ကျောက်ဆည် ....
ဟ .....
ကျောက်ဆည်ဆိုတော့လည်း
အာဏာရှင်ခေတ်ကို ဖြတ်ခဲ့ရတာပဲ မဟုတ်လားကွာ ။ ။
လင်းခါး
Subscribe to:
Posts (Atom)