Monday, April 29, 2013

မိုးရွာသွန်းပြီးစ ညနေ

**မိုးရွာသွန်းပြီးစ ညနေ**

ငါ့ကို နွေးနွေးထွေးထွေး ဆက်ဆံပါကွာ

ငါက ကျန်းမာရေးလည်းမကောင်းဘူး

အရေးအကြောင်းဆို မူးမိုက်မိုက်ဖြစ်ဖြစ်နေတတ်လို့

နားနားနေနေနေရ

အထိုင်အထ မြန်လို့လဲမဖြစ်

မင်းသိသားနဲ့

ဆရာဝန်ကဆို ငါ့ကို ငေါက်ငမ်းနေလိုက်တာ ဘာညာ

ငါ မင်းကို ချွဲ အဖြစ်သည်းခဲ့ပုံ

အခုလို မိုးလေးတဖွဲဖွဲ စဲ ခဲ့ပုံ။ ။

လင်းခါး
၁-၄-၂၀၀၈

No comments:

Post a Comment