Monday, April 29, 2013

စောင့်တယ်

*စောင့်တယ်*

ကြိုသိထားတဲ့ အကြောင်းအရာ

ကြိုသိထားတဲ့ အပြုအမူ

ကြိုသိထားတဲ့ တုံ့ပြန်မှုတွေပဲ

ခုထိ ယေဘုယျသဘော

ခုထိ မပြီး မပြည့် မစုံ

ဒီနေ့အထိ ကမ္ဘာကြီးဟာ

ခင်ဗျားတို့ ကမ္ဘာကြီးပါ

ဒါကြောင့်

ငါ့ရဲ့ ကမ္ဘာကြီးကို စောင့်တယ်

အချစ်ကလေးမြ ကို စောင့်တယ်

စောင့်တယ်

စောင့်ပါတယ်လေ.........

ဖိနပ်အောက်က ပန်းအရွဲလေးလို

စောင့်ခဲ့တယ်။ ။

လင်းခါး
၂၉-၃-၂၀၀၉

No comments:

Post a Comment