ဇီဝဓါတ်နည်းနေတဲ့ သတ္တ၀ါတွေလို
ပင့်ကူအိမ်ထဲက ယင်ကောင်အခွံတွေလို
အရေဆုတ်ခံထားရတဲ့ မြွေတွေလို
သခင်အလာကို မျှော်နေတဲ့ ခွေးအိုကြီးလို
တို့အခု
ဘာသညာမှ မထားဘဲ
မျက်လုံးတစ်ခုတည်းနဲ့ အရာရာကို မြင်နေရသလို
တို့ပြောချင်တာတောင် တို့နားလည်ရခက်
တို့အားငယ်နေတာအောင် တို့အမျက်ထွက်
ကောင်းကင်မှာ ခံဘက်က တိမ်တွေ လွင့်နေပါတယ် .....
ကောင်းကင်မှာ ပိုင်ရှင်မဲ့တဲ့ ငှက်တွေ ပျံသန်းနေပါတယ် ...
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာကမ္ပည်းမှမရှိ
အဲဒီကောင်းကင်မှာ တို့အတွက်တော့ ဘာဝိသေသမှ မရှိ
တိမ်ခိုးနဲ့ မင်းရေးပဲ
Romantic Existentialism ပဲ
တို့ဟာ ကျားသနားမှ ချမ်းသာရမယ့် နွားတွေပါကွာ
တို့ဟာ မကွဲလည်း ဆွဲခံရတဲ့ နွားတွေပါကွာ
တို့ဟာ
of the people, by the people, for the people
ကိုယ်ထူကိုယ်ထ ပြည်သူတွေပါကွာ
ရန်သူတွေ မဟုတ်ပါဘူး။ ။
လင်းခါး
၂၉-၄-၂၀၁၃
No comments:
Post a Comment