Sunday, April 28, 2013

ယုံကြည်မှု

# ယုံကြည်မှု #

ခရေပင်လေးဟာ

ခရေပန်းလေးတွေ ပွင့်ရင်းပွင့်ရင်းနဲ့ပဲ

ခရေပင်ကြီး ဖြစ်လာ

ဖြစ်လာတော့လည်း

ခရေပင်ကြီးဟာ ခရေပန်းလေးတွေပွင့်မြဲပွင့်တယ်

ပွင့်လို့ရသမျှလည်း ခြွေမြဲ ခြွေတယ်

ခြွေခဲ့တယ်

ကမ္ဘာကြီးက ဘာလုပ်ပစ်မယ်

တစ်ခါမှ မတွေးခဲ့ဘူး။ ။

လင်းခါး
ရတီမဂ္ဂဇင်း၊ ဖေဖော်ဝါရီ ၂၀၁၁

No comments:

Post a Comment