စီးကရက်မီးကို လွှင့်ပစ်ရုံနဲ့
အပူတွေပါမသွားမှန်း သိပါတယ်
ပါးရိုက်ခံရတိုင်းလည်း နားပြန်မကိုက်ရဲမှန်း သိပါတယ်
တော်တော်များများသိပါတယ်လို့ ထင်မိတာလည်း သိပါတယ်
စိတ်ဓာတ်အဆောက်အအုံကြီးကို ဘယ်လိုဖြိုချမလဲ
ရုပ်ခန္ဓာ (ယုတ်ညံ့ခန္ဓာ) နဲ့ တွဲပြီး
အာရုံခံစားတဲ့အခါ
ဒိပြင် ရုပ်ခန္ဓာတွေကို
သွားသွားထိုးနှက်နေတာတွေကို
အပြုအမူကိုလည်း နားလည်၊ သဘောတရားကိုလည်း ကျေညက်
ဘယ်လိုပြုပြင်မလဲ။
နဖူးက ချွေးတွေဟာ ခြေမကိုမကျ
အရင်းရှင်အိတ်ထဲကို သွားသွားကျနေတာရယ်
(ဖြတ်ပြီး ကွန်မြူနစ်လို့ မပြောနဲ့)
ဆန္ဒပြပါတယ်ဆိုမှ ဘယ်ကဆန္ဒတွေယူလာပြသလဲ
ဘယ်လိုခင်းကျင်းထားသလဲ
အဲဒီလိုမေးခွန်းတွေကို
ပါးဖြတ်ရိုက်ပစ်ဖို့ အပြင်
ဒိပြင် ဒီပလိုမေစီနည်းလမ်းအရ
ဘယ်ကျမ်းတွေကို ပေးဖတ်လိုက်ရရင် အဆင်ပြေသွားမလဲ။
ကျွန်တော်တို့ရဲ့ ပြန်လည်တည်ဆောက်ရေးကာလမှာ
သူများတွေရဲ့ ပြန်လည်တည်ဆောက်ရေးကာလတွေကို
မျက်ကွယ်ပြုထားလို့မရ
အဖက်မလုပ်လို့မရ
သမိုင်းဆီက သင်ခန်းစာမယူ၊ တာဝန်မယူဘဲ
ကိုယ့်ဘ၀အတွက်ပဲ ကိုယ်ယူပြီး
ကျားရဲရာ ကြမ္မာယိုးနေတဲ့ ထီးပျက်ကြီးကိုပဲ
ဒီတစ်နွေမှာ အားကိုရဦးမလား။
ကိစ္စများမြောင် လူတို့ဘောင်တွေ
လိုအင်ဆန္ဒ လွန် မ ပြည့် ၀ တွေ။
ဆန်နဲ့စပါး လွန် နည်း ပါး တွေ။
အကုန်ပြိုကျသွားခဲ့လို့လား
ဒါမှမဟုတ်
အကုန်လုံးကို ဖြိုချလိုက်ဖို့ မလိုအပ်ဘူးလို့ ပြောစမ်းပါ
ကိုယ့်ကို ပြောလိုက်စမ်းပါ
ပြောလိုက်စမ်းပါ မြ ကလေးရဲ့ ..........။ ။
လင်းခါး
၉-၇-၂၀၁၂
Sunday, March 31, 2013
Saturday, March 30, 2013
ကဗျာဟာ ကျွန်တော့်အတွက် ဘာလဲ
ကဗျာဟာ ကျွန်တော့်အတွက်ဘာလဲ
ကဗျာဟာ ကျွန်တော့်အတွက်ဘာလို့ထင်လဲလို့ စဉ်းစားကြည့်တော့
ကဗျာဟာ ကျွန်တော်ပြောချင်တာကို ပြန်ပြောပြတဲ့
ကြားခံမီဒီယာ သက်သက်ပါ။
ခင်ဗျားကို ကျွန်တော်ပြောချင်တာပြောဖို့
ကျွန်တော့်ဘာသာစကားဟာ ခင်ဗျားနားလည်တဲ့ ဘာသာစကားဖြစ်ရမယ်။
အနက်ရှုပ်လာရင် ခင်ဗျားစိတ်ဝင်စားမှာ မဟုတ်တော့ဘူး။
ကျွန်တော်ပြောတဲ့ အကြောင်းနဲ့ပတ်သက်တဲ့ ရသတစ်မျိုးမျိုး
ခင်ဗျားမှာ စိမ့်ဝင်ပျံ့နှံရမယ်။
ကျွန်တော်အတွက် ကဗျာဟာ ဒါပါပဲ။
အာဏာရှင်ခေတ်ကတော့ အသားတုံးကို ဟမ်ဘာဂါထဲညှပ်ထားရသလို
ပြောရတာပေါ့ဗျာ။
အခုခေတ်မှာတော့ ပုဆိုးလှန်ပြသလိုလည်း မရိုင်းအောင်
ပုဆိုးခြံထဲက လက်သီးပုန်းလည်း မဖြစ်တော့အောင်
ခင်ဗျားဆီကျွန်တော် တည့်တည့်လာတယ်
ခင်ဗျားမျက်လုံးကို တည့်တည့်ကြည်တယ်
ကျွန်တော်ပြောမယ့် ငိုစရာဟာ ခင်ဗျားမျက်လုံးက မျက်ရည်ထွက်မှ
ဖြစ်မြောက်မယ့် ပြည့်စုံခြင်းပါ။
ကဗျာဟာ ကျွန်တော့်အတွက် နေ့စဉ်သုံးဘာသာစကားပါပဲ။ ။

အမွေအနှစ်
စတိဗ်ဂျော့ မရှိတော့ဘူး
ပန်းသီးတွေ ရှိသေးတယ်။
မက်စ်၊ အိန်ဂျယ်၊ လီနင်၊ မော်စီတုံးမရှိတော့ဘူး
ကွန်မြူနစ်တွေ ရှိသေးတယ်။
ထူးအိမ်သင် မရှိတော့ဘူး
ရာဇ၀င်များရဲ့ သတို့သမီး ရှိသေးတယ်။
လှသန်း မရှိတော့ဘူး
အာရှတိုက်ရဲ့ တစ်နေရာ ရှိသေးတယ်။
မောင်ချောနွယ် မရှိတော့ဘူး
မျှော်လင့်ခြင်းထမင်းသိုးများ ရှိသေးတယ်။
နယ်ဆင်မင်ဒဲလား၊ မာတင်လူသာကင်းဂျူနီယာ မရှိတော့ဘူး
လူမျိုးရေးခွဲခြားမှုတွေ ရှိသေးတယ်။
ကျောင်းသားသမဂ္ဂအဆောက်အဦမရှိတော့ဘူး
ကျောင်းသားသမိုင်း/ကျောင်းသားစိတ်ဓါတ်ရှိသေးတယ်။
ဆိုတော့
အာဏာရှင် မရှိတော့ပါဘူး
အာဏာရှင် စနစ်က ရှိနေသေးတယ်။ ။
လင်းခါး
၂၇-၃-၂၀၁၃

တီဗွီပြုပြင်ရေး အလှူခံကဗျာ
တီဗွီထဲမှာ
ဒီမှာကိုယ့်လူ အိမ်သာထဲက ကိုယ့်ကိစ္စကိုယ် ရှင်းခဲ့လေ တဲ့
တီဗွီထဲမှာ
အမလေး လက်မဲကြီး လက်မဲကြီး တဲ့
တီဗွီထဲမှာ
ယာဉ်စည်းကမ်းကို လိုက်နာဖို့ လိုပါသည် တဲ့
တီဗွီထဲမှာ
အရှင်ရုက္ခစိုးနတ်မင်းကြီး တပည့်တော်ရဲ့ သားလေးကို ဗွေမယူပါနဲ့ တဲ့
တီဗွီထဲမှာ
သူရဲ့ အရသာကလေ ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ တဲ့
အဲဒီတီဗွီထဲမှာ
လက်ပံတောင်းတောင်ပါသလား၊ ကချင်ဒုက္ခသည်တွေပါသလား
မာလာလာလို ကမ္ဘာမကျော်ပေမယ့်
အသက်ပေးလိုက်ရတဲ့ ကချင်ကျောင်းသူလေးတွေရောပါသလား
မင်းငတ်နေတာ ပါသလား
ငါဓါးပြထွက်တိုက်ရမလို ဖြစ်နေတာပါသလား
ဒီသောက်သုံးမကျတဲ့ တီဗွီ
ဒီတီဗွီလေ
မနေ့က မီးလုံးကျွမ်းသွားတာ
ငါ့မှာ မပျော်နိုင်ဘူး။ ။
လင်းခါး
၂၄-၃-၂၀၁၃

ငုယင်ဗန်ထရွိင်းရဲ့ နေ့များ
ထရွိင်းရေ ... ပြန်လာပါကွာ
ငါတို့ အတူတူနေလို့ရပါတယ်
မင်းအစ်မနဲ့ မင်းအစ်ကိုတို့ မင်းကိုဂရုစိုက်ပါ့မယ်ကွာ
မသွားပါနဲ့ ထရွိင်းရယ် ......
မင်းအဝေးကြီးသွားရင် မင်းသေသွားလိမ့်မယ်
ပြန်လာပါ ညီလေးရယ် .....
သေသူတွေဟာ အများကြီးပါ
သူတစ်ယောက်တော့ မသေပါ
အမြဲထာဝရရှင်နေမှာ ကဗျာဆရာတွေမှာ မနေနိုင်
ဖွဲ့ရတယ်
ဆိုရတယ်။
သင်္ဘောပေါ်မှာ ပုန်းလျှိုးရင်း အစ်ကိုရဲ့ခေါ်သံကြားတော့
မျက်ရည်စိမ့်ကျတဲ့ နှလုံးသားနဲ့ ကလေးသာသာ ထရွိင်းဟာ
တစ်ချိန်မှာ ငုယင်ဗန်ထရွိင်းဖြစ်ခဲ့ပေါ့။
အမြဲထိုးနှက်နေတဲ့ ကျူးကျော်စစ် ခေတ်ကာလ နဲ့
ကလီစာအထိ အညိုအမဲစွဲ အသည်းနာမှုပြင်းထန်ခံခဲ့ရတဲ့
ဗီယက်နမ်မျိုးချစ်သူရဲကောင်း ငုယင်ဗန်ထရွိင်းဖြစ်ခဲ့ပေါ့။
ထရွိင်း ..... အိမ်ပြန်လာပါကွာ ... ငါတို့ ဆီ ပြန်လာပါကွာ
ဘယ်လို စားရစားရ ဝေငှစားကြတာပေါ့ကွာ ပြန်လာပါညီလေးရာ .....
နားကကြားပြီး အသည်းထဲအထိ စွဲဝင်သွားတဲ့ ခေါ်သံများနဲ့
ထရွိင်းပိုပြီး ခိုင်မာလာခဲ့တယ်
ထရွိင်း ပိုပြီး သံမဏိသားကျလာတယ်
ဗီယက်နမ်ရဲ့ ငရဲခန်းနေ့များကို
သူ့ကိုယ်သေးသေးလေးနဲ့ တွန်းဖယ်ကျုံ့ဝင်သွားစေခဲ့တဲ့ ငုယင်ဗန်ထရွိင်းရဲ့
အသက်ကလေးတစ်သက်ဟာ ဘယ်လိုဖြစ်တည်တန်ဖိုးလဲ......
သမိုင်းဆိုတာ သူရဲကောင်းတွေရဲ့ တိုင်းပြည်ပါပဲ။ ။
လင်းခါး
၁၃-၃-၂၀၁၃

အမေ့ခံ ကိုင်နတ်ရီ
မာလာလာယူဆက်ဖ်ဇိုင်း
အမျိုးသမီးတွေရဲ့ အနာဂတ်ဆီလာတဲ့ ကျည်ဆံကို
သူရဲ့ ခေါင်းနဲ့ ကာခဲ့တယ်။
ရှာဇီယာရမ်ဇုန်နဲ့ ကိုင်နတ်ရီ
သူတို့က လက်မောင်းနဲ့ ကာခဲ့ရတာပေါ့
ပညာရေး နတ်သမီးသုံးပါး ............
အခု မာလာလာက အင်္ဂလန်မှာ
ရှာဇီယာရမ်ဇုန်က ဆွာ့တ်ထက်ငြိမ်းချမ်းတဲ့ ပန်ဂျပ်ပြည်နယ်မှာ
ဆွာ့တ်မှာ ကိုင်နတ်တစ်ယောက်တည်း
သိပ်ဆိုးဝါးတဲ့ ငရဲလို ဆွာ့တ်မှာ ကိုင်နတ်တစ်ယောက်တည်း
ကိုင်နတ်ကို ဘတ်စ်ကားတွေက ငြင်းတယ်
သယ်ယူပို့ဆောင်ရေးယန္တရားတွေက ငြင်းတယ်
အမျှော်အမြင်မဲ့နေတဲ့ ကမ္ဘာကြီးက ငြင်းတယ်
အိမ်ထဲမှာပဲ ကျွန်တော်တို့ လုံခြုံရေးပေးနိုင်မယ်တဲ့
ပါကစ္စတန်စစ်သားတွေကလည်း အပြင်လောကအတွက် ငြင်းတယ်။
ကမ္ဘာကြီးက နီလ်အမ်းစထရောင်းကိုသိတယ်
ကမ္ဘာကြီးက စတိဂျော့ကိုသိတယ်
ကမ္ဘာကြီးက ကိုလံဘတ်ကိုသိတယ်
ကမ္ဘာကြီးက ဒုတိယတွေကို မသိဘူး။
ကမ္ဘာကြီးရယ် သိပ်မေ့လွယ်တာပဲ ..........
ပညာရှာချင်တဲ့ အမျိုးသမီးတွေရဲ့ အနာဂတ်ဆီလာတဲ့ကျည်ဆံကို
ပုခုံးနဲ့ကာကွယ်ပေးခဲ့တဲ့
အမျိုးသမီးငယ် ကိုင်နတ်ရီကို
ခင်ဗျားတို့ မေ့သွားပြီ ..........။ ။
လင်းခါး
၂၃-၃-၂၀၁၃

Monday, March 18, 2013
အကွဲအပြဲ
အကွဲအပြဲ
ငါ့ကျောကို မင်း(ပွတ်သပ်ပေး/ဓါးနဲ့ထိုး)ခဲ့တော့
မင်းကျောကို ငါ (ပွတ်သပ်ပေး/ဓါးနဲ့ထိုး)မှာပေါ့။
ငါ့ပါးကို မင်း (နမ်းရှိုက်/လွှဲရိုက်)ခဲ့တော့
မင်းကိုလည်း ငါကပြန်ပြီး (နမ်းရှိုက်/နားကိုက်)မှာပေါ့။
သံသယက လန့်ပြီး ထကိုက်တဲ့ ခွေးလို
သခင်နဲ့ သူစိမ်း မခန့်မှန်းနိုင်၊
အငြိုးအတေးဟာ မျက်နှာချင်းဆိုင်ရပ်နေတဲ့
လူနှစ်ဦးကြား
တစ်ယောက် ကျောက၀င်လာတဲ့ လှံစွပ်
တစ်ယောက် ကျောကထွက်လာတဲ့ လှံစွပ်
ဆင်ခြင်တုံတရားဟာလည်း လျှိုသပ်ကို ကျော်မကြည့်နိုင်
ဟန်ချက်ညီခဲ့ ယိမ်းပွဲဟာ
တစ်ဦးကြမ်းကျွံရာကစ ကျွမ်းထိုးမှောက်ခုံကပွဲဖြစ်ခဲ့၊
သမိုင်းမှာ
ထိုစာမျက်နှာများ အရုပ်ဆိုးအကျည်းတန်ခဲ့၊
သမိုင်းမှာ
ထိုစာမျက်နှာများ အော်ဂလီရွံ့မုန်းအသည်းတုန်စေခဲ့၊
သော်လည်းပဲ
သမိုင်းမှာ
ထိုစာမျက်နှာများ တစ်ကျော့ပြန်ရောက်လာဆဲ။ ။
လင်းခါး
၁၇-၃-၂၀၁၃

ရွှေအိုးထမ်းလာသလား သားတွေ
ရွှေအိုးထမ်းလာသလား သားတွေ
ကမ္ဘာကြီးကလည်း ကိုယ့်ကိုဆို အလိုလိုက်
ကမ္ဘာကြီးကလည်း ကိုယ့်ကိုဆို ဘေးရန်ဆီးကာ
ကမ္ဘာကြီးကလည်း ကိုယ့်ကိုဆို နတ်ပန်းအာသာဝတီ
ကမ္ဘာကြီးကလည်း ကိုယ့်ကိုဆို ဆတ်ဆတ်ထိမခံပေါ့။
ကိုယ်ကလည်း ကမ္ဘာကြီးကိုဆို သုံးကောင်ကျွေးပြီး ကင်းဝင်စေခဲ့
ကိုယ်ကလည်း ကမ္ဘာကြီးကိုဆို ချိုင့်ဝှမ်းကြီးတွေ ဖြစ်သွားအောင် အနှိုက်ခံခဲ့
ကိုယ်ကလည်း ကမ္ဘာကြီးကိုဆို လည်ဆံမွှေးပြောင်အောင် ကုပ်ခွစီးခံခဲ့၊
ကိုယ်ကလည်း ကမ္ဘာကြီးကိုဆို ရင်ကိုခွဲ သွေးပဒေသာပင် တည်စေခဲ့တာပေါ့။ ။

Sunday, March 17, 2013
တိုင်းပြည်ကပူပူ
ဖြစ်ပြီးပျက်ရခြင်း
------------------------------ -------------
နွားကျောင်းသားလေးဟာ မိုးကုပ်စက်ဝိုင်းကြီးကို မြင်နေရတယ်၊ မိုးကုပ်စက်ဝိုင်းကြီးဟာ မိုးကုပ်စက်ဝိုင်းကြီးပါပဲ။ တချို့နေရာက ဖြူ၊ တချို့နေရာက ပြာ၊ တချို့နေရာက ၀ါ။ လှတယ်လို့ ထင်စရာပဲ။
ဒါပေမယ့် သူက ကဗျာတွေစာတွေ မတွေးတတ်တော့
မိုးကုပ်စက်ဝိုင်းကို မိုးကုပ်စက်ဝိုင်းကြီးအဖြစ် အရင်းအတိုင်းပဲ မြင်နေရတယ်၊
ဒါနဲ့ တစ်ခုခုကို လွမ်းသလိုလို ဆွေးသလိုလိုပါ မောင်ရယ်ဆိုတဲ့ အလိုက်ဖြစ်မလားပဲ
ပါလာတဲ့ ပလွေလေးနဲ့ ကောက် မှုတ်ပါတော့တယ်။
နွားတွေကလည်း အသံကြားကြားချင်းတော့ တစ်ချက်ငဲ့ကြည့်ပြီး
အပေါ်ပိုင်းညိုနေပြီး၊ အောက်ပိုင်းစိမ်းနေတဲ့ မြက်ပင်လေးတွေကို
ပြန်ဖြတ်ဝါးနေတယ်။
နွားကျောင်းသားလေးရဲ့ အနောက်ဘက်မှာ လှပ်လှပ်လှပ်လှပ်နဲ့
လျော့ရဲရဲ စီးဆင်းနေတဲ့ စမ်းချောင်းကလေးရှိတယ်၊
ခြေမျက်စိမြုပ်ရုံပဲ ရှိတဲ့ ရေပမာဏပဲ ရှိပါတယ်။
ဒါပေမယ့် သစ်ရွက်ခြောက်တွေကို ဟိုးအောက်ဘက်အတော်ဝေးဝေးအထိ
သူသယ်သွားနေတယ်။
လေထုဟာ အလွန်ပွယောင်းယောင်းနိုင်ပြီး အခန့်မသင်ရင်
လေဖိအားနည်းရပ်ဝန်း ဖြစ်လာနိုင်သလောက်အထိ အပူချိန်ကမြင့်မားနေတယ်။
ဆိုတော့ စမ်းချောင်းရဲ့တစ်ဖက်မှာ ရှိနေတဲ့ ကုန်းခေါင်ခေါင်ပေါ်မှာ
ဖုန့်မှုန်တွေဟာ ခရုပတ်သဏ္ဍာန်ရွေ့တဲ့အခါ ရွေ့နေပြီး
တချို့တလေကျတော့လည်း စမ်းချောင်းထဲ ၀င်ရွေ့လျားသွားနေတယ်။
စမ်းချောင်းရေတိမ်တော့ သတ္တ၀ါများများ ကျက်စားနိုင်မယ့် အခြေအနေလည်းမရှိပြန်ဘူး။
အတော်လေးကြာတော့ နွားကျောင်းသားလေးဟာ ပျင်းလာပုံရတယ်
ပလွေအမှုတ်ရပ်ပြီး သူထိုင်နေတဲ့ ကုန်းကမူအသေးလေးပေါ်က ဆင်းပြီး
သူ့နွားတွေကို ပြန်စစ်ကြည့်နေတယ်။
တစ်ကောင် နှစ်ကောင် သုံးလေးငါးခြောက်ခွန်ရှစ်ကိုးတစ်ဆယ် နှစ်ဆယ့်နှစ် စသည်ဖြင့်
ဘယ်အရာကမှ ဆူဆူညံညံမရှိဘူး။
အဲဒီအချိန်မှာ ဗြုန်းဆို ပြီး
ဘာမှဖြစ်လာနိုင်စရာမရှိပါဘူး။ အဲဒီလိုပဲ ထင်ရပါတယ်
ဒါပေမယ့် ဗြုန်းဆို နွားကျောင်းသား ရုတ်တရက် ချော်လဲတယ်။
နွားကျောင်းသားလေးဟာ စိတ်တိုတိုနဲ့ ကုန်းကမူလေးကိုရော
စောစောက ပတ်ဝန်းကျင်မှာ ရှိသမျှ အရာဝတ္တုတွေကိုရော
ပတ်ဝန်းကျင်မှာ မရှီတဲ့ အခြားအရာတွေကိုပါ ဆဲဆိုပါတော့တယ်။
ဒေါသထွက်သွားတာကိုး။ ဒါပါပဲ။
လင်းခါး
march-2013
------------------------------

တစ်ကောင် နှစ်ကောင် သုံးလေးငါးခြောက်ခွန်ရှစ်ကိုးတစ
ဘယ်အရာကမှ ဆူဆူညံညံမရှိဘူး။
အဲဒီအချိန်မှာ ဗြုန်းဆို ပြီး
ဘာမှဖြစ်လာနိုင်စရာမရှိပါဘူး။ အဲဒီလိုပဲ ထင်ရပါတယ်
ဒါပေမယ့် ဗြုန်းဆို နွားကျောင်းသား ရုတ်တရက် ချော်လဲတယ်။
နွားကျောင်းသားလေးဟာ စိတ်တိုတိုနဲ့ ကုန်းကမူလေးကိုရော
စောစောက ပတ်ဝန်းကျင်မှာ ရှိသမျှ အရာဝတ္တုတွေကိုရော
ပတ်ဝန်းကျင်မှာ မရှီတဲ့ အခြားအရာတွေကိုပါ ဆဲဆိုပါတော့တယ်။
ဒေါသထွက်သွားတာကိုး။ ဒါပါပဲ။
လင်းခါး
march-2013
Saturday, March 16, 2013
မည်သည့်သဘောမှ မဆောင်သော စာစု
သမိုင်းမှာ အမြဲ ကျွန်တော်တို့သတိရနေတာဟာ နံပါတ်(၁)တွေကိုပဲ။
သမိုင်းမှာ ဖွေးဖွေးလှုပ်နေတဲ့ လူတွေ၊ သွေးသံရဲရဲလူတွေကို သတိမရတော့ဘူးလား။
တော်လှန်ရေးဆိုတာကို စိတ်ကူးယဉ်ဝါဒီတွေက တွေးခေါ်ကြံဆခဲ့ကြပြီး
ဆတ်ဆတ်ထိမခံ လူတန်းစားတွေက ဖော်ဆောင်ကာ
အခွင့်အရေးသမားတွေက အသုံးချသွားတတ် သတဲ့။
သမိုင်းမှာ ဆတ်ဆတ်ထိမခံ ပြည်သူတွေကို သတိမရသင့်ဘူးလား။
လူထုပါမှ တော်လှန်ရေးမည်သတတ်။
တော်လှန်ရေး ခေါင်းဆောင်တိုင်းဟာ သိကြ၊ ပါးနပ်ကြပေမယ့်
တော်လှန်ရေးတွေ အောင်မြင်သွားတဲ့အခါ သူတို့ကပဲ
အဓိပ္ပါယ်မဲ့တဲ့ နာမည်လှလှ အယူဝါဒတွေသုံးပြီး လူထုကို ဖိနှိပ်ကြပြန်လေရော။
အပေါ်က ရေးခဲ့တဲ့ စာသားတွေနဲ့ ဘာမှမဆိုင်ပေမယ့်
အခု ကျွန်တော်တို့နိုင်ငံရဲ့ ဂယက်အထဆုံး အစီရင်ခံစာအပေါ်မှာ
လူထုဟာ အယူအဆကွဲပြားလာကြတယ်။ လူသားဆိုတာ တုံ့ပြန်မှုယန္တရားပဲ ဆိုတဲ့ စကားရှိပါတယ်။ ကျွန်တော်တို့ တုံ့ပြန်မှု သိပ်မမြန်သင့်ဘူးလို့ထင်တယ်။
သဘောတူတဲ့ သူကလည်း သဘောမတူတဲ့ တစ်ဖက်ကို နားလည်ပေးစရာ အချက်အလက်တွေ အများကြီးရှိသလို၊ အစီရင်ခံစာ သဘောမတူနိုင်သူတွေမှာလည်း လုံလောက်တဲ့ အကြောင်းပြချက်တွေ ရှိနေမှာပဲဆိုတာ ကျွန်တော်တို့ နားလည်ပေးသင့်တယ်။
တစ်ခုရှိတာက ဘာအကြောင်းကြောင့်နဲ့မှ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းပစ်မေ့ပစ်လိုက်လို့မရသလိုပ
အခု ဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ၊ လူထုရဲ့ ကွဲလွဲမှုကို လက်ခံနိုင်စွမ်း ဘယ်လောက်ရှိသလဲ စမ်းသပ်လိုက်သလိုပဲ။ ကျွန်တော်တို့ ဒီထက်ပို စည်းလုံး၊ ဒီထက်ပို သည်းခံနိုင်စွမ်းရှိဖို့ လိုပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က နှစ်ဖက်ကွဲပြီး တစ်ဖက်နဲ့ တစ်ဖက်ငြိုးနေမယ်ဆိုရင် ကြားက (တစ်ချိန်က ကျွန်တော်တို့ကို ဖိနှိပ်ခဲ့တဲ့ လူတွေ၊ ပါတီတွေက) ဘယ်လောက် ပျော်နေမလဲ။ မင်းတို့ အခု ဘယ့်နှယ့်ရှိစ ဆိုပြီး အမြတ်ထုတ်ချင်နေမလဲ။ သတိထားဖို့ ကောင်းပါတယ်။
လင်းခါး
၁၅-၃-၂၀၁၃
ရှေးကထက် ပိုချစ်ကြတယ်
ရှေးကထက်ပိုချစ်ကြမယ်
တစ်ယောက်ကို တစ်ယောက်
ညစ်ညစ်ပတ်ပတ် ဆဲနေမယ့် အစား
တစ်ယောက်ကို တစ်ယောက်
မွှေးမွှေးပေးကြပါလား။
ငါတို့က ချစ်သူတွေပါ
ငါတို့သွားရမယ့် ခရီးဆုံးကလည်း အတူတူ
ရှင်နိုင်ငံရေးတွေ ပါမလာနဲ့နော် ဆိုတဲ့ ပြက်လုံးတွေထုတ်မယ်
ရုရှားတော်လှန်ရေးကြီးမှာ ကိုယ်တို့ဖြတ်သန်းခဲ့တုန်းကပေါ့ကွာ ဆိုတဲ့
အသောလေးတွေပြောပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ တို့နှစ်ယောက် ဆိုတဲ့
ဟာသလေးတွေနဲ့
အကျီစားသန်ပေမယ့်လည်း ရန်မများရအောင်
တစ်ယောက်ကိုတစ်ယောက်
ကျောက်ပြင်နဲ့ထု၊ သနပ်ခါးတုံးတွေနဲ့ ပစ်ပေါက်တာမျိုးတွေ ပါမလာဘဲ
လူက လက်သီးကြီးနဲ့ထိုးလို့
ကျွန်တော်က သေနတ်ကလေးနဲ့ ပြန်ပစ်မိတာပါ ဆိုတာမျိုးတွေ ပါမလာဘဲ
တစ်ယောက်ကို တစ်ယောက် ဖေးဖေးမမ
သီချင်းအေးအေးဆိုပြီး နေပူပူကိုဖြတ်ကြမယ်
တကယ်ချစ်စရာကောင်းလာတော့လည်း
ငရဲမီးဆိုတာ ကလေးကစားစရာ ဖြစ်ရတာပဲ မဟုတ်လားကွယ် ။ ။

Thursday, March 14, 2013
လွယ်လွယ်လေးတော့ မဟုတ်ဘူး၊ ဒါပေမယ့် သိပ်မခက်ပါဘူး
လွယ်လွယ်လေးတော့ မဟုတ်ဘူး ဒါပေမယ့် သိပ်မခက်ပါဘူး
လာပြီ မျက်လုံးရှေ့မှာ
လာပြီ သညာစိတ်မှာ
လာပြီ ပြုပြင်စီရင်ခြင်းသဘောမှာ
ငါတို့ဟာ သိပ်တုန်လှုပ်လွန်းတယ်
ငါတို့ဟာ ထိလွယ်ရှလွယ်လွန်းတယ်
ငါတို့ဟာ ဘယ်တော့မှမဆို တစ်နေရာတည်း
တစ်ထိုင်တည်း ဆုံးဖြတ်တော့
ငါတို့ဟာ အမှားတွေထဲပျော်တဲ့
အမှားပျော်လေးတွေလား။
သိပ်ပူတဲ့နေ့တွေဟာ ဆိုက်ဘေးရီးယားဇာတ်လမ်းကြည့်ရသလိုပဲ
သိပ်သောကများနေရတဲ့နေ့တွေမှာ
ရယ်ရွှင်ဖွယ်လူသားများကို တွေ့နေရသလိုပဲ။
အမျိုးသားရေးအမြင်နဲ့ ချေဂွေဗားရားကို ကြည့်လို့မရ
ကွန်မြူနစ် နဲ့ ဂန္ဒီ တခြားစီ။
ဖိနပ်ပြတ်တဲ့နေ့မှာ ဦးထုပ်ကောက်ရသလို
အခုလာပြီ ၀ိဝါဒကွဲစရာတွေ
အခုလာပြီ အပြင်းအထန်ကန့်ကွက်လိုက်မယ်ဆိုတာတွေ။
မျှတတဲ့ အဘိဓမ္မာဆိုတာ ဘာမှမဟုတ်
တုံ့ပြန်မှုကို ထိန်းချုပ်တာပဲ
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို အဓိပ္ပါယ်ဖော်မရသလို တွေဝေလိုက်တာပဲ။
လွယ်လွယ်လေးတော့ မဟုတ်ဘူး၊ ဒါပေမယ့်
သိပ်မခက်ပါဘူး။ ။
လင်းခါး
၁၄-၃-၂၀၁၃
လာပြီ မျက်လုံးရှေ့မှာ
လာပြီ သညာစိတ်မှာ
လာပြီ ပြုပြင်စီရင်ခြင်းသဘောမှာ
ငါတို့ဟာ သိပ်တုန်လှုပ်လွန်းတယ်
ငါတို့ဟာ ထိလွယ်ရှလွယ်လွန်းတယ်
ငါတို့ဟာ ဘယ်တော့မှမဆို တစ်နေရာတည်း
တစ်ထိုင်တည်း ဆုံးဖြတ်တော့
ငါတို့ဟာ အမှားတွေထဲပျော်တဲ့
အမှားပျော်လေးတွေလား။
သိပ်ပူတဲ့နေ့တွေဟာ ဆိုက်ဘေးရီးယားဇာတ်လမ်းကြည့်ရသလ
သိပ်သောကများနေရတဲ့နေ့တွေမှာ
ရယ်ရွှင်ဖွယ်လူသားများကို တွေ့နေရသလိုပဲ။
အမျိုးသားရေးအမြင်နဲ့ ချေဂွေဗားရားကို ကြည့်လို့မရ
ကွန်မြူနစ် နဲ့ ဂန္ဒီ တခြားစီ။
ဖိနပ်ပြတ်တဲ့နေ့မှာ ဦးထုပ်ကောက်ရသလို
အခုလာပြီ ၀ိဝါဒကွဲစရာတွေ
အခုလာပြီ အပြင်းအထန်ကန့်ကွက်လိုက်မယ်ဆိုတ
မျှတတဲ့ အဘိဓမ္မာဆိုတာ ဘာမှမဟုတ်
တုံ့ပြန်မှုကို ထိန်းချုပ်တာပဲ
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို အဓိပ္ပါယ်ဖော်မရသလို တွေဝေလိုက်တာပဲ။
လွယ်လွယ်လေးတော့ မဟုတ်ဘူး၊ ဒါပေမယ့်
သိပ်မခက်ပါဘူး။ ။
လင်းခါး
၁၄-၃-၂၀၁၃
Monday, March 4, 2013
နှစ်ငါးဆယ် ရှင်းတမ်း
မရေရာတာတွေ ပြီးသွားပါပြီ။
ညဘက်ဆို လိင်အလုပ်သမတွေ
မင်းနှမလား ငါ့နှမလား ဖြစ်နိုင်နေတာပဲ။
ဖိအား နှစ်ငါးဆယ်ဟာ
နားတွေအူပြီး မျက်လုံးတွေပြူးထွက်လာတဲ့
ဗမာကူလီ ဗမာနွား ဗမာသူတောင်းစားများနဲ့
ဗမာကလေးသူငယ် စားပွဲထိုးများရဲ့ ပင်မဌာနချုပ်။
လယ်သမားတွေလည်း အပါယ်လားကုန်တော့မယ်
မလှူနိုင် မတန်းနိုင်၊
လယ်ကွင်းတွေဟာ ရေမြုပ်တဲ့အခါ အနှံမကျန်
လယ်ကွင်းတွေဟာ ခြောက်သယောင်းတဲ့အခါ ငရဲကိုပါ မြင်နေရ။
ကူလီဖြစ်သွားတဲ့ လယ်ပိုင်ရှင်ဟာ
ကုပ်ပေါ်က နှစ်ငါးဆယ်ကို ဘယ်တော့မှ မြင်မှာမဟုတ်ဘူး။
ဟုတ်ပါပြီ။
သိပ် အဆိုးမြင်တာပဲ၊
ကြည့်ပါ နေ၀န်းဟာ အရှေ့က ထွက်တုန်းပဲ
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေလို မဟုတ်တော့ဘဲ။
နှစ်ငါးဆယ်ရဲ့ ဒီဘက်နေ့တွေဟာ
နှစ်ငါးဆယ်ရဲ့ ဟိုဘက်နေ့တွေနဲ့ ဘာမှမဆိုင်တော့ဘူး။
ချေးစားပြောရင်တောင် ကြိုက်လို့ပဲ ထင်တယ်။ ။
လင်းခါး (၄-၃-၂၀၁၃)

Friday, March 1, 2013
မှောင်နေတဲ့ကောင်းကင်ကြီးအောက်မှာ
မှောင်နေတဲ့ ဒီကောင်းကင်ကြီးအောက်မှာ
ဆိုတော့ ဘာထပ်လုပ်ဖို့ တွေးမိလဲ
အရေပြားကေ် သုံးလက်မလောက်နက်တဲ့နေရာမှာ
ဆံချည်မျှင်များရဲ့ အောက်မှာ
မတော်ရာတွေမှာပဲဖြစ်ဖြစ်
လူမြင်မခံဝံ့သည့်နေရာများမှာ
ဖောက်ပြန်နေတဲ့စိတ်ရိုင်းဟာ
ကောင်းကင်ကြီးမည်းနေဖို့ပဲ ဆုတောင်းနေမလား
ဖြစ်ပြီးတဲ့နေ့တွေအပေါ်
အမြတ်ထုတ် ကြေကွဲမနေချင်
အတွေးထဲထိ လိုက်လံသုတ်သင်မနေချင်
အချစ်ပဲ ဖြစ်ဖြစ်၊ စစ်ပဲဖြစ်ဖြစ်
ဘယ်လူကြားမကောင်းတာပဲဖြစ်ဖြစ်
မှောင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ
တရားခဲ့ရတယ်။ ။
လင်းခါး
၁-၃-၂၀၁၃

Subscribe to:
Posts (Atom)