လွယ်လွယ်လေးတော့ မဟုတ်ဘူး ဒါပေမယ့် သိပ်မခက်ပါဘူး
လာပြီ မျက်လုံးရှေ့မှာ
လာပြီ သညာစိတ်မှာ
လာပြီ ပြုပြင်စီရင်ခြင်းသဘောမှာ
ငါတို့ဟာ သိပ်တုန်လှုပ်လွန်းတယ်
ငါတို့ဟာ ထိလွယ်ရှလွယ်လွန်းတယ်
ငါတို့ဟာ ဘယ်တော့မှမဆို တစ်နေရာတည်း
တစ်ထိုင်တည်း ဆုံးဖြတ်တော့
ငါတို့ဟာ အမှားတွေထဲပျော်တဲ့
အမှားပျော်လေးတွေလား။
သိပ်ပူတဲ့နေ့တွေဟာ ဆိုက်ဘေးရီးယားဇာတ်လမ်းကြည့်ရသလိုပဲ
သိပ်သောကများနေရတဲ့နေ့တွေမှာ
ရယ်ရွှင်ဖွယ်လူသားများကို တွေ့နေရသလိုပဲ။
အမျိုးသားရေးအမြင်နဲ့ ချေဂွေဗားရားကို ကြည့်လို့မရ
ကွန်မြူနစ် နဲ့ ဂန္ဒီ တခြားစီ။
ဖိနပ်ပြတ်တဲ့နေ့မှာ ဦးထုပ်ကောက်ရသလို
အခုလာပြီ ၀ိဝါဒကွဲစရာတွေ
အခုလာပြီ အပြင်းအထန်ကန့်ကွက်လိုက်မယ်ဆိုတာတွေ။
မျှတတဲ့ အဘိဓမ္မာဆိုတာ ဘာမှမဟုတ်
တုံ့ပြန်မှုကို ထိန်းချုပ်တာပဲ
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို အဓိပ္ပါယ်ဖော်မရသလို တွေဝေလိုက်တာပဲ။
လွယ်လွယ်လေးတော့ မဟုတ်ဘူး၊ ဒါပေမယ့်
သိပ်မခက်ပါဘူး။ ။
လင်းခါး
၁၄-၃-၂၀၁၃
လာပြီ မျက်လုံးရှေ့မှာ
လာပြီ သညာစိတ်မှာ
လာပြီ ပြုပြင်စီရင်ခြင်းသဘောမှာ
ငါတို့ဟာ သိပ်တုန်လှုပ်လွန်းတယ်
ငါတို့ဟာ ထိလွယ်ရှလွယ်လွန်းတယ်
ငါတို့ဟာ ဘယ်တော့မှမဆို တစ်နေရာတည်း
တစ်ထိုင်တည်း ဆုံးဖြတ်တော့
ငါတို့ဟာ အမှားတွေထဲပျော်တဲ့
အမှားပျော်လေးတွေလား။
သိပ်ပူတဲ့နေ့တွေဟာ ဆိုက်ဘေးရီးယားဇာတ်လမ်းကြည့်ရသလ
သိပ်သောကများနေရတဲ့နေ့တွေမှာ
ရယ်ရွှင်ဖွယ်လူသားများကို တွေ့နေရသလိုပဲ။
အမျိုးသားရေးအမြင်နဲ့ ချေဂွေဗားရားကို ကြည့်လို့မရ
ကွန်မြူနစ် နဲ့ ဂန္ဒီ တခြားစီ။
ဖိနပ်ပြတ်တဲ့နေ့မှာ ဦးထုပ်ကောက်ရသလို
အခုလာပြီ ၀ိဝါဒကွဲစရာတွေ
အခုလာပြီ အပြင်းအထန်ကန့်ကွက်လိုက်မယ်ဆိုတ
မျှတတဲ့ အဘိဓမ္မာဆိုတာ ဘာမှမဟုတ်
တုံ့ပြန်မှုကို ထိန်းချုပ်တာပဲ
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာကို အဓိပ္ပါယ်ဖော်မရသလို တွေဝေလိုက်တာပဲ။
လွယ်လွယ်လေးတော့ မဟုတ်ဘူး၊ ဒါပေမယ့်
သိပ်မခက်ပါဘူး။ ။
လင်းခါး
၁၄-၃-၂၀၁၃
No comments:
Post a Comment