Friday, March 1, 2013

မှောင်နေတဲ့ကောင်းကင်ကြီးအောက်မှာ

မှောင်နေတဲ့ ဒီကောင်းကင်ကြီးအောက်မှာ

ဆိုတော့ ဘာထပ်လုပ်ဖို့ တွေးမိလဲ
အရေပြားကေ် သုံးလက်မလောက်နက်တဲ့နေရာမှာ
ဆံချည်မျှင်များရဲ့ အောက်မှာ
မတော်ရာတွေမှာပဲဖြစ်ဖြစ်
လူမြင်မခံဝံ့သည့်နေရာများမှာ
ဖောက်ပြန်နေတဲ့စိတ်ရိုင်းဟာ
ကောင်းကင်ကြီးမည်းနေဖို့ပဲ ဆုတောင်းနေမလား
ဖြစ်ပြီးတဲ့နေ့တွေအပေါ်
အမြတ်ထုတ် ကြေကွဲမနေချင်
အတွေးထဲထိ လိုက်လံသုတ်သင်မနေချင်
အချစ်ပဲ ဖြစ်ဖြစ်၊ စစ်ပဲဖြစ်ဖြစ်
ဘယ်လူကြားမကောင်းတာပဲဖြစ်ဖြစ်
မှောင်နေတဲ့ ကောင်းကင်ကြီးအောက်မှာ
တရားခဲ့ရတယ်။      ။

လင်းခါး
၁-၃-၂၀၁၃

No comments:

Post a Comment