အကွဲအပြဲ
ငါ့ကျောကို မင်း(ပွတ်သပ်ပေး/ဓါးနဲ့ထိုး)ခဲ့တော့
မင်းကျောကို ငါ (ပွတ်သပ်ပေး/ဓါးနဲ့ထိုး)မှာပေါ့။
ငါ့ပါးကို မင်း (နမ်းရှိုက်/လွှဲရိုက်)ခဲ့တော့
မင်းကိုလည်း ငါကပြန်ပြီး (နမ်းရှိုက်/နားကိုက်)မှာပေါ့။
သံသယက လန့်ပြီး ထကိုက်တဲ့ ခွေးလို
သခင်နဲ့ သူစိမ်း မခန့်မှန်းနိုင်၊
အငြိုးအတေးဟာ မျက်နှာချင်းဆိုင်ရပ်နေတဲ့
လူနှစ်ဦးကြား
တစ်ယောက် ကျောက၀င်လာတဲ့ လှံစွပ်
တစ်ယောက် ကျောကထွက်လာတဲ့ လှံစွပ်
ဆင်ခြင်တုံတရားဟာလည်း လျှိုသပ်ကို ကျော်မကြည့်နိုင်
ဟန်ချက်ညီခဲ့ ယိမ်းပွဲဟာ
တစ်ဦးကြမ်းကျွံရာကစ ကျွမ်းထိုးမှောက်ခုံကပွဲဖြစ်ခဲ့၊
သမိုင်းမှာ
ထိုစာမျက်နှာများ အရုပ်ဆိုးအကျည်းတန်ခဲ့၊
သမိုင်းမှာ
ထိုစာမျက်နှာများ အော်ဂလီရွံ့မုန်းအသည်းတုန်စေခဲ့၊
သော်လည်းပဲ
သမိုင်းမှာ
ထိုစာမျက်နှာများ တစ်ကျော့ပြန်ရောက်လာဆဲ။ ။
လင်းခါး
၁၇-၃-၂၀၁၃
No comments:
Post a Comment