Saturday, March 30, 2013

အမေ့ခံ ကိုင်နတ်ရီ

မာလာလာယူဆက်ဖ်ဇိုင်း
အမျိုးသမီးတွေရဲ့ အနာဂတ်ဆီလာတဲ့ ကျည်ဆံကို
သူရဲ့ ခေါင်းနဲ့ ကာခဲ့တယ်။
ရှာဇီယာရမ်ဇုန်နဲ့ ကိုင်နတ်ရီ
သူတို့က လက်မောင်းနဲ့ ကာခဲ့ရတာပေါ့
ပညာရေး နတ်သမီးသုံးပါး ............
အခု မာလာလာက အင်္ဂလန်မှာ
ရှာဇီယာရမ်ဇုန်က ဆွာ့တ်ထက်ငြိမ်းချမ်းတဲ့ ပန်ဂျပ်ပြည်နယ်မှာ
ဆွာ့တ်မှာ ကိုင်နတ်တစ်ယောက်တည်း
သိပ်ဆိုးဝါးတဲ့ ငရဲလို ဆွာ့တ်မှာ ကိုင်နတ်တစ်ယောက်တည်း
ကိုင်နတ်ကို ဘတ်စ်ကားတွေက ငြင်းတယ်
သယ်ယူပို့ဆောင်ရေးယန္တရားတွေက ငြင်းတယ်
အမျှော်အမြင်မဲ့နေတဲ့ ကမ္ဘာကြီးက ငြင်းတယ်
အိမ်ထဲမှာပဲ ကျွန်တော်တို့ လုံခြုံရေးပေးနိုင်မယ်တဲ့
ပါကစ္စတန်စစ်သားတွေကလည်း အပြင်လောကအတွက် ငြင်းတယ်။

ကမ္ဘာကြီးက နီလ်အမ်းစထရောင်းကိုသိတယ်
 ကမ္ဘာကြီးက စတိဂျော့ကိုသိတယ်
ကမ္ဘာကြီးက  ကိုလံဘတ်ကိုသိတယ်
ကမ္ဘာကြီးက  ဒုတိယတွေကို မသိဘူး။
ကမ္ဘာကြီးရယ် သိပ်မေ့လွယ်တာပဲ ..........
ပညာရှာချင်တဲ့ အမျိုးသမီးတွေရဲ့ အနာဂတ်ဆီလာတဲ့ကျည်ဆံကို
ပုခုံးနဲ့ကာကွယ်ပေးခဲ့တဲ့
အမျိုးသမီးငယ် ကိုင်နတ်ရီကို
ခင်ဗျားတို့ မေ့သွားပြီ ..........။      ။

လင်းခါး
၂၃-၃-၂၀၁၃  

No comments:

Post a Comment