ရေဒီယို သတ္တိကြွခြင်း (၇)
**** ရေဒီယို သတ္တိကြွခြင်း (၇) ****
တချို့တွေရဲ့ အိပ်မက်ထဲမှာ
အာလူးသီးဝင်းဝင်းနဲ့
ရေနွေးအိုးဆူဆူကို တကယ်ဖြစ်ပါစေလို့ တွေးနေချိန်
တချို့တွေရဲ့ အိပ်မက်ထဲမှာတော့
မဆူသေးတဲ့ ရေနွေးအိုးကိုပစ်ကန်ထည့်လိုက်ပြီး
မင်းရဲ့အာလူးသီးတွေ
ငါ့အသားလိပ်တွေနဲ့ ဝေးဝေးထားလို့ ကြိမ်းနေတာပေါ့
ငါတို့ အဖြစ်က ရယ်လည်းရယ်ရ ငိုလည်းငိုရ
မငို မရယ် ဆိုတာလည်း တွေ့ရ
ရယ်ပြီး ငိုမယ်ဆိုလည်း
လူ့ယုတ္တိရှိနေတာပါပဲ။ ။
လင်းခါး
No comments:
Post a Comment