Tuesday, May 21, 2013

ဧရာဝတီကိုတော့ လက်ထိပ်မခတ်စေချင်


ဓူဝံကြယ်ဆီကနေ

မြစ်ဖျားခံခဲ့တဲ့ ဧရာဝတီ

စီးဆင်းပါစေ။

သဘာဝတရားက ရေးတဲ့ကဗျာတွေ

သဘာဝတရားက ထုဆစ်ထားတဲ့ ကမ္ဘာမြေကြီးထဲ

မြစ်တွေဟာ မြစ်ဖြစ်ကြောင်း စီးဆင်းပြနိုင်ဖို့

အခွင့်အရေးရှိတယ်။

နောက်လာမယ့် မျိုးဆက်ဆီက ချေးယူထားရတဲ့

တော၊ တောင်၊ ရေ၊ မြေ၊ ပင်လယ်၊ လေထု

သယံဇာတနဲ့ မြစ်တွေ

ဒီကမ္ဘာမြေကြီး

ငါတို့ ဘာလို့ အလှပျက်စေမလဲ

ငါတို့ ဘာလို့ တားဆီးပိတ်ပင်နေမလဲ

ငါတို့ ဘာလို့ လက်ကုန်နှိုက်နေတော့မလဲ။

မြစ်တစ်စင်းရဲ့ အန္တိမပန်းတိုင်ဟာ

သောင်ထွန်းဖို့၊ ကမ်းပြိုဖို့၊ ပင်လယ်ထဲ စီးဝင်သွားဖို့ပဲလား

သူ့ရင်ခွင်ထဲက လူသားတွေ

ကမ္ဘာကြီးအတွက် လိုအပ်တဲ့ မျိုးစိတ်တွေ

ဂေဟစနစ်တွေအတွက်

ဧရာဝတီ စီးဆင်းနေရတယ်

ဧရာဝတီ စီးဆင်းနေဖို့လိုတယ်

ဧရာဝတီ စီးပါစေ၊ စီး ဆင်း နေ ပါ စေ ကွာ

ကမ္ဘာကြီးကြီး ရှိနေသရွေ့

ဧရာဝတီကြီးစီးနေဖို့ လိုတာပေါ့။     ။

လင်းခါး
၂၃-၉-၂၀၁၃
(မြစ်ဆုံ ပြန်လုပ်မယ်ကြားနေလို့ပါ)

No comments:

Post a Comment