ပထ၀ီ ၀ါယော တေဇော စသော ဓာတ်ကြီးသုံးပါးဖြင့်
-ပထ၀ီ ၀ါယော တေဇော စသော ဓာတ်ကြီးသုံးပါးဖြင့်-
မင်း ပြောသမျှဆိုရင်
မြစ်ထဲရေရှိတယ် ပြောတာတောင် ငါ မယုံတော့ဘူး
ပေါက်တတ်ကရတွေပေါ့လေ။
ဟာသတွေပေါ့လေ။
ခုတော့
ဂျော်ဒန်မြစ်ရေတွေ
ဘယ်ကမ္ဘာစီးသွားလဲ
ဧရာဝတီမြစ်ရေတွေ
ဘယ်ကမ္ဘာစီးသွားလဲ
ကိုတံငါကြီးရဲ့ ရေချိုငါးတွေ
ကိုကျောမွဲကြီးရဲ့ နာဝါလှေတွေ
ကိုရေစည်လှည်းကြီးရဲ့ အနာဂတ်တွေ
ကိုကမ်းပါးကြီးရဲ့ မျက်ရည်တွေ
ဟာကွာ...
ဒေါသကထွက်ထွက်နဲ့
ကုပ်ကကိုင်ပြီး လွှင့်ပစ်လို့မရတော့
ရောင်းစားတာပေါ့။
လင်းခါး
အတွဲ (၅)၊ အမှတ် (၃၀)၊ ဇူလိုင်လ၊ ၂၀၁၂။
No comments:
Post a Comment