စမ်းချောင်းကလေး ခရေပန်းလေး မိလ္လာကျင်း
*** စမ်းချောင်းကလေး ခရေပန်းလေး မိလ္လာကျင်း ***
လက်သီးဆိုတာ ထိုးကြိတ်ဖို့ ယှဉ်ပြိုင်ဖို့
ဘယ်လို လက်သီးတွေ ယှဉ်ပြိုင်ဖို့
စိုးရွံ့ခဲ့ရပါသလဲ။
လူ့ဘဝဆိုတာ ဖြတ်သန်းဖို့
ဘယ်ဘဝတွေ ဖြတ်သန်းဖို့
အားအင်ကုန်ခမ်းခဲ့ရပါသလဲ။
ယုံကြည်ချက်ဆိုတာ စွဲမြဲခိုင်မာဖို့
ဘယ်လို ယုံကြည်ချက်တွေ
ဖိအားပေးခံခဲ့ရပါသလဲ။
လက်သီးရယ် လူ့ဘဝရယ် ယုံကြည်ချက်ရယ်
လက်သီးကို လက်သီးချင်း
ဘဝကို ဘဝချင်း
ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း
တိုက်မယ်ဆိုလို့
တရားမျှတမယ် မှတ်တယ်။
မင့် လက်သီးက လက်သီးပုန်း
မင့်ဘဝက နောက်ဆွဲလက်ကိုင်တုတ်ဘဝ
မင့် ယုံကြည်ချက်က သွတ်သွင်းခံထားရတာ။
တစ်ဘဝမှာ တစ်ခါ
အကြီးအကျယ် မှားတတ်ကြတာချည့်ပဲ
တစ်ခါနဲ့ လုံလောက်ဖို့တော့ လိုတာပေါ့။ ။
လင်းခါး
၁၇-၅-၂၀၁၃
No comments:
Post a Comment