တဖြည်းဖြည်း ဦးတည်ရာမဲ့သွားသည်။ သူ့မှာ စိမ့်ဝင်စီးမျောခြင်း
အတွင်းသို့ အဓိပ္ပါယ်ပါဝင်သက်ရောက်သွားတော့၏။ မျှော်ကြည့်မိလေတိုင်း
အပျက်အစီးပုံအတွင်းမှ သူ့ကို သူ ပြန်မြင်နေရသည်။ တကယ့်ကို အဲဒီနေရာကို
သူရောက်တော့မည်။ ဘယ်သူ့ ဘယ်သူမှ စိမ့်ဝင်စီးမျောခြင်းတွင် ဇာတ်သိမ်း
မကောင်းကြ။ ထိုအဖြစ်အား စိမ့်ဝင်စီးမျောသူတိုင်းပင် သိကြပါ၏။
မေ့ဖျောက်ထားလိုက်ကြ၏။ မေ့ဖျောက်နိုင်ကြပေ၏။ (ခဏအားဖြင့် ပေါ့လေ) သူကတော့
မရ တစ်စက္ကန့်တိုင်းပင် ထိသိ နာကျင်နေရတော့၏။ ထို့ကြောင့်
ကျွန်ုပ်တို့အနေဖြင့် စိမ့်ဝင်စီးမျောခြင်း၏ အနှစ်သာရကို ဖျက်ဆီးပစ်ရန်
လိုအပ်လာလေ၏။ ဓါတ်ခွဲစမ်းသပ်ကြည့်ရန်လိုလာ၏။ သို့သော် ထိုထို
လူသားတစ်ဦးချင်းစီ၏ ((သို့မဟုတ်)) လူထုတစ်ရပ်လုံး၏
စိမ့်ဝင်စီးမျောခြင်းသည် ရင်းမြစ်ပျောက်ဆုံးလျက်ပင် ရှိသေး၏။ ဒုက္ခသစ္စာကို
ရှာဖွေရင်း ပျောက်ဆုံးနေကြရ၏။ ကျွန်တော်တို့၏ ဘ၀များ သနားစရာ
ကောင်းလှပါသည်။
စိမ့်ဝင် စီးမျောခြင်း ကတော့ဖြင့် ဆက်လက်ဝါးမျိုနေပါတော့မည်။ ။
လင်းခါး
(၂-၄-၂၀၀၇)
No comments:
Post a Comment