***အတိတ်ကြီးထဲ ဖြစ်ခဲ့တာလေးတွေ***
ငှက်ကလေးတွေ ပျံနေတာမြင်တော့
ငါတို့ ပျော်ခဲ့တာတွေကလည်း
ဒီလိုပါပဲ ငှက်ကလေးတွေ ပျံသလိုပေါ့
နှင်းမြူတွေထဲ မှုန်ဝါးနေတာ မြင်ရတော့လည်း
ငါတို့ ပျော်ခဲ့တာတွေလိုပေါ့
မှုန် ပြာ ရီ မှိုင်း ဝေ
ဝေး ခဲ့ ပါ ပြီ လေ ။
မှုန် ပြာ ရီ မှိုင်း ဝေ ထဲ
ငှက် က လေး တွေ လို
တို့
ပျံ ခဲ့ ပါ တယ် လေ ။ ။
လင်းခါး
Tuesday, January 7, 2014
လွန်ခဲ့သော တနင်္လာတစ်ရက်မှ တစ်ရက်ထဲမပြီးပြတ်နိုင်သောကိစ္စ
လွန်ခဲ့သော တနင်္လာတစ်ရက်မှ
တစ်ရက်ထဲမပြီးပြတ်နိုင်သောကိစ္စ
---------------------------
သွေးထွက်အောင် မှန်တာလည်း ရှိခဲ့ပြီ
တချို့ ဦးနှောက်ပါထွက်တယ်
ဒုက္ခသည်စခန်းလည်း ရှိခဲ့ပြီ
ဒုက္ခသည်စခန်းနဲ့ အလိုက်ဖက်ဆုံး
ဒုက္ခသည်ဆိုတာတွေလည်း
အမှန်တကယ်ပင် တည်ရှိခဲ့လေပြီ။
တောတွင်းနေရာအနှံ့တွက်
အုပ်စုလိုက်ရွေ့လျား ဒုက္ခ ပရိဒေဝ သောက
စာမတတ်သော လူငယ် လူလတ် လူကြီးများမှ
ဘေးအန္တရာယ်မှ လွတ်ကင်းရန်
စာမတတ် အာဟာရချို့တဲ့ ကလေးငယ်များအား
ထိန်းကြောင်းကာကွယ်။
ကလေးငယ်များ၏ ပါးပြင်သည် မည်းညစ်
ထိုပါးသည်
ဆူး ငြိခဲ့ဖူး ကိုင်း ရိုက်မိဖူး
ပါးပြင်နှင့် မအပ်စပ်သည်များနှင့်
အကြိမ်ကြိမ် အပ်စပ်ခဲ့ဖူးသည်။
ဒါတွေလည်း ရှိခဲ့ပါပြီ။
ရွာငယ်များ ရွေ့လျားရခြင်းသည်
သဘာဝဘေးဒဏ်နှင့် မဆိုင်
နှစ်ဖက်စစ်တပ် ပစ်ခတ်မှုကြား
ခွေးနှစ်ကောင်ကြားမှ အမဲရိုးနှယ်
ပေရေစုတ်ပြတ် ရုပ်ပျက်လှသည်။
ဒီလိုလည်း အစီရင်ခံစာ၍ ပါခဲ့ပြီ။
ဘိန်းစိုက်ခင်းကြားက လူငယ်
ဘိန်းစားအပြင် တိုင်းရင်းသားခေါင်းဆောင် မဖြစ်နိုင်
ဘိန်းပင်အောက်က
ဘိန်းဆီ ဘိန်းသွေး ဘိန်းညစ်ထပ်ထပ်နို့ပျဉ်းအား ညစ်ချသော်
ဘိန်းသွေးပါသော ဘိန်းစားလေးသာ ကျေးဇူးခံရ၏။
၎င်းအကြောင်း အခက်ဖြာသော
ဘိန်းဟာ ဘယ်နေရာကောင်းလို့လဲ။
ဤသဟာလည်း မျက်မြင်သဘော စောကြောရှိခဲ့လေပြီ။
ဒါကို မင်းတို့က
လက်မှတ်ကလေးထိုးဖို့ ခက်နေတယ်။ ။
လင်းခါး
၂၀-၁၁-၂၀၁၃
တစ်ရက်ထဲမပြီးပြတ်နိုင်သောကိစ္စ
---------------------------
သွေးထွက်အောင် မှန်တာလည်း ရှိခဲ့ပြီ
တချို့ ဦးနှောက်ပါထွက်တယ်
ဒုက္ခသည်စခန်းလည်း ရှိခဲ့ပြီ
ဒုက္ခသည်စခန်းနဲ့ အလိုက်ဖက်ဆုံး
ဒုက္ခသည်ဆိုတာတွေလည်း
အမှန်တကယ်ပင် တည်ရှိခဲ့လေပြီ။
တောတွင်းနေရာအနှံ့တွက်
အုပ်စုလိုက်ရွေ့လျား ဒုက္ခ ပရိဒေဝ သောက
စာမတတ်သော လူငယ် လူလတ် လူကြီးများမှ
ဘေးအန္တရာယ်မှ လွတ်ကင်းရန်
စာမတတ် အာဟာရချို့တဲ့ ကလေးငယ်များအား
ထိန်းကြောင်းကာကွယ်။
ကလေးငယ်များ၏ ပါးပြင်သည် မည်းညစ်
ထိုပါးသည်
ဆူး ငြိခဲ့ဖူး ကိုင်း ရိုက်မိဖူး
ပါးပြင်နှင့် မအပ်စပ်သည်များနှင့်
အကြိမ်ကြိမ် အပ်စပ်ခဲ့ဖူးသည်။
ဒါတွေလည်း ရှိခဲ့ပါပြီ။
ရွာငယ်များ ရွေ့လျားရခြင်းသည်
သဘာဝဘေးဒဏ်နှင့် မဆိုင်
နှစ်ဖက်စစ်တပ် ပစ်ခတ်မှုကြား
ခွေးနှစ်ကောင်ကြားမှ အမဲရိုးနှယ်
ပေရေစုတ်ပြတ် ရုပ်ပျက်လှသည်။
ဒီလိုလည်း အစီရင်ခံစာ၍ ပါခဲ့ပြီ။
ဘိန်းစိုက်ခင်းကြားက လူငယ်
ဘိန်းစားအပြင် တိုင်းရင်းသားခေါင်းဆောင် မဖြစ်နိုင်
ဘိန်းပင်အောက်က
ဘိန်းဆီ ဘိန်းသွေး ဘိန်းညစ်ထပ်ထပ်နို့ပျဉ်းအား ညစ်ချသော်
ဘိန်းသွေးပါသော ဘိန်းစားလေးသာ ကျေးဇူးခံရ၏။
၎င်းအကြောင်း အခက်ဖြာသော
ဘိန်းဟာ ဘယ်နေရာကောင်းလို့လဲ။
ဤသဟာလည်း မျက်မြင်သဘော စောကြောရှိခဲ့လေပြီ။
ဒါကို မင်းတို့က
လက်မှတ်ကလေးထိုးဖို့ ခက်နေတယ်။ ။
လင်းခါး
၂၀-၁၁-၂၀၁၃
***မိုးဖွဲဖွဲရွာခြင်း***
***မိုးဖွဲဖွဲရွာခြင်း***
သူ့ကို လှမ်းမြင်လိုက်တော့
သူက ထွက်သွားပြီ
ဒါနဲ့ သူနဲ့ ပျော်မိတာတွေ
ရခဲလှတဲ့ လူ့ဘဝထဲက အချိန်တချို့ကို
သူနဲ့ ဖြတ်သန်းခဲ့မိတာတွေဟာ
လေဆာပရင်တာထဲက စာရွက်တွေ
ထွက်လာသလိုပါပဲ
မြင်ယောင်မိသွားပါလေရော။
တစ်ရက်ကဆို
မြို့ထဲက အပြန်
သူရဲ့ ပေါက်ကွဲမှုဟာ ကိုယ့်အပေါ်သတ္တုကျခဲ့တာတွေ
တစ်ဖက်သတ်ဖြတ်ရိုက် အနိုင်ကျင့်ခံခဲ့ရတာတွေ
ကိုယ့်သိပ်ကြိုက်တဲ့ ကာကီရောင်ဘောင်းဘီလေး
သူ့ကြောင့် စုတ်ပြဲခဲ့ရတာတွေ
အတူတူ ဝမ်းနည်းကြတာချင်း
ကိုယ်က နှစ်သိမ့်ခဲ့ရတာတွေ
စတာတွေပေါ့လေ
သူ ဟာ တဇွတ်ထိုးပဲ
သူ ဟာ အပေအတေပဲ
ဒီလို အတွေးဝင်မိတယ် ထင်ပါတယ်
ဒါနဲ့
သြော် ဒါတွေတောင် အတော်ကြာခဲ့ပါပြီကော
သြော် ဒါတွေတောင် ကျော်လွန်ခဲ့ပါပြီကော လို့
နားထင်သွေးကြောအထိ
အတိဒုက္ခအလွမ်းဟာ သွေးလျှောက်နေမိ
ဇီဝဓာတ်နည်းသည်အထိ တွေဝေမိ
ဘာလို့ အဖြစ်အပျက်တွေဟာ
ထားခဲ့တာသိပ်မြန်နေရသလဲ
သစ္စာတရားအပါး ရှေ့ရှုမိမလိုနဲ့
မောဟအလေလိုက်မိ။
သူ့ကို လှမ်းမြင်လိုက်ပါတယ်
ဒါပေမယ့်
သူဟုတ်ရဲ့လား နောက်တစ်ကြိမ်ကြည့်တဲ့အခါ
သူ မရှိတော့ပါဘူး
နောက်တစ်ကြိမ် ကိုယ်ကြည့်တဲ့အခါ
အဲဒီနေရာမှာ သူဘာလို့ ရပ်မနေဘဲ
ဆက်ထွက်သွားရတာလဲကွယ်။ ။
လင်းခါး
သူ့ကို လှမ်းမြင်လိုက်တော့
သူက ထွက်သွားပြီ
ဒါနဲ့ သူနဲ့ ပျော်မိတာတွေ
ရခဲလှတဲ့ လူ့ဘဝထဲက အချိန်တချို့ကို
သူနဲ့ ဖြတ်သန်းခဲ့မိတာတွေဟာ
လေဆာပရင်တာထဲက စာရွက်တွေ
ထွက်လာသလိုပါပဲ
မြင်ယောင်မိသွားပါလေရော။
တစ်ရက်ကဆို
မြို့ထဲက အပြန်
သူရဲ့ ပေါက်ကွဲမှုဟာ ကိုယ့်အပေါ်သတ္တုကျခဲ့တာတွေ
တစ်ဖက်သတ်ဖြတ်ရိုက် အနိုင်ကျင့်ခံခဲ့ရတာတွေ
ကိုယ့်သိပ်ကြိုက်တဲ့ ကာကီရောင်ဘောင်းဘီလေး
သူ့ကြောင့် စုတ်ပြဲခဲ့ရတာတွေ
အတူတူ ဝမ်းနည်းကြတာချင်း
ကိုယ်က နှစ်သိမ့်ခဲ့ရတာတွေ
စတာတွေပေါ့လေ
သူ ဟာ တဇွတ်ထိုးပဲ
သူ ဟာ အပေအတေပဲ
ဒီလို အတွေးဝင်မိတယ် ထင်ပါတယ်
ဒါနဲ့
သြော် ဒါတွေတောင် အတော်ကြာခဲ့ပါပြီကော
သြော် ဒါတွေတောင် ကျော်လွန်ခဲ့ပါပြီကော လို့
နားထင်သွေးကြောအထိ
အတိဒုက္ခအလွမ်းဟာ သွေးလျှောက်နေမိ
ဇီဝဓာတ်နည်းသည်အထိ တွေဝေမိ
ဘာလို့ အဖြစ်အပျက်တွေဟာ
ထားခဲ့တာသိပ်မြန်နေရသလဲ
သစ္စာတရားအပါး ရှေ့ရှုမိမလိုနဲ့
မောဟအလေလိုက်မိ။
သူ့ကို လှမ်းမြင်လိုက်ပါတယ်
ဒါပေမယ့်
သူဟုတ်ရဲ့လား နောက်တစ်ကြိမ်ကြည့်တဲ့အခါ
သူ မရှိတော့ပါဘူး
နောက်တစ်ကြိမ် ကိုယ်ကြည့်တဲ့အခါ
အဲဒီနေရာမှာ သူဘာလို့ ရပ်မနေဘဲ
ဆက်ထွက်သွားရတာလဲကွယ်။ ။
လင်းခါး
ပြီးတာတွေလည်း ပြီးပါစေတော့
ပြီးတာတွေလည်း ပြီးပါစေတော့
! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !
သွေးနဲ့ ရင်းခဲ့
ချွေးနဲ့ တည်ခဲ့
တရားသဘောနဲ့ မဖြေဆည်နိုင်တော့
ဒီပင်လယ်ကို
ဒီလက်နဲ့ ဒီလိုကူးခတ်ခဲ့တာပဲ
ဟိုမှာဘက်
လောကနိဗ္ဗာန်လည်းမဟုတ်
ဆေးသားအကြည် ပီတိမြေလည်းမဟုတ်
မီးလောင်ပြင်ပေါ်က
မုဆိုးမထဘီစုတ်လို ညစ်နွမ်းတဲ့
အလိုဆန္ဒ
အညှာလို ကြွေရစေသား
ပြာလို ခြွေရစေသား။ ။
လင်းခါး
22-11-2013
! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !
သွေးနဲ့ ရင်းခဲ့
ချွေးနဲ့ တည်ခဲ့
တရားသဘောနဲ့ မဖြေဆည်နိုင်တော့
ဒီပင်လယ်ကို
ဒီလက်နဲ့ ဒီလိုကူးခတ်ခဲ့တာပဲ
ဟိုမှာဘက်
လောကနိဗ္ဗာန်လည်းမဟုတ်
ဆေးသားအကြည် ပီတိမြေလည်းမဟုတ်
မီးလောင်ပြင်ပေါ်က
မုဆိုးမထဘီစုတ်လို ညစ်နွမ်းတဲ့
အလိုဆန္ဒ
အညှာလို ကြွေရစေသား
ပြာလို ခြွေရစေသား။ ။
လင်းခါး
22-11-2013
အားလုံးပျော်ဖို့ပါ
အားလုံးပျော်ဖို့ပါ
--------------------
အားလုံးပျော်ဖို့ စတားလုံးကိုခေါ်ထားပါတယ်
ဆင်လိမ္မာလေး စတားလုံး
မျောက်လွှဲကျော် စတားလုံး
ခွေးအမွှေးပွလေး စတားလုံး
စက်ဘီးစီးပြမယ်
ကျွမ်းထိုးပြမယ်
တိုင်ကီလှိမ့် လမ်းလျှောက်ပြမယ်။
စတားလုံးဟာ အများသုံးပါ
အားလုံးပျော်ဖို့ ပြဒါးလုံးမလို
စတားလုံးနဲ့တင် ပြီးပါတယ်။
ခွေးကလေးစတားလုံးဟာ
စတားလုံးလို ကြွက်သားတွေညှစ်ပြ
မျောက်ကလေးစတားလုံးဟာ
စတားလုံးလို ထိုးဟန်ကြိတ်ဟန်
ဆင်ကလေးစတားလုံးကတော့
စတားလုံးစတိုင်ထုတ်ပြပါတယ်။
အားလုံး အားလုံး ပျော်ကြပါတယ်
စတားလုံးရယ် အားလုံးပျော်ကြတယ်
ဒါပေမယ့်
စတားလုံးရော ပျော်ရဲ့လား။ ။
လင်းခါး
၂၃ ၁၁ ၂၀၁၃
--------------------
အားလုံးပျော်ဖို့ စတားလုံးကိုခေါ်ထားပါတယ်
ဆင်လိမ္မာလေး စတားလုံး
မျောက်လွှဲကျော် စတားလုံး
ခွေးအမွှေးပွလေး စတားလုံး
စက်ဘီးစီးပြမယ်
ကျွမ်းထိုးပြမယ်
တိုင်ကီလှိမ့် လမ်းလျှောက်ပြမယ်။
စတားလုံးဟာ အများသုံးပါ
အားလုံးပျော်ဖို့ ပြဒါးလုံးမလို
စတားလုံးနဲ့တင် ပြီးပါတယ်။
ခွေးကလေးစတားလုံးဟာ
စတားလုံးလို ကြွက်သားတွေညှစ်ပြ
မျောက်ကလေးစတားလုံးဟာ
စတားလုံးလို ထိုးဟန်ကြိတ်ဟန်
ဆင်ကလေးစတားလုံးကတော့
စတားလုံးစတိုင်ထုတ်ပြပါတယ်။
အားလုံး အားလုံး ပျော်ကြပါတယ်
စတားလုံးရယ် အားလုံးပျော်ကြတယ်
ဒါပေမယ့်
စတားလုံးရော ပျော်ရဲ့လား။ ။
လင်းခါး
၂၃ ၁၁ ၂၀၁၃
ကျဘမ်း သံသရာ
ကျဘမ်း သံသရာ
-------------------
ဒန်ဝယ်တယ် ကြီး(ကြေး)ဝယ်တယ်။
ထီးပြင်တယ် ဖိနပ်ချုပ်တယ်
ဂက်စ်မီးခြစ်တယ်
ဂက်စ်ထည့်တယ်
ဓါးသွေးတယ်။
ဗလာစာအုပ်တွေဝယ်တယ်
ဂျာနယ်တွေ ဝယ်တယ်။
ဓါတ်ဘူးအဟောင်းတွေ
အသစ်နဲ့လဲတယ်။
ကွန်ပျူတာစာစီတယ်
မိတ္တူကူးတယ်။
ကဗျာရေးတယ်။
နိုင်ငံရေးနည်းနည်းစိတ်ဝင်စားတယ်။
ဒီလောက်ပါပဲ။
လင်းခါး
-------------------
ဒန်ဝယ်တယ် ကြီး(ကြေး)ဝယ်တယ်။
ထီးပြင်တယ် ဖိနပ်ချုပ်တယ်
ဂက်စ်မီးခြစ်တယ်
ဂက်စ်ထည့်တယ်
ဓါးသွေးတယ်။
ဗလာစာအုပ်တွေဝယ်တယ်
ဂျာနယ်တွေ ဝယ်တယ်။
ဓါတ်ဘူးအဟောင်းတွေ
အသစ်နဲ့လဲတယ်။
ကွန်ပျူတာစာစီတယ်
မိတ္တူကူးတယ်။
ကဗျာရေးတယ်။
နိုင်ငံရေးနည်းနည်းစိတ်ဝင်စားတယ
ဒီလောက်ပါပဲ။
လင်းခါး
ရှေ့ထွက်မင်းသား
ရှေ့ထွက်မင်းသား
---------------------
ကွန်မြူနစ်ဇာတ်ပျက်နဲ့ ဒညင်းသီးဝက်သားချက်
နှစ်ခုပြိုင်တူတွေ့ရင် ကိုယ်ကျိုးနည်းနိုင်တယ်။
အခုတော့
အာဏာရှင်က ဒီမိုကရေစီသင်္ကန်းစီးလို့
ဒုလ္လဘဝတ်ဦးမယ်လို့ ပြောနေတယ်။
ခက်တာပဲ
ဘီလူးရယ် အစွယ်ဖြဲမပြလည်း နင့်မျက်နှာ
ကြောက်စရာကောင်းပါတယ်။ ။
လင်းခါး
---------------------
ကွန်မြူနစ်ဇာတ်ပျက်နဲ့ ဒညင်းသီးဝက်သားချက်
နှစ်ခုပြိုင်တူတွေ့ရင် ကိုယ်ကျိုးနည်းနိုင်တယ်။
အခုတော့
အာဏာရှင်က ဒီမိုကရေစီသင်္ကန်းစီးလို့
ဒုလ္လဘဝတ်ဦးမယ်လို့ ပြောနေတယ်။
ခက်တာပဲ
ဘီလူးရယ် အစွယ်ဖြဲမပြလည်း နင့်မျက်နှာ
ကြောက်စရာကောင်းပါတယ်။ ။
လင်းခါး
ငါတို့ခေတ်
ငါတို့ခေတ်
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ငါတို့ ခေတ်မှာ
နှစ်ပေါင်းများစွာ ဒုက္ခပေးလာသူများနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူများလည်း မြင်ရ
လူထုခေါင်းဆောင်ကို ကျိန်ဆဲတာကိုလည်း ကြားရ
လူဖြစ်လာလို့သာ ကြုံရတယ်
မျက်လုံးပါလို့သာ မြင်ရတယ်
နားရှိလို့သာ ကြားခဲ့ရပါတယ်။
မြေခွေးများဟာ ခြင်္သေ့လို ဟိန်းချင်
ခွေးအိုက ကျားသားစားချင်
မိုးပြိုမှာကြောက်တဲ့ ယုန်သရဲဘောကြောင်များက ပညာရှိဖြစ်ချင်
လာကြပါတယ်။
အချက် ၃၀ သော ကြေညာစာတမ်းဟာ
တစ်ချိန်ကတော့ ပိဋကတ်သုံးပုံလို အလှမ်းဝေးလှပြီး
အခုတော့လည်း
ဆေးသောက်ရန် အညွှန်းလောက်ပင်
ရေပန်းစားလာပြီး
မွေးရာပါအကန်းများဟာလည်း သူရဲ့ လှပသောအမျိုးကို
အလွန်အမင်း ချစ်ပြကြပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လိုချင်တဲ့ ခေတ်မျိုးတော့ မဟုတ်ပါဘူး။
ရှင်ကြီး ရှင်ငယ် ဝမ်း စုံခဲ့ပေမယ့်လည်း
ငါးစာတွေက များလှသလို
ငါးနုံတွေကလည်း လိုက်ဖက်စွာပဲ များပါတယ်။
တချို့က ညောင်သီးလည်းကြိုက်တတ်
လေသံလည်း နားစွင့် လူပါးဝပေမယ့်
တချို့ကတော့ ထမင်းထုပ်ကိုသာ မြင်ပါတယ်။
အနူ အနူချင်း အစို အခြောက် ခွဲခြားပါတယ်
အညံ့ အညံ့ချင်း အနုံပြိုင်ပါတယ်
ခွေး ခွေးချင်း အမွှေးပွ အပုမျိုး ယှဉ်ပါတယ်
လဒ လဒ ချင်း ဘယ်သူပို ပုပ်စော်နံသလဲဂုဏ်ဖော်ကြပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ပိုင်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
အဝေမတည့်ရာက ငယ်ကျိုးငယ်နာဖော်ကြတာလည်း ရှိပါတယ်
ငကန်းသေတော့လည်း ငစွေပဲလာပါတယ်
မောင်ပုလဲများဟာလည်း
တခြိမ်းခြိမ်း တခြောက်ခြောက်နဲ့ရှိပါတယ်။
စည်တော်များလည်း ရွမ်းပါတယ်
နှဲကြီးကလည်း တောပါတယ်
လကွင်းခြမ်းကလည်း ညံပါတယ်
ဝါးလက်ခုပ်ကလည်း ရှုပ်ပါတယ်။
ပန်းသူခိုး ဥယျာဉ်မှူးများကလည်း
ပန်းတွေ သိပ်လှမှာကို စိုးရိမ်ရှာပါတယ်။
စပါးပင်များကလည်း မတ်မတ်ထောင်ပါတယ်။
ရေအိုးများကလည်း လှိုင်းပုတ်ပါတယ်။
ဤအရာများကြားထဲ
တစ်ဗိုလ်ထမည့်ခွေး ဗိုလ်လဒရဲ့ မြေးတော်များကလည်း
တစ်စခန်းထ ဇာတ်လမ်းစမည့်အခြေနဲ့ တောင်စမုခ်ကျွတ်ကာရယ်
ထောင်အချုပ်က လွတ်လာပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ကျေနပ်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
သစ်မလား ပြင်မလား
ရဲရင်ထွက် သေနတ်နဲ့ပစ်သတ်မယ်လို့
လွှတ်ထားသလို ရှိပါတယ်။
တလျှောက်လုံးမှန်တုန်းက ပန်းကုံးမရ
တစ်ချက်မှားတော့ အုတ်ခဲကျိုးပေးချင်ကြပါတယ်။
ခြေလေးချောင်း တော်လှန်ရေးလို
ရယ်စရာ မောစရာ စောကြောစရာ။
အရှေ့ကနေဝန်းထွက်သည့် ပမာ
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
စာသားလေးက လှ
သီချင်းလေးက ချို
ဝတ္ထုတွေကလည်း ကောင်းလှပါတယ်။
ငါတို့ ခေတ်မှာ ငါတို့ဖြစ်ရတာ
ငါတို့ဖြစ်ရကျိုး မနပ်လို့
နောင်တစ်ခေတ်ကိုပါ အမွေဆိုးထားခဲ့ချင်ဟန်
ရှိပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လက်နဲ့ သူတို့ဇွတ်အတင်းတီထွင်ခဲ့ကြတာ
ငါတို့ခေတ် ဆိုပေမယ့်
သူတို့ကြမ်းခဲ့သမျှ ငါတို့ပန်းခဲ့ရတာ
ဟိုတစ်ခေတ်အခါကလည်း
သေသော်မှတည့် သြော်ကောင်း၏
ဒီခေတ်အခါမှာလည်း
သေသော်မှတည့် သြော်ကောင်း၏
လို့တော့ မဖြစ်သေးပါ။
ငါတို့ခေတ်ကို ငါတို့ပြင်ရမှာ
ငါတို့ခေတ်မို့ ငါတို့ရှင်ရတာ
ငါတို့ခေတ်မှာမှ
ငါတို့မဆင်ခြင်ရင်
ငါတို့ပင် အနုံ
ငါတို့ပင် အဖျင်း
ငါတို့ပင် အသိမ်
ငါတို့ပင် အနုပ်
ငါတို့ပင် အယုတ်ဖြစ်ရတော့မှာ
ဒါက ငါတို့ မင်းတို့ စောင့်နေတဲ့
ငါတို့ခေတ် မဟုတ်လား။ ။
လင်းခါး
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ငါတို့ ခေတ်မှာ
နှစ်ပေါင်းများစွာ ဒုက္ခပေးလာသူများနဲ့ ဓာတ်ပုံတွဲရိုက်ချင်သူများလည်း မြင်ရ
လူထုခေါင်းဆောင်ကို ကျိန်ဆဲတာကိုလည်း ကြားရ
လူဖြစ်လာလို့သာ ကြုံရတယ်
မျက်လုံးပါလို့သာ မြင်ရတယ်
နားရှိလို့သာ ကြားခဲ့ရပါတယ်။
မြေခွေးများဟာ ခြင်္သေ့လို ဟိန်းချင်
ခွေးအိုက ကျားသားစားချင်
မိုးပြိုမှာကြောက်တဲ့ ယုန်သရဲဘောကြောင်များက ပညာရှိဖြစ်ချင်
လာကြပါတယ်။
အချက် ၃၀ သော ကြေညာစာတမ်းဟာ
တစ်ချိန်ကတော့ ပိဋကတ်သုံးပုံလို အလှမ်းဝေးလှပြီး
အခုတော့လည်း
ဆေးသောက်ရန် အညွှန်းလောက်ပင်
ရေပန်းစားလာပြီး
မွေးရာပါအကန်းများဟာလည်း သူရဲ့ လှပသောအမျိုးကို
အလွန်အမင်း ချစ်ပြကြပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လိုချင်တဲ့ ခေတ်မျိုးတော့ မဟုတ်ပါဘူး။
ရှင်ကြီး ရှင်ငယ် ဝမ်း စုံခဲ့ပေမယ့်လည်း
ငါးစာတွေက များလှသလို
ငါးနုံတွေကလည်း လိုက်ဖက်စွာပဲ များပါတယ်။
တချို့က ညောင်သီးလည်းကြိုက်တတ်
လေသံလည်း နားစွင့် လူပါးဝပေမယ့်
တချို့ကတော့ ထမင်းထုပ်ကိုသာ မြင်ပါတယ်။
အနူ အနူချင်း အစို အခြောက် ခွဲခြားပါတယ်
အညံ့ အညံ့ချင်း အနုံပြိုင်ပါတယ်
ခွေး ခွေးချင်း အမွှေးပွ အပုမျိုး ယှဉ်ပါတယ်
လဒ လဒ ချင်း ဘယ်သူပို ပုပ်စော်နံသလဲဂုဏ်ဖော်ကြပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ပိုင်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
အဝေမတည့်ရာက ငယ်ကျိုးငယ်နာဖော်ကြတာလည်း ရှိပါတယ်
ငကန်းသေတော့လည်း ငစွေပဲလာပါတယ်
မောင်ပုလဲများဟာလည်း
တခြိမ်းခြိမ်း တခြောက်ခြောက်နဲ့ရှိပါတယ်။
စည်တော်များလည်း ရွမ်းပါတယ်
နှဲကြီးကလည်း တောပါတယ်
လကွင်းခြမ်းကလည်း ညံပါတယ်
ဝါးလက်ခုပ်ကလည်း ရှုပ်ပါတယ်။
ပန်းသူခိုး ဥယျာဉ်မှူးများကလည်း
ပန်းတွေ သိပ်လှမှာကို စိုးရိမ်ရှာပါတယ်။
စပါးပင်များကလည်း မတ်မတ်ထောင်ပါတယ်။
ရေအိုးများကလည်း လှိုင်းပုတ်ပါတယ်။
ဤအရာများကြားထဲ
တစ်ဗိုလ်ထမည့်ခွေး ဗိုလ်လဒရဲ့ မြေးတော်များကလည်း
တစ်စခန်းထ ဇာတ်လမ်းစမည့်အခြေနဲ့ တောင်စမုခ်ကျွတ်ကာရယ်
ထောင်အချုပ်က လွတ်လာပြန်ပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့ကျေနပ်တဲ့ ခေတ်တော့လည်း မဟုတ်ပါဘူး။
သစ်မလား ပြင်မလား
ရဲရင်ထွက် သေနတ်နဲ့ပစ်သတ်မယ်လို့
လွှတ်ထားသလို ရှိပါတယ်။
တလျှောက်လုံးမှန်တုန်းက ပန်းကုံးမရ
တစ်ချက်မှားတော့ အုတ်ခဲကျိုးပေးချင်ကြပါတယ်။
ခြေလေးချောင်း တော်လှန်ရေးလို
ရယ်စရာ မောစရာ စောကြောစရာ။
အရှေ့ကနေဝန်းထွက်သည့် ပမာ
တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
စာသားလေးက လှ
သီချင်းလေးက ချို
ဝတ္ထုတွေကလည်း ကောင်းလှပါတယ်။
ငါတို့ ခေတ်မှာ ငါတို့ဖြစ်ရတာ
ငါတို့ဖြစ်ရကျိုး မနပ်လို့
နောင်တစ်ခေတ်ကိုပါ အမွေဆိုးထားခဲ့ချင်ဟန်
ရှိပါတယ်။
ငါတို့ခေတ် ဆိုပေမယ့်
ငါတို့လက်နဲ့ သူတို့ဇွတ်အတင်းတီထွင်ခဲ့ကြတာ
ငါတို့ခေတ် ဆိုပေမယ့်
သူတို့ကြမ်းခဲ့သမျှ ငါတို့ပန်းခဲ့ရတာ
ဟိုတစ်ခေတ်အခါကလည်း
သေသော်မှတည့် သြော်ကောင်း၏
ဒီခေတ်အခါမှာလည်း
သေသော်မှတည့် သြော်ကောင်း၏
လို့တော့ မဖြစ်သေးပါ။
ငါတို့ခေတ်ကို ငါတို့ပြင်ရမှာ
ငါတို့ခေတ်မို့ ငါတို့ရှင်ရတာ
ငါတို့ခေတ်မှာမှ
ငါတို့မဆင်ခြင်ရင်
ငါတို့ပင် အနုံ
ငါတို့ပင် အဖျင်း
ငါတို့ပင် အသိမ်
ငါတို့ပင် အနုပ်
ငါတို့ပင် အယုတ်ဖြစ်ရတော့မှာ
ဒါက ငါတို့ မင်းတို့ စောင့်နေတဲ့
ငါတို့ခေတ် မဟုတ်လား။ ။
လင်းခါး
သူ့ခေတ်မှာသူ မပျော်နိုင်
သူ့ခေတ်မှာသူ မပျော်နိုင်
----------------------
မစ်ဒ်နိုက်အင် ပဲရစ်လား
ပဲရစ်အင် မစ်ဒ်နိုက်လား
မမှတ်မိတော့ဘူး။
ကိုယ့်ခေတ်နဲ့ကိုယ် မပျော်နိုင်သူပေါ့။
မာယာကော့စကီး မပျော်တာတော့
ကြောက်စရာ
ဒိုင်းခနဲ သေနတ်မောင်းကိုဆွဲခဲ့တာ
သေနတ်ပြောင်းကလည်း ကိုယ့်ဘက်မှာ
မြို့မငြိမ်း မပျော်တော့တာလည်း
ကြောက်စရာ
မပျော်ကြသူတွေပေါ့။
ကျနော်မပျော်ခဲ့ပါဘူးတဲ့
ကဗျာဆရာ(ကို)ဘုန်းသက်ပိုင်က
ငါမပျော်တော့ဘူးဆိုပြီး
လင်းခါးလည်း မပျော်ခဲ့သပေါ့။
ကဗျာဆရာမောင်ချောနွယ်လည်း ပျော်ခဲ့မှာ မဟုတ်
ကဗျာဆရာလှသန်းလည်း ပျော်သွားမှာမဟုတ်
အယုတ်တမာများ ယုတ်မာကြပြီဆိုရင်
အာဏာရူးများ အာဏာစူးမိပြီဆိုရင်
ခေါင်းဆောင်များ ခေါင်းရှောင်ကြပြီဆိုရင်
အမှန်တရား နားခါးလှပြီဆိုရင်
အများညီတော့ ဒေါ့ခ် က ဂေါ့ဒ် ဖြစ်ပြီဆိုရင်
သူလည်းမပျော် ကိုယ်လည်းမပျော်
ကန့်သတ်ပျော်ဝင်နိုင်မှု အခြေအနေရောက်သွားတော့
ရေခွက်ထဲ ဆားတွေအခဲလိုက်ကျန်သလို
မပျော်......
ခုတော့
လူငယ်တွေကြား ဘန်းစကားတောင် ဖြစ်နေပေါ့
မပျော်ပါ.... တဲ့။ ။
လင်းခါး
၂၈-၅-၂၀၁၃
----------------------
မစ်ဒ်နိုက်အင် ပဲရစ်လား
ပဲရစ်အင် မစ်ဒ်နိုက်လား
မမှတ်မိတော့ဘူး။
ကိုယ့်ခေတ်နဲ့ကိုယ် မပျော်နိုင်သူပေါ့။
မာယာကော့စကီး မပျော်တာတော့
ကြောက်စရာ
ဒိုင်းခနဲ သေနတ်မောင်းကိုဆွဲခဲ့တာ
သေနတ်ပြောင်းကလည်း ကိုယ့်ဘက်မှာ
မြို့မငြိမ်း မပျော်တော့တာလည်း
ကြောက်စရာ
မပျော်ကြသူတွေပေါ့။
ကျနော်မပျော်ခဲ့ပါဘူးတဲ့
ကဗျာဆရာ(ကို)ဘုန်းသက်ပိုင်က
ငါမပျော်တော့ဘူးဆိုပြီး
လင်းခါးလည်း မပျော်ခဲ့သပေါ့။
ကဗျာဆရာမောင်ချောနွယ်လည်း ပျော်ခဲ့မှာ မဟုတ်
ကဗျာဆရာလှသန်းလည်း ပျော်သွားမှာမဟုတ်
အယုတ်တမာများ ယုတ်မာကြပြီဆိုရင်
အာဏာရူးများ အာဏာစူးမိပြီဆိုရင်
ခေါင်းဆောင်များ ခေါင်းရှောင်ကြပြီဆိုရင်
အမှန်တရား နားခါးလှပြီဆိုရင်
အများညီတော့ ဒေါ့ခ် က ဂေါ့ဒ် ဖြစ်ပြီဆိုရင်
သူလည်းမပျော် ကိုယ်လည်းမပျော်
ကန့်သတ်ပျော်ဝင်နိုင်မှု အခြေအနေရောက်သွားတော့
ရေခွက်ထဲ ဆားတွေအခဲလိုက်ကျန်သလို
မပျော်......
ခုတော့
လူငယ်တွေကြား ဘန်းစကားတောင် ဖြစ်နေပေါ့
မပျော်ပါ.... တဲ့။ ။
လင်းခါး
၂၈-၅-၂၀၁၃
တရားကိုယ်
တရားကိုယ်
။ ။ ။ ။ ။ ။
ကိုယ့်မျက်လုံးအောက်မှာ
ဝိုးဝါးမြင်ရတဲ့
ကိုယ့်မျက်တောင်မွှေးလေးကိုမှ ကိုယ်မပိုင်
ရှည်လျားသော လူ့သမိုင်း
ရှည်လျားသော လူ့ဒုက္ခဘဝ
ရှည်လျားသော ငြီးငွေ့ဖွယ်နေ့များ
ပုရွတ်ကောင်များပမာ စုဆောင်း
နှံကောင်များပမာ ဖြုန်းတီး
သစ်ရွက်ကလေးများ လွင့်ခါနေခြင်းဟာ
သစ်ရွက်ကလေးများရဲ့ ဆန္ဒမပါ
လွင့်ခါခြင်းကသာ
လွင့်ခါနေတာပါ။ ။
လင်းခါး
။ ။ ။ ။ ။ ။
ကိုယ့်မျက်လုံးအောက်မှာ
ဝိုးဝါးမြင်ရတဲ့
ကိုယ့်မျက်တောင်မွှေးလေးကိုမှ ကိုယ်မပိုင်
ရှည်လျားသော လူ့သမိုင်း
ရှည်လျားသော လူ့ဒုက္ခဘဝ
ရှည်လျားသော ငြီးငွေ့ဖွယ်နေ့များ
ပုရွတ်ကောင်များပမာ စုဆောင်း
နှံကောင်များပမာ ဖြုန်းတီး
သစ်ရွက်ကလေးများ လွင့်ခါနေခြင်းဟာ
သစ်ရွက်ကလေးများရဲ့ ဆန္ဒမပါ
လွင့်ခါခြင်းကသာ
လွင့်ခါနေတာပါ။ ။
လင်းခါး
ဘာမှမဟုတ်ကြောင်း ထောက်ခံချက်
ဘာမှမဟုတ်ကြောင်း ထောက်ခံချက်
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ပင့်ကူအိမ်ထဲက
ယင်ကောင်အခွံတွေလို
အရေဆုတ်ခံထားရတဲ့ မြွေတွေလို
သခင်အလာကိုမျှော်နေတဲ့
နံရိုးအပြိုင်းပြိုင်း ခွေးပိန်အိုကြီးလို
ဇီဝသဘောနည်းနေတဲ့ သတ္တဝါတွေလို
အမှတ်သညာ မပါ
မျက်လုံးဟာ ပန်းချီရှေ့တန့်နေသလို
။ ပန်းချီကားထဲက အရာတွေ လှုပ်နေတယ် ။
ငါတို့အားငယ်နေတာတွေလည်း
ငါတို့က ပြန်အမျက်ထွက်
ငါတို့ ပြောချင်တာတွေလည်း
ငါတို့ကပင် ပြန်နားလည်ရခက်
ကောင်းကင်မှာ
ခံဘက်ကတိမ်တွေ လွင့်နေပါတယ်
ကောင်းကင်မှာ
လွတ်လပ်သော ငှက်များပျံသန်းနေပါတယ်
အဲဒီကောင်းကင်မှာ
ငါတို့အတွက် ဘာကမ္ပည်းမှ မရှိ
အဲဒီကောင်းကင်မှာ
ငါတို့အတွက် ဘာဝိသေသမျှမရှိ
တိမ်ခိုးနဲ့ မင်းရေးပဲ
ရိုမန်တစ် အိပ်ဇစ်တင်ရှယ်လစ်ဇင်ပဲ
။ အဲလိုရှိရဲ့လား ။
ကျားသနားမှာ ချမ်းသာရမယ့် နွားတွေပါကွာ
မကွဲပေမယ့် အဆွဲခံရတဲ့ နွားတွေပါကွာ
တို့ဟာ
ဘာပါကွာ ညာပါကွာ
ဟိုဟာပါကွာ ဒီဟာပါကွာ
တို့ဟာ
ဘာမှမဟုတ်ပါဘူးကွာ။ ။
လင်းခါး
၂၉ ၄ ၂၀၁၃
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။
ပင့်ကူအိမ်ထဲက
ယင်ကောင်အခွံတွေလို
အရေဆုတ်ခံထားရတဲ့ မြွေတွေလို
သခင်အလာကိုမျှော်နေတဲ့
နံရိုးအပြိုင်းပြိုင်း ခွေးပိန်အိုကြီးလို
ဇီဝသဘောနည်းနေတဲ့ သတ္တဝါတွေလို
အမှတ်သညာ မပါ
မျက်လုံးဟာ ပန်းချီရှေ့တန့်နေသလို
။ ပန်းချီကားထဲက အရာတွေ လှုပ်နေတယ် ။
ငါတို့အားငယ်နေတာတွေလည်း
ငါတို့က ပြန်အမျက်ထွက်
ငါတို့ ပြောချင်တာတွေလည်း
ငါတို့ကပင် ပြန်နားလည်ရခက်
ကောင်းကင်မှာ
ခံဘက်ကတိမ်တွေ လွင့်နေပါတယ်
ကောင်းကင်မှာ
လွတ်လပ်သော ငှက်များပျံသန်းနေပါတယ်
အဲဒီကောင်းကင်မှာ
ငါတို့အတွက် ဘာကမ္ပည်းမှ မရှိ
အဲဒီကောင်းကင်မှာ
ငါတို့အတွက် ဘာဝိသေသမျှမရှိ
တိမ်ခိုးနဲ့ မင်းရေးပဲ
ရိုမန်တစ် အိပ်ဇစ်တင်ရှယ်လစ်ဇင်ပဲ
။ အဲလိုရှိရဲ့လား ။
ကျားသနားမှာ ချမ်းသာရမယ့် နွားတွေပါကွာ
မကွဲပေမယ့် အဆွဲခံရတဲ့ နွားတွေပါကွာ
တို့ဟာ
ဘာပါကွာ ညာပါကွာ
ဟိုဟာပါကွာ ဒီဟာပါကွာ
တို့ဟာ
ဘာမှမဟုတ်ပါဘူးကွာ။ ။
လင်းခါး
၂၉ ၄ ၂၀၁၃
သမီးပေး သမက်ရ
သမီးပေး သမက်ရ
---------------
တစ် တစ်လီ တစ်
နှစ် နှစ်လီ လေး မှသည်
ဒီကမ္ဘာကြီးဟာ ယထာဓမ္မမဟုတ်ဘူး အထိ
ကဗျာက သေဖော်မညှိ
နှင်းဆီလှသလို
ခရေလည်း လှပါတယ် လောက်တော့
ပြောပါတယ်
လူတန်းစားအကြောင်းနည်းနည်း
တောတောင်ရေမြေ သဘာဝနည်းနည်း
ဘုန်းတော်ရှင် ကံတော်ရှင်နည်းနည်းနဲ့
တောနက်နက်မှ စန္ဒကူးပန်း
သမုဒ္ဒရာကြမ်းပြင်က ကျောက်တန်း
ချိုင့်ဝှမ်းနက်ကြီးတွင်းမှ ရောနှောဓာတ်ငွေ့များ
အကြောင်း
ဘစ်ဘန်း
ဘလက်ဟိုး
ဧကောဓမ္မော
သုံးပါးတစ်ဆူ
မောရှေ
မိုဟာမက်
ဒါဝင်
ဓမ္မသစ်
ပိဋကတ်သုံးပုံ
နဂါးငွေ့တန်းဂလက်ဆီအပြင်မှ
စကြာဝဠာကာလ ပယောဂ ဒေသ
နောက်တစ်ခု
ဘာသာစကား
ဘယ်လိုရှင်သန်ခဲ့ရသလဲ
နောက်က
ဘယ်လို သေဆုံးခဲ့ရသလဲ
ညက်ညက်မကြေ
သွားကြားညက်၍
ကသိကအောက်ဖြစ်ရသူများ
တရုတ်ပြည်မှ ဝါးကောင်းဝါးသန့်များဖြင့်
ပြုလုပ်ထားသော
ကဗျာတံဆိပ်
ပိုးသတ်ပြီး သွားကြားထိုးတံရောင်းပါတယ်။ ။
လင်းခါး
---------------
တစ် တစ်လီ တစ်
နှစ် နှစ်လီ လေး မှသည်
ဒီကမ္ဘာကြီးဟာ ယထာဓမ္မမဟုတ်ဘူး အထိ
ကဗျာက သေဖော်မညှိ
နှင်းဆီလှသလို
ခရေလည်း လှပါတယ် လောက်တော့
ပြောပါတယ်
လူတန်းစားအကြောင်းနည်းနည်း
တောတောင်ရေမြေ သဘာဝနည်းနည်း
ဘုန်းတော်ရှင် ကံတော်ရှင်နည်းနည်းနဲ့
တောနက်နက်မှ စန္ဒကူးပန်း
သမုဒ္ဒရာကြမ်းပြင်က ကျောက်တန်း
ချိုင့်ဝှမ်းနက်ကြီးတွင်းမှ ရောနှောဓာတ်ငွေ့များ
အကြောင်း
ဘစ်ဘန်း
ဘလက်ဟိုး
ဧကောဓမ္မော
သုံးပါးတစ်ဆူ
မောရှေ
မိုဟာမက်
ဒါဝင်
ဓမ္မသစ်
ပိဋကတ်သုံးပုံ
နဂါးငွေ့တန်းဂလက်ဆီအပြင်မှ
စကြာဝဠာကာလ ပယောဂ ဒေသ
နောက်တစ်ခု
ဘာသာစကား
ဘယ်လိုရှင်သန်ခဲ့ရသလဲ
နောက်က
ဘယ်လို သေဆုံးခဲ့ရသလဲ
ညက်ညက်မကြေ
သွားကြားညက်၍
ကသိကအောက်ဖြစ်ရသူများ
တရုတ်ပြည်မှ ဝါးကောင်းဝါးသန့်များဖြင့်
ပြုလုပ်ထားသော
ကဗျာတံဆိပ်
ပိုးသတ်ပြီး သွားကြားထိုးတံရောင်းပါတယ်။ ။
လင်းခါး
ဒီနိုင်ငံမှာ
ဒီနိုင်ငံမှာ
----------------
အကျင့်ပျက်ခြစားမှုကို မုန်းတဲ့
အကျင့်ပျက်ခြစားသူတွေ
စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုကို ရွံရှာတဲ့
စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုတွေ။
ဒီနိုင်ငံမှာ
နိုင်လိုစိတ်ပြင်းတဲ့ အရှုံးသမားတွေ
ကြီးမြတ်လိုစိတ်ပြင်းပြလှတဲ့ နိမ့်ကျသူတွေ။
ဒီနိုင်ငံမှာ
ပညာတတ်ကို မုန်းတဲ့ ပညာမဲ့တွေနဲ့
ပညာမဲ့ကို နှိမ့်ချဆက်ဆံလိုတဲ့ ပညာတတ်တွေ။
ဒီနိုင်ငံမှာ
ခွဲခြားဆက်ဆံမှုကို မုန်းတဲ့ ခွဲခြားဆက်ဆံလိုသူတွေ။
ဒီနိုင်ငံမှာ
အကျိုးလိုလို့ ညောင်ရေလောင်းသူတွေကို မုန်းတဲ့
ထောင်မြင်ရာစွန့် သမားတွေ။
အမှန်တရားပြောတဲ့ပါးစပ်နဲ့ အမှားကျူးလွန်တဲ့လက်
တွဲရက်ပိုင်ဆိုင်သူတွေ။
ဒီနိုင်ငံဟာ
စနစ်ဇယားနဲ့ အဖြစ်မှားခဲ့
နည်းမှန်လမ်းမှန်နဲ့ အကျည်းတန်ခဲ့
ကြွေးကြော်သံတွေကလည်း ဘေးချော်ရန်ပဲဖြစ်ခဲ့တယ်။
ဆိုတော့ ဒီနိုင်ငံ
ဘုရင်ဇာတာနဲ့ ခွက်ဆွဲခဲ့ရ
စစ်သူကြီးဟန်နဲ့ ဒူးထောက်ခဲ့ရ
ဝန်ကြီးရုပ်နဲ့ ဖာသယ်အလုပ် လုပ်ခဲ့ရပါတယ်။
လင်းခါး
၂၀-၈-၂၀၁၃
----------------
အကျင့်ပျက်ခြစားမှုကို မုန်းတဲ့
အကျင့်ပျက်ခြစားသူတွေ
စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုကို ရွံရှာတဲ့
စည်းကမ်းမဲ့ အောက်တန်းစားဆန်မှုတွေ။
ဒီနိုင်ငံမှာ
နိုင်လိုစိတ်ပြင်းတဲ့ အရှုံးသမားတွေ
ကြီးမြတ်လိုစိတ်ပြင်းပြလှတဲ့ နိမ့်ကျသူတွေ။
ဒီနိုင်ငံမှာ
ပညာတတ်ကို မုန်းတဲ့ ပညာမဲ့တွေနဲ့
ပညာမဲ့ကို နှိမ့်ချဆက်ဆံလိုတဲ့ ပညာတတ်တွေ။
ဒီနိုင်ငံမှာ
ခွဲခြားဆက်ဆံမှုကို မုန်းတဲ့ ခွဲခြားဆက်ဆံလိုသူတွေ။
ဒီနိုင်ငံမှာ
အကျိုးလိုလို့ ညောင်ရေလောင်းသူတွေကို မုန်းတဲ့
ထောင်မြင်ရာစွန့် သမားတွေ။
အမှန်တရားပြောတဲ့ပါးစပ်နဲ့ အမှားကျူးလွန်တဲ့လက်
တွဲရက်ပိုင်ဆိုင်သူတွေ။
ဒီနိုင်ငံဟာ
စနစ်ဇယားနဲ့ အဖြစ်မှားခဲ့
နည်းမှန်လမ်းမှန်နဲ့ အကျည်းတန်ခဲ့
ကြွေးကြော်သံတွေကလည်း ဘေးချော်ရန်ပဲဖြစ်ခဲ့တယ်။
ဆိုတော့ ဒီနိုင်ငံ
ဘုရင်ဇာတာနဲ့ ခွက်ဆွဲခဲ့ရ
စစ်သူကြီးဟန်နဲ့ ဒူးထောက်ခဲ့ရ
ဝန်ကြီးရုပ်နဲ့ ဖာသယ်အလုပ် လုပ်ခဲ့ရပါတယ်။
လင်းခါး
၂၀-၈-၂၀၁၃
ကမ္ဘာ့အဆင့် အရေးအသား
ကမ္ဘာ့အဆင့် အရေးအသား
--------------
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှမပန်ချင်နေပါ
တောပန်းကလေးက မွှေးနေမှာ
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှ မတွေ့ချင်နေပါ
တောပန်းကလေးက လှနေမှာ
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှ မခြွေချင်လည်းနေပါ
တောပန်းကလေးလည်း ကြွေရမှာ။ ။
လင်းခါး
၇-၁၂-၂၀၁၃
--------------
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှမပန်ချင်နေပါ
တောပန်းကလေးက မွှေးနေမှာ
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှ မတွေ့ချင်နေပါ
တောပန်းကလေးက လှနေမှာ
တောပန်းကလေးကို ယုံတယ်
ဘယ်သူမှ မခြွေချင်လည်းနေပါ
တောပန်းကလေးလည်း ကြွေရမှာ။ ။
လင်းခါး
၇-၁၂-၂၀၁၃
ပါးစပ်ကြီး
ပါးစပ်ကြီး
--------------------
ပါးစပ်ကြီးတစ်ခုလုံး
ပုံအောအသုံးချဖို့ လိုတယ်
ပါးစပ်ကြီးကို
လျှာရှည်တယ်လည်း အပြောခံရဖူး
တော်ကီပစ်တယ်လည်း အဆိုခံရဖူး
လေပေါလိုက်တာနော်
နှုတ်ကြမ်းတယ် စသည်ဖြင့်တွေနဲ့
ပါးစပ်ကြီးက မကြားဘူး
ပါးစပ်ကြီးက နားမှမဟုတ်ဘဲ
ပါးစပ်ကြီးကတော့
ပါးစပ်ကြီးတစ်ခုလုံးအသုံးချနည်း ကိုပဲ
စဉ်းစားတယ်။
ပါးစပ်ကြီးဟာ
တော်လှန်ရေးပါးစပ်ကြီးပါ
ဆဲတယ်ဆိုတယ် ဟောပြောတယ်
ပါးစပ်ကြီးဟာ လက်သီးတွေလည်း
မြည်းခဲ့ဖူးပါတယ်။
ဒါပေမယ့်
ပါးစပ်ကြီးဟာ
ဘယ်တော့မှ ပင်စင်မယူ
ဘယ်တော့မှ အရှုံးမပေး
ကြုံးဝါးသေးတယ်
အသက်ကြီးပေမယ့်
ပါးစပ်ကြီးက မပျက်စီးသေးဘူးကွတဲ့။ ။
လင်းခါး
--------------------
ပါးစပ်ကြီးတစ်ခုလုံး
ပုံအောအသုံးချဖို့ လိုတယ်
ပါးစပ်ကြီးကို
လျှာရှည်တယ်လည်း အပြောခံရဖူး
တော်ကီပစ်တယ်လည်း အဆိုခံရဖူး
လေပေါလိုက်တာနော်
နှုတ်ကြမ်းတယ် စသည်ဖြင့်တွေနဲ့
ပါးစပ်ကြီးက မကြားဘူး
ပါးစပ်ကြီးက နားမှမဟုတ်ဘဲ
ပါးစပ်ကြီးကတော့
ပါးစပ်ကြီးတစ်ခုလုံးအသုံးချနည်း
စဉ်းစားတယ်။
ပါးစပ်ကြီးဟာ
တော်လှန်ရေးပါးစပ်ကြီးပါ
ဆဲတယ်ဆိုတယ် ဟောပြောတယ်
ပါးစပ်ကြီးဟာ လက်သီးတွေလည်း
မြည်းခဲ့ဖူးပါတယ်။
ဒါပေမယ့်
ပါးစပ်ကြီးဟာ
ဘယ်တော့မှ ပင်စင်မယူ
ဘယ်တော့မှ အရှုံးမပေး
ကြုံးဝါးသေးတယ်
အသက်ကြီးပေမယ့်
ပါးစပ်ကြီးက မပျက်စီးသေးဘူးကွတဲ့။ ။
လင်းခါး
ပျော်ပွဲရွှင်ပွဲ
ပျော်ပွဲရွှင်ပွဲ
-------------------
ဘာလို့ ပျော်နေကြတာလဲ
သားလေးရှင်ပြု
သမီးလေး နား,သလား
ပျော်ပျော်နေ သေခဲ လား
တကယ်ပျော်ရလို့လား
ပျော်ပျော်မှမနေရင် အသတ်ခံရတော့မှာမို့
ပျော်ပြနေကြသလိုမျိုး
ပျော်နေကြပါတယ်။ ။
လင်းခါး
-------------------
ဘာလို့ ပျော်နေကြတာလဲ
သားလေးရှင်ပြု
သမီးလေး နား,သလား
ပျော်ပျော်နေ သေခဲ လား
တကယ်ပျော်ရလို့လား
ပျော်ပျော်မှမနေရင် အသတ်ခံရတော့မှာမို့
ပျော်ပြနေကြသလိုမျိုး
ပျော်နေကြပါတယ်။ ။
လင်းခါး
အရေးတော်ပုံ အောင်ပါစေ
အရေးတော်ပုံ အောင်ပါစေ
-----------------
အာဂလူသားရဲ့ ပါးကို
စစ်ဖိနပ်က ပြေးနမ်းတယ်
လုံထိန်းတုတ်က ပြေးနမ်းတယ်
သိပ်ချစ်ကြတယ်ပေါ့။
အာဂလူသားရဲ့
နံရိုးတစ်ချောင်းဟာ
ကလီစာတစ်ခုခုထဲကို စိုက်ဝင်သွားတယ်ထင်တယ်။
ကျစ်သောကြိုးဘေးမှာ ကွေးကောက်နေသော လက်
ဆံပင်တိုကျဲကျဲဟာ ရေရွှဲရွှဲနဲ့ ကပ်စီးစီး
မျက်ခွက်ကတော့ ဖူးပွင့်မနေဘဲ ဖူးယောင်
ခြေထောက်တွေဟာ ကုန်းခေါင်ခေါင်လို
အမွှေးအရောင်ပြောင်လို့
ဒူးဟာ ပေါက်ပြဲ
ကျယ်မောက်သော ရင် ကျဉ်းနိမ့်ခဲ့
ကျယ်သောနဖူး ပွန်းခဲ့
ယဉ် တစ် ကိုယ် လုံး ပင်။
အာဂလူသား နီထွေးသော
အနီတွေ ထွေးနေရသော နှုတ်ခမ်း လှုပ်နေတယ်
တစ်ခုခုပြောနေတယ် နားထောင်စမ်း နားထောင်စမ်း
ဝန်ခံတာလား
ကြံရာပါ စာရင်းလား
ဘာပြောတာလဲ
ဘာပြောတာလဲ
နားထောင်ကြစမ်း
ဘာပြောသလဲ မသိဘူး
ကြမ်းပေါ် ဝုန်းခနဲ ပြိုလဲကျတယ်
ပြုံးပြုံးကြီး အသက်ထွက်တယ်။ ။
လင်းခါး
-----------------
အာဂလူသားရဲ့ ပါးကို
စစ်ဖိနပ်က ပြေးနမ်းတယ်
လုံထိန်းတုတ်က ပြေးနမ်းတယ်
သိပ်ချစ်ကြတယ်ပေါ့။
အာဂလူသားရဲ့
နံရိုးတစ်ချောင်းဟာ
ကလီစာတစ်ခုခုထဲကို စိုက်ဝင်သွားတယ်ထင်တယ်။
ကျစ်သောကြိုးဘေးမှာ ကွေးကောက်နေသော လက်
ဆံပင်တိုကျဲကျဲဟာ ရေရွှဲရွှဲနဲ့ ကပ်စီးစီး
မျက်ခွက်ကတော့ ဖူးပွင့်မနေဘဲ ဖူးယောင်
ခြေထောက်တွေဟာ ကုန်းခေါင်ခေါင်လို
အမွှေးအရောင်ပြောင်လို့
ဒူးဟာ ပေါက်ပြဲ
ကျယ်မောက်သော ရင် ကျဉ်းနိမ့်ခဲ့
ကျယ်သောနဖူး ပွန်းခဲ့
ယဉ် တစ် ကိုယ် လုံး ပင်။
အာဂလူသား နီထွေးသော
အနီတွေ ထွေးနေရသော နှုတ်ခမ်း လှုပ်နေတယ်
တစ်ခုခုပြောနေတယ် နားထောင်စမ်း နားထောင်စမ်း
ဝန်ခံတာလား
ကြံရာပါ စာရင်းလား
ဘာပြောတာလဲ
ဘာပြောတာလဲ
နားထောင်ကြစမ်း
ဘာပြောသလဲ မသိဘူး
ကြမ်းပေါ် ဝုန်းခနဲ ပြိုလဲကျတယ်
ပြုံးပြုံးကြီး အသက်ထွက်တယ်။ ။
လင်းခါး
ဒီကောင် ဘာကောင်လဲ
ဒီကောင် ဘာကောင်လဲ
---------------
သူဟာ
နူးညံ့ပျော့ပြောင်းသူ
စိတ်ထိခိုက်လွယ်သူ
ငါးပါးသီလခံယူထားသူ ဘီလူး။
သူဟာ နင်းပြား
နုံဖျင်းဝန်းကျင်ထဲ အေးစက်စက်
အမေးအမြန်းထူ
မသိမှုများ
အပေါစားတီရှပ်ပြဲအောက်က
ကိရိယာတွေနဲ့
နင်းပြားတွေကို နင်းမယ့် နင်းပြား။
သူဟာ လက်ဖွာ
သူဟာ ဆူညံ
သူဟာ ပျော်စရာတွေထဲကမထွက်
အကြံဦးဖို့ အလံရှူး ခဲ့
ကားထဲမှာ အစီရင်ခံစာရေးသား
ပိုက်ဆံဟာ
အသစ်ကလေးတွေ ဦးစားပေးရသလို
အစီရင်ခံစရာ စာသားတွေလည်း
ဦးစားပေး ရတတ်။
သူဟာ တက်ကြွလှုပ်ရှားသူ
ဖောက်ပြန်ရေးသမားကို
ပညာတတ်ညဉ်နဲ့ထိုးနှက်
တော်လှန်ရေးမဟာဗျူဟာ ချမှတ်သူ
သူဟာ အတွင်းစည်း
အတွင်းစည်းထဲကလာတဲ့ သတင်းကြီး။
သူဟာ မိန်းမပျက်
သူဟာ ဖာခေါင်း
သူဟာ ကုန်သည်ပွဲစား
သူဟာ ဘောလုံးသမား
သူဟာ လက်ခွဲ ကော်မရှင်စား
သူဟာ တောခိုသူ
သူဟာ ကျောင်းသားခေါင်းဆောင်
သူဟာ ပါတီကေဒါ
သူဟာ အားမတန်လို့မာန်လျော့
သူက ဘယ်သူလဲ
ခဏ ခဏတွေ့နေတယ်
သူဟာ သူလိုကိုယ်လိုပါပဲ
သူဟာ သတင်းပေး။ ။
လင်းခါး
---------------
သူဟာ
နူးညံ့ပျော့ပြောင်းသူ
စိတ်ထိခိုက်လွယ်သူ
ငါးပါးသီလခံယူထားသူ ဘီလူး။
သူဟာ နင်းပြား
နုံဖျင်းဝန်းကျင်ထဲ အေးစက်စက်
အမေးအမြန်းထူ
မသိမှုများ
အပေါစားတီရှပ်ပြဲအောက်က
ကိရိယာတွေနဲ့
နင်းပြားတွေကို နင်းမယ့် နင်းပြား။
သူဟာ လက်ဖွာ
သူဟာ ဆူညံ
သူဟာ ပျော်စရာတွေထဲကမထွက်
အကြံဦးဖို့ အလံရှူး ခဲ့
ကားထဲမှာ အစီရင်ခံစာရေးသား
ပိုက်ဆံဟာ
အသစ်ကလေးတွေ ဦးစားပေးရသလို
အစီရင်ခံစရာ စာသားတွေလည်း
ဦးစားပေး ရတတ်။
သူဟာ တက်ကြွလှုပ်ရှားသူ
ဖောက်ပြန်ရေးသမားကို
ပညာတတ်ညဉ်နဲ့ထိုးနှက်
တော်လှန်ရေးမဟာဗျူဟာ ချမှတ်သူ
သူဟာ အတွင်းစည်း
အတွင်းစည်းထဲကလာတဲ့ သတင်းကြီး။
သူဟာ မိန်းမပျက်
သူဟာ ဖာခေါင်း
သူဟာ ကုန်သည်ပွဲစား
သူဟာ ဘောလုံးသမား
သူဟာ လက်ခွဲ ကော်မရှင်စား
သူဟာ တောခိုသူ
သူဟာ ကျောင်းသားခေါင်းဆောင်
သူဟာ ပါတီကေဒါ
သူဟာ အားမတန်လို့မာန်လျော့
သူက ဘယ်သူလဲ
ခဏ ခဏတွေ့နေတယ်
သူဟာ သူလိုကိုယ်လိုပါပဲ
သူဟာ သတင်းပေး။ ။
လင်းခါး
စပ်ကူးမတ်ကူး
စပ်ကူးမတ်ကူး
----------------
စပ်ကူးမတ်ကူးမှာ
ဂစ်တာ တဒေါင်ဒေါင်တဒင်ဒင်ကောင်
လမ်းပေါ်ထွက်လာ
အုတ်ခုံပေါ်က ကောင်
လမ်းပေါ်ထွက်လာ
လက်ဖက်ရည်ဆိုင်က ဒူးတနှံ့နှံ့ကောင်
လမ်းပေါ်ထွက်လာ
ဒီကောင်တွေ ဘာလို့လမ်းပေါ်ထွက်လာသလဲ
မသိဘူး
ငါလည်း လမ်းပေါ်ထွက်လာ
စပ်ကူးမတ်ကူးကာလမှာပေါ့
လူတိုင်းဟာ လမ်းပေါ်မှာ
ငါ တစ်ယောက်လည်း
လမ်းပေါ်မှာ ။ ။
လင်းခါး
----------------
စပ်ကူးမတ်ကူးမှာ
ဂစ်တာ တဒေါင်ဒေါင်တဒင်ဒင်ကောင်
လမ်းပေါ်ထွက်လာ
အုတ်ခုံပေါ်က ကောင်
လမ်းပေါ်ထွက်လာ
လက်ဖက်ရည်ဆိုင်က ဒူးတနှံ့နှံ့ကောင်
လမ်းပေါ်ထွက်လာ
ဒီကောင်တွေ ဘာလို့လမ်းပေါ်ထွက်လာသလဲ
မသိဘူး
ငါလည်း လမ်းပေါ်ထွက်လာ
စပ်ကူးမတ်ကူးကာလမှာပေါ့
လူတိုင်းဟာ လမ်းပေါ်မှာ
ငါ တစ်ယောက်လည်း
လမ်းပေါ်မှာ ။ ။
လင်းခါး
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
-----
ကျားတွေဟာ
အကောင်သေးသေးသွား
ပြီးတော့ သည်းခံစိတ် ပိုရှိလာ
ပြီးတော့ လူသားမစားတော့ဘဲ
ကြောင်တွေဖြစ်လာခဲ့။
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
တံခါးကို ခေါက်မလို
လှည့်ပြန်သွားတော့မလိုနဲ့
တံခါးပိတ်ကြီးရှေ့မှာ
လက်ကိုကိုက် ဘဝကိုဖြုန်းခဲ့တာ
ပါရမီရှင်တွေလည်း ဒီလိုနေမှာပဲ။
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
ညည ဖော့ပြားလို
မိုက်ခရို မင်မိုရီကဒ်ကလေးလို
သေးသေးလေး ကိုင်ထားပေမယ့်
ထိုသေးသေးလေးက
တစ်ကိုယ်လုံးပြည့်နေတာမျိုး
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
နိုင်ငံရေး လွတ်လပ်မှုနဲ့
ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကြားက
သံကွင်းစွပ်ကို မေ့နေကြတာ
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
ချောင်းကြည့်ပေါက်ထဲက ကမ္ဘာကြီး
ကမ္ဘာကြီးထဲက ချောင်းကြည့်ပေါက်
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
သူတို့ဟာ
ကျနော့်ထက်
ပိုရူးကြတယ်ဆိုတာကိုပဲ။ ။
လင်းခါး
-----
ကျားတွေဟာ
အကောင်သေးသေးသွား
ပြီးတော့ သည်းခံစိတ် ပိုရှိလာ
ပြီးတော့ လူသားမစားတော့ဘဲ
ကြောင်တွေဖြစ်လာခဲ့။
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
တံခါးကို ခေါက်မလို
လှည့်ပြန်သွားတော့မလိုနဲ့
တံခါးပိတ်ကြီးရှေ့မှာ
လက်ကိုကိုက် ဘဝကိုဖြုန်းခဲ့တာ
ပါရမီရှင်တွေလည်း ဒီလိုနေမှာပဲ။
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
ညည ဖော့ပြားလို
မိုက်ခရို မင်မိုရီကဒ်ကလေးလို
သေးသေးလေး ကိုင်ထားပေမယ့်
ထိုသေးသေးလေးက
တစ်ကိုယ်လုံးပြည့်နေတာမျိုး
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
နိုင်ငံရေး လွတ်လပ်မှုနဲ့
ပုဂ္ဂိုလ်ရေးလွတ်လပ်မှုကြားက
သံကွင်းစွပ်ကို မေ့နေကြတာ
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
ချောင်းကြည့်ပေါက်ထဲက ကမ္ဘာကြီး
ကမ္ဘာကြီးထဲက ချောင်းကြည့်ပေါက်
သူတို့ကို ကြည့်ပြီး ကျနော်ရလိုက်တာက
သူတို့ဟာ
ကျနော့်ထက်
ပိုရူးကြတယ်ဆိုတာကိုပဲ။ ။
လင်းခါး
ခေတ်နောက်ကျတဲ့ ကောင်
ခေတ်နောက်ကျတဲ့ ကောင်
တစ်ညလုံး အိပ်စောင့်ရာက
မနက်ခင်းတစ်ခုကို ငါရလိုက်ပြီ
နှင်းစွတ်နေတဲ့ မြက်ပင်ကလေးပါ
အဆစ်ရသေးပေါ့
ထပ်ရသေးတယ်
အရိပ်ရှည်တွေ
ထပ်ရသေးတယ်
ဝိပဿနာတရားတော်
ထပ်ရပါသေးတယ်
ရေဒီယိုသတင်း တစ်ဖြတ်
ပြောချင်တာက
ရေဒီယိုသတင်းထဲမှာ
ငါတစ်ညလုံး အိပ်စောင့်နေတုန်း
ဖြစ်သွားတာတွေ များလှချည်လားကွယ်။ ။
လင်းခါး
တစ်ညလုံး အိပ်စောင့်ရာက
မနက်ခင်းတစ်ခုကို ငါရလိုက်ပြီ
နှင်းစွတ်နေတဲ့ မြက်ပင်ကလေးပါ
အဆစ်ရသေးပေါ့
ထပ်ရသေးတယ်
အရိပ်ရှည်တွေ
ထပ်ရသေးတယ်
ဝိပဿနာတရားတော်
ထပ်ရပါသေးတယ်
ရေဒီယိုသတင်း တစ်ဖြတ်
ပြောချင်တာက
ရေဒီယိုသတင်းထဲမှာ
ငါတစ်ညလုံး အိပ်စောင့်နေတုန်း
ဖြစ်သွားတာတွေ များလှချည်လားကွယ်။ ။
လင်းခါး
နွေငါးဆယ် မိုးငါးဆယ် ဆောင်းငါးဆယ်
နွေငါးဆယ် မိုးငါးဆယ် ဆောင်းငါးဆယ်
-----------------
ပါးကိုရိုက်တယ်
နောက်ထပ် ပါးကိုထပ်ရိုက်တယ်
ပြီးတော့
ပါးကို ထပ်ရိုက်တယ်
ပါးရိုက်တာ နှစ်ငါးဆယ်
နားကိုပြန်ကိုက်ဖို့
သွားမပေါက်သေးပါ။ ။
လင်းခါး
-----------------
ပါးကိုရိုက်တယ်
နောက်ထပ် ပါးကိုထပ်ရိုက်တယ်
ပြီးတော့
ပါးကို ထပ်ရိုက်တယ်
ပါးရိုက်တာ နှစ်ငါးဆယ်
နားကိုပြန်ကိုက်ဖို့
သွားမပေါက်သေးပါ။ ။
လင်းခါး
ကမ္ဘာအသစ်
ကမ္ဘာအသစ်
---------------
ကျနော်တို့ဆီမှာ တော်တော်များများ ပါတယ်။ ခဲယမ်းနဲ့ ပဲရာဇာ။ မီးကျောက်နဲ့ မုန်လာဥနီ။ ညကြည့်မှန်ပြောင်းနဲ့ အတွင်းခံ။ ပစ္စတို ကျည်တောင့်နဲ့ မိုးမျှော်ငြုတ်သီး ၂ တောင့်။ ဟန်းကောနဲ့ ချယ်ရီပန်းများ။ ထင်ရှူးပင်နဲ့ စာခြောက်ရုပ်များ။ သူတို့ဆီမှာ ပါတာတွေကိုလည်း စာရင်းနဲ့တကွ ပြသလာကြပါတယ်။ အာမဘန္တေများ လက်သီးဆုပ်များ လက်သီးဆုပ်ကိုဖုံးထားတဲ့ ပုဆိုးခြုံများ အဖျားပျောက်ဆေး ရှူဗူး ဗူးသီးစိတ် တစ်စိတ် ကိုးပါးဆေး ဘန်နီဘန်း ဆေးပရုတ်ဆီ လေးညှင်းတစ်ပွင့် သွားကြားထိုးတံ ဘီစကိတ်မုန့် အကြေစများနှင့် အလှရေးစက္ကူများ။
နှစ်ဦးနှစ်ဖက် ပါတာတွေများလှပါတယ်။
အဲဒါနဲ့
ကမ္ဘာအသစ် ပြန်စရအောင်။ ။
လင်းခါး
---------------
ကျနော်တို့ဆီမှာ တော်တော်များများ ပါတယ်။ ခဲယမ်းနဲ့ ပဲရာဇာ။ မီးကျောက်နဲ့ မုန်လာဥနီ။ ညကြည့်မှန်ပြောင်းနဲ့ အတွင်းခံ။ ပစ္စတို ကျည်တောင့်နဲ့ မိုးမျှော်ငြုတ်သီး ၂ တောင့်။ ဟန်းကောနဲ့ ချယ်ရီပန်းများ။ ထင်ရှူးပင်နဲ့ စာခြောက်ရုပ်များ။ သူတို့ဆီမှာ ပါတာတွေကိုလည်း စာရင်းနဲ့တကွ ပြသလာကြပါတယ်။ အာမဘန္တေများ လက်သီးဆုပ်များ လက်သီးဆုပ်ကိုဖုံးထားတဲ့ ပုဆိုးခြုံများ အဖျားပျောက်ဆေး ရှူဗူး ဗူးသီးစိတ် တစ်စိတ် ကိုးပါးဆေး ဘန်နီဘန်း ဆေးပရုတ်ဆီ လေးညှင်းတစ်ပွင့် သွားကြားထိုးတံ ဘီစကိတ်မုန့် အကြေစများနှင့် အလှရေးစက္ကူများ။
နှစ်ဦးနှစ်ဖက် ပါတာတွေများလှပါတယ်။
အဲဒါနဲ့
ကမ္ဘာအသစ် ပြန်စရအောင်။ ။
လင်းခါး
ကောင်းတဲ့ ဓာတ်ပြား တစ်ပြားဖွင့်ကာ
ကောင်းတဲ့ ဓာတ်ပြား တစ်ပြားဖွင့်ကာ
--------------------
လိုချင်ရင် ငှက်နှုတ်သီးကိုလည်း ချွတ်ယူနိုင်ပါတယ်
ကျားအရေခွံ ဆင်စွယ်နဲ့ သမင်ချို အစရှိသဖြင့်
မလိုချင်ရင်လည်း
အများသုံးအိမ်သာမှာ ဘောင်းဘီချွတ်
အညစ်အကြေးစွန့်သလို ထားခဲ့နိုင်ပါတယ်။
ဒါဟာ ဝန်ဆောင်မှု
ဒါဟာ ကမ္ဘာကြီးကို သရော်တာ
ငါလိုချင်ရင် ဘာမဆို ရနိုင်တယ် နဲ့
ငါမလိုချင်လည်း ဘာမဆို ထားခဲ့မှာ ဆိုပြီး
သတိပေးလိုက်တာ ပေါလစ်တိုက်တာ အရောင်ပြောင်စေတာ
ဘာကိုလဲဆိုတော့ အတွင်းသဏ္ဍာန်ကိုပါ။
စတာလင်ဂရက် နောက်ခံ စစ်ပွဲရုပ်ရှင်တစ်ခုထဲမှာ
ဖက်ဆစ်အပျက်မ နဖူးကို နာကျည်း ရုရှားစစ်သား စနိုက်ပါက
ပစ်ချလိုက်ပါတယ်။
မရွေးချယ်ထားဘဲ လက်ခံထားရတဲ့ နှစ်ထောင်ပေါင်းများစွာသော
လူ့သမိုင်းတစ်လျှောက်လုံးကြီးအတွက် လူသားဖြစ်ရုံမျှနဲ့
တာဝန်ခံရမလား။
သာမန် နေ့စဉ်သုံး ဝေါဟာရ မဟုတ်တော့တာနဲ့
ဦးနှောက်က တမ်းရိပ်မိသွားတယ်
ရိပ်မိသွားတဲ့နောက် နောက်ကလိုက်တော့တယ်။
လိုရင်းကို ဘယ်တော့မှ မရောက်ပါ
မပေးချင်ရင် မပြရဘူး
မယုံကြည်ရင် မလုပ်ရဘူး
တချို့ဝါကျတွေဟာ
လော်လီတာအပြင် ဘာမှမဟုတ်ပါဘူး။
မယုံဘူးဆိုရင်
အထပ် ၅၀ အထိ တက်
ရောက်ရင် အလွတ်ခုန်ချ
ပုပ်ရဟန်းမင်းကြီးများ အမေရိကန် သမ္မတ အိမ်ခြေယာမဲ့
လူမျိုးမရွေး ဘာသာမရွေး အမြို့မြို့အနယ်နယ်တိုင်းမှာ မေးပါ
ဘယ်သူမဆို သေနိုင်ပါတယ်။
လင်းခါး
--------------------
လိုချင်ရင် ငှက်နှုတ်သီးကိုလည်း ချွတ်ယူနိုင်ပါတယ်
ကျားအရေခွံ ဆင်စွယ်နဲ့ သမင်ချို အစရှိသဖြင့်
မလိုချင်ရင်လည်း
အများသုံးအိမ်သာမှာ ဘောင်းဘီချွတ်
အညစ်အကြေးစွန့်သလို ထားခဲ့နိုင်ပါတယ်။
ဒါဟာ ဝန်ဆောင်မှု
ဒါဟာ ကမ္ဘာကြီးကို သရော်တာ
ငါလိုချင်ရင် ဘာမဆို ရနိုင်တယ် နဲ့
ငါမလိုချင်လည်း ဘာမဆို ထားခဲ့မှာ ဆိုပြီး
သတိပေးလိုက်တာ ပေါလစ်တိုက်တာ အရောင်ပြောင်စေတာ
ဘာကိုလဲဆိုတော့ အတွင်းသဏ္ဍာန်ကိုပါ။
စတာလင်ဂရက် နောက်ခံ စစ်ပွဲရုပ်ရှင်တစ်ခုထဲမှာ
ဖက်ဆစ်အပျက်မ နဖူးကို နာကျည်း ရုရှားစစ်သား စနိုက်ပါက
ပစ်ချလိုက်ပါတယ်။
မရွေးချယ်ထားဘဲ လက်ခံထားရတဲ့ နှစ်ထောင်ပေါင်းများစွာသော
လူ့သမိုင်းတစ်လျှောက်လုံးကြီးအတ
တာဝန်ခံရမလား။
သာမန် နေ့စဉ်သုံး ဝေါဟာရ မဟုတ်တော့တာနဲ့
ဦးနှောက်က တမ်းရိပ်မိသွားတယ်
ရိပ်မိသွားတဲ့နောက် နောက်ကလိုက်တော့တယ်။
လိုရင်းကို ဘယ်တော့မှ မရောက်ပါ
မပေးချင်ရင် မပြရဘူး
မယုံကြည်ရင် မလုပ်ရဘူး
တချို့ဝါကျတွေဟာ
လော်လီတာအပြင် ဘာမှမဟုတ်ပါဘူး။
မယုံဘူးဆိုရင်
အထပ် ၅၀ အထိ တက်
ရောက်ရင် အလွတ်ခုန်ချ
ပုပ်ရဟန်းမင်းကြီးများ အမေရိကန် သမ္မတ အိမ်ခြေယာမဲ့
လူမျိုးမရွေး ဘာသာမရွေး အမြို့မြို့အနယ်နယ်တိုင်းမှာ မေးပါ
ဘယ်သူမဆို သေနိုင်ပါတယ်။
လင်းခါး
နိုင်ငံရေး သိုင်းသမား
နိုင်ငံရေး သိုင်းသမား
-------------
နောက်ကျောကို ပြေးထိုးဖို့ ခြေလှမ်းပြင်တုန်း
ခြေထိုးခံလိုက်ရတယ်
ကျောပြန်ချလိုက်တယ်
တစ်ဖက်ကလည်း လက်သီးပုန်းပြန်နှက်တယ်
အောက်ပိုင်းကို ပြန်ထိုးတယ်
ပြီးတော့
အမြတ်ထုတ်လိုက်တယ်
ငုံ့ရှောင်တယ်
သီသီလေး လက်သိပ်ထိုးမိသွားတယ်
ယုန်ကလေးကို မြင်လို့
ချုံကလေးကို ထွင်သလို
အမြင့်ကြီး ပျံဖို့
ငုံ့ပြီးအားယူ
အလို သိုင်းသမား
ဓားချက်တွေက လျှပ်စီးဆန်တယ်
လှုပ်ရှားမှုတွေက မြန်တယ်။
လင်းခါး
-------------
နောက်ကျောကို ပြေးထိုးဖို့ ခြေလှမ်းပြင်တုန်း
ခြေထိုးခံလိုက်ရတယ်
ကျောပြန်ချလိုက်တယ်
တစ်ဖက်ကလည်း လက်သီးပုန်းပြန်နှက်တယ်
အောက်ပိုင်းကို ပြန်ထိုးတယ်
ပြီးတော့
အမြတ်ထုတ်လိုက်တယ်
ငုံ့ရှောင်တယ်
သီသီလေး လက်သိပ်ထိုးမိသွားတယ်
ယုန်ကလေးကို မြင်လို့
ချုံကလေးကို ထွင်သလို
အမြင့်ကြီး ပျံဖို့
ငုံ့ပြီးအားယူ
အလို သိုင်းသမား
ဓားချက်တွေက လျှပ်စီးဆန်တယ်
လှုပ်ရှားမှုတွေက မြန်တယ်။
လင်းခါး
ပြည်သူ့ အသံ
ပြည်သူ့ အသံ
---------------
သူ့ဘာသာသူ ခွေ
အိပ်နေတဲ့ ခွေး
ခွေးကို နင်းရင် ခွေးကိုက်ခံရတတ်တာပဲ။
လယ်သမားဆိုတာ
လယ်ထဲမှာ နေရမှာ
ဘာလို့ လမ်းပေါ်ရောက်လာရသလဲ။
ကျောင်းသားဟာ
စာသင်ခန်းထဲ ရှိရမှာ
ဘာလို့ လမ်းပေါ်ထွက်လာရသလဲ။
အလုပ်သမား
လုပ်ငန်းခွင်ထဲ တွေ့ရမှာ
ဘာလို့ လမ်းပေါ်တက်လာရသလဲ။
သံဃာဟာ
ကျောင်းသင်္ခမ်းမှာ တရားအားထုတ်ရမှာ
ဘာလို့ လမ်းပေါ်
မေတ္တာသုတ်ရွတ်နေရသတဲ့လဲ။
သူ့ဘာသာသူ နေရမှာ
ဘာလို့ ဘာကြောင့် ဘာအတွက် ဘယ်အရေးနဲ့
လမ်းပေါ်မှာလဲ
လမ်းပေါ် ဘာကြောင့် ရောက်နေရသတဲ့လဲ
ရှင်းပါတယ်
ဖိရင် ကြွတယ်
ထိရင် ချမယ်။ ။
လင်းခါး
---------------
သူ့ဘာသာသူ ခွေ
အိပ်နေတဲ့ ခွေး
ခွေးကို နင်းရင် ခွေးကိုက်ခံရတတ်တာပဲ။
လယ်သမားဆိုတာ
လယ်ထဲမှာ နေရမှာ
ဘာလို့ လမ်းပေါ်ရောက်လာရသလဲ။
ကျောင်းသားဟာ
စာသင်ခန်းထဲ ရှိရမှာ
ဘာလို့ လမ်းပေါ်ထွက်လာရသလဲ။
အလုပ်သမား
လုပ်ငန်းခွင်ထဲ တွေ့ရမှာ
ဘာလို့ လမ်းပေါ်တက်လာရသလဲ။
သံဃာဟာ
ကျောင်းသင်္ခမ်းမှာ တရားအားထုတ်ရမှာ
ဘာလို့ လမ်းပေါ်
မေတ္တာသုတ်ရွတ်နေရသတဲ့လဲ။
သူ့ဘာသာသူ နေရမှာ
ဘာလို့ ဘာကြောင့် ဘာအတွက် ဘယ်အရေးနဲ့
လမ်းပေါ်မှာလဲ
လမ်းပေါ် ဘာကြောင့် ရောက်နေရသတဲ့လဲ
ရှင်းပါတယ်
ဖိရင် ကြွတယ်
ထိရင် ချမယ်။ ။
လင်းခါး
မိဘပြည်သူများခင်ဗျာ
မိဘပြည်သူများခင်ဗျာ
-------------------
မိဘပြည်သူများခင်ဗျာ
သံသရာအထိ အရှုံးခံလုပ်နေကြတာပါ။
မိဘပြည်သူများခင်ဗျာ
အကျင့်ပျက်ဝန်ထမ်းကို ထုတ်လိုက်ရင်
အစိုးရယန္တရား နှောင့်နှေးသွားမှာ စိုးလို့ပါ။
မိဘပြည်သူများခင်ဗျာ
ဒါတွေက အရင်စိုးရလက်ချက်တွေပါ။
မိဘပြည်သူများခင်ဗျာ
ဒီလိုဖြစ်မယ်မှန်းမသိလို့
မီးလောင်ဗုန်းနဲ့ထုခဲ့တာပါ။
မိဘပြည်သူများခင်ဗျာ
စာနယ်ဇင်းများဟာ ကျင့်ဝတ်ကိုချိုးဖောက်ပြီး
အငြိုးအတေးတွေနဲ့ ရေးသားနေကြပါတယ်။
မိဘပြည်သူများခင်ဗျာ
နိုင်ငံရေးအကျဉ်းသားဆိုတာ ချိုနဲ့လားဗျ။
လုံးဝ လုံးဝ မရှိပါဘူး။
မိဘပြည်သူများခင်ဗျာ
ခင်ဗျားတို့ လူသတ်သတ် ပစ္စည်းခိုးခိုး
တစ်နှစ် သုံးကြိမ်လောက် ပြန်လွှတ်ပေးနေတာပဲ
ကျနော်တို့ကျမှ လှံလာမစိုက်ကြပါနဲ့။
မိဘပြည်သူများခင်ဗျာ
ကော်ဖီဆိုင်လေးဖွင့်ပြီး
ပန်းချီကားလေးတွေနဲ့ပဲ နေပါတော့မယ်။
မိဘပြည်သူများခင်ဗျာ
ကျနော့်မိသားစု လုံခြုံရေးကိုသာ
အာမခံလိုက်ပါ
အကုန်ဖော်ပါ့မယ်။
မိဘပြည်သူများခင်ဗျာ
တစ်နေ့နေ့မှာတော့ အကြွင်းမဲ့ ငြိမ်းချမ်းရေး ရမယ်လို့
ကျနော်ယုံကြည်ပါတယ်။
မိဘပြည်သူတို့ ကျနော်တို့ အကြွင်းမဲ့မရှိတော့တဲ့နေ့လည်း
ဖြစ်နိုင်ပါတယ်။
မိဘပြည်သူများခင်ဗျာ
တရုတ်ဟာ အင်မတန် ကျေးဇူးရှိပါတယ်
အကုန်လုံးက ပိတ်ဆို့ကြတုန်းက
သူကပဲ ဖွင့်ပေးထားတာပါ။
မိဘပြည်သူများခင်ဗျာ
မိဘပြည်သူတို့ကမှ လယ်မရှိ မစိုက်ဘဲနေရုံပါ
ကျနော်တို့က အမြဲပူပန်နေရပါတယ်။
မိဘပြည်သူများခင်ဗျာ
စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားသင့်ပါဘူး။
မိဘပြည်သူများခင်ဗျာ
နိုင်ငံတကာက မိဘပြည်သူတို့ ကျနော်တို့ရဲ့နိုင်ငံအပေါ်
တင်ရှိနေတဲ့ အကြွေးတွေချေပေးအောင်
ကျနော်လိုက်လံ ဆောင်ရွက်တာအောင်မြင်နေပါတယ်။
မိဘပြည်သူများခင်ဗျာ
အဲဒီတုန်းက ကျနော်တို့မှာ ထောက်လှမ်းရေးဆိုတော့
သေနတ်တောင် မရှိပါဘူး။
မိဘပြည်သူများခင်ဗျာ
အဲဒါတွေဟာ ဘုန်းကြီးတုတွေပါ။
မိဘပြည်သူများခင်ဗျာ
ပိုနေလို့တောင် ထုတ်ရောင်းနေရပါတယ်။
မိဘပြည်သူများခင်ဗျာ
ဒီရဲ့နောက်ကွယ်မှာ တစ်ခုခုရှိနေပါတယ်။
မိဘပြည်သူများခင်ဗျာ
ကြိုပြောလိုက်ရင် မိဘပြည်သူတို့
စိတ်ဆင်းရဲရမှာ စိုးလို့ပါ
မိဘပြည်သူများခင်ဗျာ
ဖယောင်းတိုင်နဲ့သာ နေသင့်ပါတယ်
မိဘပြည်သူများခင်ဗျာ
နာဂစ်ကြီးဖြစ်လိုက်တာ
ကျနော့်အိမ်ရှေ့က အပင်ကြီးတွေ မရှိတော့လို့
အခုမှပဲ ရွှေတိဂုံဘုရားကြီးကို ဝဝကြီးဖူးရပါတော့တယ်။
မိဘပြည်သူများခင်ဗျာ
ထမင်းတစ်နပ်ပဲ စားကြပါ
အဆီပိုတွေလည်း ကျတာပေါ့။
မိဘပြည်သူများခင်ဗျာ
မဲလေးနည်းနည်းလိုနေလို့ ကတ်ကလေးတွေ
ထုတ်ပေးမိတာပါ။
မိဘပြည်သူများခင်ဗျာ
ကျနော် သမ္မတဆက်လုပ်ရမလား
မလုပ်ရဘူးလား အထက်ကညွှန်ကြားလွှာ
မရောက်သေးပါဘူး။
မိဘပြည်သူများ ခင်ဗျာ
ဥယျာဉ်မှူးက ပန်းမခူးရတော့ဘူးလား။
မိဘပြည်သူများခင်ဗျာ
မပြုပြင် မပြောင်းလဲချင်သူတွေ ထားခဲ့မှာပါ
တကယ် ထားခဲ့မှာပါ
ဟိုတစ်ယောက်ကိုဆိုရင် ပြန်ကြားကနေ သမ ပြောင်းလိုက်ပါပြီ။
မိဘပြည်သူများခင်ဗျာ
ဖက်ဒရယ်ဆိုတာ
တိုင်းပြည်ပြိုကွဲမယ့် လက္ခဏာပါပဲ။
မိဘပြည်သူများခင်ဗျာ
အခြေအနေအကြောင်းကြောင်းအရ
တိုင်းပြည်ချောက်ထဲကျဖို့ နှစ်လက်မခန့်အလိုမှာ
တပ်မတော်က တွန်းချလိုက်ရပါတယ်။
မိဘပြည်သူများခင်ဗျာ
စစ်တပ်ဆိုတာ ပစ်ရင် ထိအောင်ပစ်ပါတယ်
မိုးပေါ်ထောင်တာ မပါပါဘူး။
မိဘပြည်သူများခင်ဗျာ
ဒီတစ်ခါ ဆူဆူပူပူ လုပ်မယ့်သူတွေ မသက်သာဘူးသာမှတ်။
လင်းခါး
-------------------
မိဘပြည်သူများခင်ဗျာ
သံသရာအထိ အရှုံးခံလုပ်နေကြတာပါ။
မိဘပြည်သူများခင်ဗျာ
အကျင့်ပျက်ဝန်ထမ်းကို ထုတ်လိုက်ရင်
အစိုးရယန္တရား နှောင့်နှေးသွားမှာ စိုးလို့ပါ။
မိဘပြည်သူများခင်ဗျာ
ဒါတွေက အရင်စိုးရလက်ချက်တွေပါ။
မိဘပြည်သူများခင်ဗျာ
ဒီလိုဖြစ်မယ်မှန်းမသိလို့
မီးလောင်ဗုန်းနဲ့ထုခဲ့တာပါ။
မိဘပြည်သူများခင်ဗျာ
စာနယ်ဇင်းများဟာ ကျင့်ဝတ်ကိုချိုးဖောက်ပြီး
အငြိုးအတေးတွေနဲ့ ရေးသားနေကြပါတယ်။
မိဘပြည်သူများခင်ဗျာ
နိုင်ငံရေးအကျဉ်းသားဆိုတာ ချိုနဲ့လားဗျ။
လုံးဝ လုံးဝ မရှိပါဘူး။
မိဘပြည်သူများခင်ဗျာ
ခင်ဗျားတို့ လူသတ်သတ် ပစ္စည်းခိုးခိုး
တစ်နှစ် သုံးကြိမ်လောက် ပြန်လွှတ်ပေးနေတာပဲ
ကျနော်တို့ကျမှ လှံလာမစိုက်ကြပါနဲ့။
မိဘပြည်သူများခင်ဗျာ
ကော်ဖီဆိုင်လေးဖွင့်ပြီး
ပန်းချီကားလေးတွေနဲ့ပဲ နေပါတော့မယ်။
မိဘပြည်သူများခင်ဗျာ
ကျနော့်မိသားစု လုံခြုံရေးကိုသာ
အာမခံလိုက်ပါ
အကုန်ဖော်ပါ့မယ်။
မိဘပြည်သူများခင်ဗျာ
တစ်နေ့နေ့မှာတော့ အကြွင်းမဲ့ ငြိမ်းချမ်းရေး ရမယ်လို့
ကျနော်ယုံကြည်ပါတယ်။
မိဘပြည်သူတို့ ကျနော်တို့ အကြွင်းမဲ့မရှိတော့တဲ့နေ့လည်း
ဖြစ်နိုင်ပါတယ်။
မိဘပြည်သူများခင်ဗျာ
တရုတ်ဟာ အင်မတန် ကျေးဇူးရှိပါတယ်
အကုန်လုံးက ပိတ်ဆို့ကြတုန်းက
သူကပဲ ဖွင့်ပေးထားတာပါ။
မိဘပြည်သူများခင်ဗျာ
မိဘပြည်သူတို့ကမှ လယ်မရှိ မစိုက်ဘဲနေရုံပါ
ကျနော်တို့က အမြဲပူပန်နေရပါတယ်။
မိဘပြည်သူများခင်ဗျာ
စစ်တပ်ကို စိတ်နဲ့တောင် မပစ်မှားသင့်ပါဘူး။
မိဘပြည်သူများခင်ဗျာ
နိုင်ငံတကာက မိဘပြည်သူတို့ ကျနော်တို့ရဲ့နိုင်ငံအပေါ်
တင်ရှိနေတဲ့ အကြွေးတွေချေပေးအောင်
ကျနော်လိုက်လံ ဆောင်ရွက်တာအောင်မြင်နေပါတယ်။
မိဘပြည်သူများခင်ဗျာ
အဲဒီတုန်းက ကျနော်တို့မှာ ထောက်လှမ်းရေးဆိုတော့
သေနတ်တောင် မရှိပါဘူး။
မိဘပြည်သူများခင်ဗျာ
အဲဒါတွေဟာ ဘုန်းကြီးတုတွေပါ။
မိဘပြည်သူများခင်ဗျာ
ပိုနေလို့တောင် ထုတ်ရောင်းနေရပါတယ်။
မိဘပြည်သူများခင်ဗျာ
ဒီရဲ့နောက်ကွယ်မှာ တစ်ခုခုရှိနေပါတယ်။
မိဘပြည်သူများခင်ဗျာ
ကြိုပြောလိုက်ရင် မိဘပြည်သူတို့
စိတ်ဆင်းရဲရမှာ စိုးလို့ပါ
မိဘပြည်သူများခင်ဗျာ
ဖယောင်းတိုင်နဲ့သာ နေသင့်ပါတယ်
မိဘပြည်သူများခင်ဗျာ
နာဂစ်ကြီးဖြစ်လိုက်တာ
ကျနော့်အိမ်ရှေ့က အပင်ကြီးတွေ မရှိတော့လို့
အခုမှပဲ ရွှေတိဂုံဘုရားကြီးကို ဝဝကြီးဖူးရပါတော့တယ်။
မိဘပြည်သူများခင်ဗျာ
ထမင်းတစ်နပ်ပဲ စားကြပါ
အဆီပိုတွေလည်း ကျတာပေါ့။
မိဘပြည်သူများခင်ဗျာ
မဲလေးနည်းနည်းလိုနေလို့ ကတ်ကလေးတွေ
ထုတ်ပေးမိတာပါ။
မိဘပြည်သူများခင်ဗျာ
ကျနော် သမ္မတဆက်လုပ်ရမလား
မလုပ်ရဘူးလား အထက်ကညွှန်ကြားလွှာ
မရောက်သေးပါဘူး။
မိဘပြည်သူများ ခင်ဗျာ
ဥယျာဉ်မှူးက ပန်းမခူးရတော့ဘူးလား။
မိဘပြည်သူများခင်ဗျာ
မပြုပြင် မပြောင်းလဲချင်သူတွေ ထားခဲ့မှာပါ
တကယ် ထားခဲ့မှာပါ
ဟိုတစ်ယောက်ကိုဆိုရင် ပြန်ကြားကနေ သမ ပြောင်းလိုက်ပါပြီ။
မိဘပြည်သူများခင်ဗျာ
ဖက်ဒရယ်ဆိုတာ
တိုင်းပြည်ပြိုကွဲမယ့် လက္ခဏာပါပဲ။
မိဘပြည်သူများခင်ဗျာ
အခြေအနေအကြောင်းကြောင်းအရ
တိုင်းပြည်ချောက်ထဲကျဖို့ နှစ်လက်မခန့်အလိုမှာ
တပ်မတော်က တွန်းချလိုက်ရပါတယ်။
မိဘပြည်သူများခင်ဗျာ
စစ်တပ်ဆိုတာ ပစ်ရင် ထိအောင်ပစ်ပါတယ်
မိုးပေါ်ထောင်တာ မပါပါဘူး။
မိဘပြည်သူများခင်ဗျာ
ဒီတစ်ခါ ဆူဆူပူပူ လုပ်မယ့်သူတွေ မသက်သာဘူးသာမှတ်။
လင်းခါး
Subscribe to:
Posts (Atom)