Tuesday, January 7, 2014

ပြီးတာတွေလည်း ပြီးပါစေတော့

ပြီးတာတွေလည်း ပြီးပါစေတော့
! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! ! !
သွေးနဲ့ ရင်းခဲ့
ချွေးနဲ့ တည်ခဲ့
တရားသဘောနဲ့ မဖြေဆည်နိုင်တော့
ဒီပင်လယ်ကို
ဒီလက်နဲ့ ဒီလိုကူးခတ်ခဲ့တာပဲ
ဟိုမှာဘက်
လောကနိဗ္ဗာန်လည်းမဟုတ်
ဆေးသားအကြည် ပီတိမြေလည်းမဟုတ်
မီးလောင်ပြင်ပေါ်က
မုဆိုးမထဘီစုတ်လို ညစ်နွမ်းတဲ့
အလိုဆန္ဒ
အညှာလို ကြွေရစေသား
ပြာလို ခြွေရစေသား။ ။

လင်းခါး
22-11-2013

No comments:

Post a Comment