ခေတ်နောက်ကျတဲ့ ကောင်
တစ်ညလုံး အိပ်စောင့်ရာက
မနက်ခင်းတစ်ခုကို ငါရလိုက်ပြီ
နှင်းစွတ်နေတဲ့ မြက်ပင်ကလေးပါ
အဆစ်ရသေးပေါ့
ထပ်ရသေးတယ်
အရိပ်ရှည်တွေ
ထပ်ရသေးတယ်
ဝိပဿနာတရားတော်
ထပ်ရပါသေးတယ်
ရေဒီယိုသတင်း တစ်ဖြတ်
ပြောချင်တာက
ရေဒီယိုသတင်းထဲမှာ
ငါတစ်ညလုံး အိပ်စောင့်နေတုန်း
ဖြစ်သွားတာတွေ များလှချည်လားကွယ်။ ။
လင်းခါး
No comments:
Post a Comment