Tuesday, January 7, 2014

သူ့ခေတ်မှာသူ မပျော်နိုင်

သူ့ခေတ်မှာသူ မပျော်နိုင်
----------------------
မစ်ဒ်နိုက်အင် ပဲရစ်လား
ပဲရစ်အင် မစ်ဒ်နိုက်လား
မမှတ်မိတော့ဘူး။
ကိုယ့်ခေတ်နဲ့ကိုယ် မပျော်နိုင်သူပေါ့။

မာယာကော့စကီး မပျော်တာတော့
ကြောက်စရာ
ဒိုင်းခနဲ သေနတ်မောင်းကိုဆွဲခဲ့တာ
သေနတ်ပြောင်းကလည်း ကိုယ့်ဘက်မှာ
မြို့မငြိမ်း မပျော်တော့တာလည်း
ကြောက်စရာ
မပျော်ကြသူတွေပေါ့။

ကျနော်မပျော်ခဲ့ပါဘူးတဲ့
ကဗျာဆရာ(ကို)ဘုန်းသက်ပိုင်က
ငါမပျော်တော့ဘူးဆိုပြီး
လင်းခါးလည်း မပျော်ခဲ့သပေါ့။

ကဗျာဆရာမောင်ချောနွယ်လည်း ပျော်ခဲ့မှာ မဟုတ်
ကဗျာဆရာလှသန်းလည်း ပျော်သွားမှာမဟုတ်

အယုတ်တမာများ ယုတ်မာကြပြီဆိုရင်
အာဏာရူးများ အာဏာစူးမိပြီဆိုရင်
ခေါင်းဆောင်များ ခေါင်းရှောင်ကြပြီဆိုရင်
အမှန်တရား နားခါးလှပြီဆိုရင်
အများညီတော့ ဒေါ့ခ် က ဂေါ့ဒ် ဖြစ်ပြီဆိုရင်

သူလည်းမပျော် ကိုယ်လည်းမပျော်

ကန့်သတ်ပျော်ဝင်နိုင်မှု အခြေအနေရောက်သွားတော့
ရေခွက်ထဲ ဆားတွေအခဲလိုက်ကျန်သလို
မပျော်......

ခုတော့
လူငယ်တွေကြား ဘန်းစကားတောင် ဖြစ်နေပေါ့

မပျော်ပါ.... တဲ့။ ။

လင်းခါး
၂၈-၅-၂၀၁၃

No comments:

Post a Comment