--------------------
ပါးစပ်ကြီးတစ်ခုလုံး
ပုံအောအသုံးချဖို့ လိုတယ်
ပါးစပ်ကြီးကို
လျှာရှည်တယ်လည်း အပြောခံရဖူး
တော်ကီပစ်တယ်လည်း အဆိုခံရဖူး
လေပေါလိုက်တာနော်
နှုတ်ကြမ်းတယ် စသည်ဖြင့်တွေနဲ့
ပါးစပ်ကြီးက မကြားဘူး
ပါးစပ်ကြီးက နားမှမဟုတ်ဘဲ
ပါးစပ်ကြီးကတော့
ပါးစပ်ကြီးတစ်ခုလုံးအသုံးချနည်း
စဉ်းစားတယ်။
ပါးစပ်ကြီးဟာ
တော်လှန်ရေးပါးစပ်ကြီးပါ
ဆဲတယ်ဆိုတယ် ဟောပြောတယ်
ပါးစပ်ကြီးဟာ လက်သီးတွေလည်း
မြည်းခဲ့ဖူးပါတယ်။
ဒါပေမယ့်
ပါးစပ်ကြီးဟာ
ဘယ်တော့မှ ပင်စင်မယူ
ဘယ်တော့မှ အရှုံးမပေး
ကြုံးဝါးသေးတယ်
အသက်ကြီးပေမယ့်
ပါးစပ်ကြီးက မပျက်စီးသေးဘူးကွတဲ့။ ။
လင်းခါး
No comments:
Post a Comment