Tuesday, January 7, 2014

ရှေ့ထွက်မင်းသား

ရှေ့ထွက်မင်းသား
---------------------

ကွန်မြူနစ်ဇာတ်ပျက်နဲ့ ဒညင်းသီးဝက်သားချက်
နှစ်ခုပြိုင်တူတွေ့ရင် ကိုယ်ကျိုးနည်းနိုင်တယ်။
အခုတော့
အာဏာရှင်က ဒီမိုကရေစီသင်္ကန်းစီးလို့
ဒုလ္လဘဝတ်ဦးမယ်လို့ ပြောနေတယ်။
ခက်တာပဲ
ဘီလူးရယ် အစွယ်ဖြဲမပြလည်း နင့်မျက်နှာ
ကြောက်စရာကောင်းပါတယ်။ ။



လင်းခါး

No comments:

Post a Comment