Tuesday, January 7, 2014

ပြည်သူ့ အသံ

ပြည်သူ့ အသံ
---------------

သူ့ဘာသာသူ ခွေ
အိပ်နေတဲ့ ခွေး
ခွေးကို နင်းရင် ခွေးကိုက်ခံရတတ်တာပဲ။

လယ်သမားဆိုတာ
လယ်ထဲမှာ နေရမှာ
ဘာလို့ လမ်းပေါ်ရောက်လာရသလဲ။

ကျောင်းသားဟာ
စာသင်ခန်းထဲ ရှိရမှာ
ဘာလို့ လမ်းပေါ်ထွက်လာရသလဲ။

အလုပ်သမား
လုပ်ငန်းခွင်ထဲ တွေ့ရမှာ
ဘာလို့ လမ်းပေါ်တက်လာရသလဲ။

သံဃာဟာ
ကျောင်းသင်္ခမ်းမှာ တရားအားထုတ်ရမှာ
ဘာလို့ လမ်းပေါ်
မေတ္တာသုတ်ရွတ်နေရသတဲ့လဲ။

သူ့ဘာသာသူ နေရမှာ
ဘာလို့ ဘာကြောင့် ဘာအတွက် ဘယ်အရေးနဲ့
လမ်းပေါ်မှာလဲ
လမ်းပေါ် ဘာကြောင့် ရောက်နေရသတဲ့လဲ
ရှင်းပါတယ်

ဖိရင် ကြွတယ်
ထိရင် ချမယ်။ ။

လင်းခါး

No comments:

Post a Comment