သမီးပေး သမက်ရ
---------------
တစ် တစ်လီ တစ်
နှစ် နှစ်လီ လေး မှသည်
ဒီကမ္ဘာကြီးဟာ ယထာဓမ္မမဟုတ်ဘူး အထိ
ကဗျာက သေဖော်မညှိ
နှင်းဆီလှသလို
ခရေလည်း လှပါတယ် လောက်တော့
ပြောပါတယ်
လူတန်းစားအကြောင်းနည်းနည်း
တောတောင်ရေမြေ သဘာဝနည်းနည်း
ဘုန်းတော်ရှင် ကံတော်ရှင်နည်းနည်းနဲ့
တောနက်နက်မှ စန္ဒကူးပန်း
သမုဒ္ဒရာကြမ်းပြင်က ကျောက်တန်း
ချိုင့်ဝှမ်းနက်ကြီးတွင်းမှ ရောနှောဓာတ်ငွေ့များ
အကြောင်း
ဘစ်ဘန်း
ဘလက်ဟိုး
ဧကောဓမ္မော
သုံးပါးတစ်ဆူ
မောရှေ
မိုဟာမက်
ဒါဝင်
ဓမ္မသစ်
ပိဋကတ်သုံးပုံ
နဂါးငွေ့တန်းဂလက်ဆီအပြင်မှ
စကြာဝဠာကာလ ပယောဂ ဒေသ
နောက်တစ်ခု
ဘာသာစကား
ဘယ်လိုရှင်သန်ခဲ့ရသလဲ
နောက်က
ဘယ်လို သေဆုံးခဲ့ရသလဲ
ညက်ညက်မကြေ
သွားကြားညက်၍
ကသိကအောက်ဖြစ်ရသူများ
တရုတ်ပြည်မှ ဝါးကောင်းဝါးသန့်များဖြင့်
ပြုလုပ်ထားသော
ကဗျာတံဆိပ်
ပိုးသတ်ပြီး သွားကြားထိုးတံရောင်းပါတယ်။ ။
လင်းခါး
No comments:
Post a Comment