နိုင်ငံရေး သိုင်းသမား
-------------
နောက်ကျောကို ပြေးထိုးဖို့ ခြေလှမ်းပြင်တုန်း
ခြေထိုးခံလိုက်ရတယ်
ကျောပြန်ချလိုက်တယ်
တစ်ဖက်ကလည်း လက်သီးပုန်းပြန်နှက်တယ်
အောက်ပိုင်းကို ပြန်ထိုးတယ်
ပြီးတော့
အမြတ်ထုတ်လိုက်တယ်
ငုံ့ရှောင်တယ်
သီသီလေး လက်သိပ်ထိုးမိသွားတယ်
ယုန်ကလေးကို မြင်လို့
ချုံကလေးကို ထွင်သလို
အမြင့်ကြီး ပျံဖို့
ငုံ့ပြီးအားယူ
အလို သိုင်းသမား
ဓားချက်တွေက လျှပ်စီးဆန်တယ်
လှုပ်ရှားမှုတွေက မြန်တယ်။
လင်းခါး
No comments:
Post a Comment