Tuesday, January 7, 2014

ကမ္ဘာအသစ်

ကမ္ဘာအသစ်
---------------

ကျနော်တို့ဆီမှာ တော်တော်များများ ပါတယ်။ ခဲယမ်းနဲ့ ပဲရာဇာ။ မီးကျောက်နဲ့ မုန်လာဥနီ။ ညကြည့်မှန်ပြောင်းနဲ့ အတွင်းခံ။ ပစ္စတို ကျည်တောင့်နဲ့ မိုးမျှော်ငြုတ်သီး ၂ တောင့်။ ဟန်းကောနဲ့ ချယ်ရီပန်းများ။ ထင်ရှူးပင်နဲ့ စာခြောက်ရုပ်များ။ သူတို့ဆီမှာ ပါတာတွေကိုလည်း စာရင်းနဲ့တကွ ပြသလာကြပါတယ်။ အာမဘန္တေများ လက်သီးဆုပ်များ လက်သီးဆုပ်ကိုဖုံးထားတဲ့ ပုဆိုးခြုံများ အဖျားပျောက်ဆေး ရှူဗူး ဗူးသီးစိတ် တစ်စိတ် ကိုးပါးဆေး ဘန်နီဘန်း ဆေးပရုတ်ဆီ လေးညှင်းတစ်ပွင့် သွားကြားထိုးတံ ဘီစကိတ်မုန့် အကြေစများနှင့် အလှရေးစက္ကူများ။
နှစ်ဦးနှစ်ဖက် ပါတာတွေများလှပါတယ်။
အဲဒါနဲ့
ကမ္ဘာအသစ် ပြန်စရအောင်။ ။

လင်းခါး

No comments:

Post a Comment