စပ်ကူးမတ်ကူး
----------------
စပ်ကူးမတ်ကူးမှာ
ဂစ်တာ တဒေါင်ဒေါင်တဒင်ဒင်ကောင်
လမ်းပေါ်ထွက်လာ
အုတ်ခုံပေါ်က ကောင်
လမ်းပေါ်ထွက်လာ
လက်ဖက်ရည်ဆိုင်က ဒူးတနှံ့နှံ့ကောင်
လမ်းပေါ်ထွက်လာ
ဒီကောင်တွေ ဘာလို့လမ်းပေါ်ထွက်လာသလဲ
မသိဘူး
ငါလည်း လမ်းပေါ်ထွက်လာ
စပ်ကူးမတ်ကူးကာလမှာပေါ့
လူတိုင်းဟာ လမ်းပေါ်မှာ
ငါ တစ်ယောက်လည်း
လမ်းပေါ်မှာ ။ ။
လင်းခါး
No comments:
Post a Comment