Thursday, February 28, 2013
ပလေတိုးနစ် အချစ်တွေ
ပလေတိုးနစ် အချစ်တွေ
ကမ္ဘာကြီးကိုချစ်တယ်
ကလေးတွေကို ချစ်တယ်
ခွေးပေါက်စကလေးတွေကိုလည်း ချစ်တာပဲ
ဒိပြင်
ကြောင်ပေါက်စလေးတွေကိုလည်းချစ်တာပဲ
နွားပေါက်စကလေးတွေ၊ ကျားပေါက်စကလေးတွေကိုလည်း ချစ်တယ်။
သို့သော်
မြွေပေါက်ကလေးများကို ကျွန်တော်မချစ်ပါ။
အမှားလေးတွေကိုလည်း မချစ်ဘူး။
ဖရန်ကို ပေါက်စတွေ
ဟစ်တလာ ပေါက်စတွေ
အာဏာရှင်ပေါက်စလေးတွေကိုလည်း မချစ်ဘူး
နည်းနည်းလေး မွမ်းမံလိုက်ရုံနဲ့တော့
မေတ္တာသက်ဝင် ချစ်စိတ်မထင်နိုင်ဘူးပေါ့ ။ ။
လင်းခါး
၆-၁၂-၂၀၁၃
ကမ္ဘာကြီးကိုချစ်တယ်
ကလေးတွေကို ချစ်တယ်
ခွေးပေါက်စကလေးတွေကိုလည်း ချစ်တာပဲ
ဒိပြင်
ကြောင်ပေါက်စလေးတွေကိုလည်းချစ်တ
နွားပေါက်စကလေးတွေ၊ ကျားပေါက်စကလေးတွေကိုလည်း ချစ်တယ်။
သို့သော်
မြွေပေါက်ကလေးများကို ကျွန်တော်မချစ်ပါ။
အမှားလေးတွေကိုလည်း မချစ်ဘူး။
ဖရန်ကို ပေါက်စတွေ
ဟစ်တလာ ပေါက်စတွေ
အာဏာရှင်ပေါက်စလေးတွေကိုလည်း မချစ်ဘူး
နည်းနည်းလေး မွမ်းမံလိုက်ရုံနဲ့တော့
မေတ္တာသက်ဝင် ချစ်စိတ်မထင်နိုင်ဘူးပေါ့ ။ ။
လင်းခါး
၆-၁၂-၂၀၁၃
ခါးခါးသီးသီးမတူညီတာတွေ
ခါးခါးသီးသီး မတူညီတာတွေ
အပြောင်းအလဲခေါ်ရာနောက်မှာ
ဒရွတ်ဆွဲလို့
ငါတို့ ပိုစတာတွေ၊
ငါတို့ အရေးအသားတွေ၊
ငါတို့ တီရှပ်တွေ၊
ငါတို့ လေသံတွေ၊
ငါတို့ မုန်းတီးရွံရှာခဲ့သမျှတွေ၊
ဖွဲဖွဲမိုးထဲမှာ၊
နွေက ပူခဲ့သမျှ မေ့လို့ ရသွားပြီပေါ့။
ငါတို့က အဆိုးမြင်တွေ
ငါတို့က အပြုသဘောလည်းမဆောင်
ငါတို့က စာအုပ်ကြီးမူ
ငါတို့က ကွန်မြူနစ်တွေတဲ့ ....
အပေါစားမြန်မာဗီဒီယိုဇာတ်လမ်းတွေကြည့်ပြီး
မင်းတို့ ကွန်မြူနစ်တွေ မိုက်ရိုင်းတယ်ပြောတယ်
အပေါစားမြန်မာဗီဒီယိုဇာတ်လမ်းတွေကြည့်ပြီး
အောက်တန်းစားနဲ့ အပေါစားကြားထဲညပ်နေတဲ့ ၀ါကျတွေသုံး
အမေရိကန်တွေလို လူ့ယဉ်ကျေးမှုသမိုင်းကို ငြီးငွေ့လေဟန်နဲ့
ငါတို့က ကွန်ဆာဗေးတစ်တဲ့
ငါတို့က မိန်းစထရင်းတဲ့
ငါတို့မှာ တိုးတက်သောအမြင်မရှိတဲ့
ငါတို့ဟာ ယစ်ပီတွေလိုလိုနဲ့ ဟစ်ပီတွေတဲ့
မှားလေ ...
မှားခဲ့လေ ...
ငါတို့ဟာ ဘာမှမဟုတ်
ငါတို့ဟာ လူသားအနွယ်ဝင်မျှသာ ...... ။ ။
လင်းခါး
၂၆-၁၁-၂၀၁၁
အပြောင်းအလဲခေါ်ရာနောက်မှာ
ဒရွတ်ဆွဲလို့
ငါတို့ ပိုစတာတွေ၊
ငါတို့ အရေးအသားတွေ၊
ငါတို့ တီရှပ်တွေ၊
ငါတို့ လေသံတွေ၊
ငါတို့ မုန်းတီးရွံရှာခဲ့သမျှတွေ၊
ဖွဲဖွဲမိုးထဲမှာ၊
နွေက ပူခဲ့သမျှ မေ့လို့ ရသွားပြီပေါ့။
ငါတို့က အဆိုးမြင်တွေ
ငါတို့က အပြုသဘောလည်းမဆောင်
ငါတို့က စာအုပ်ကြီးမူ
ငါတို့က ကွန်မြူနစ်တွေတဲ့ ....
အပေါစားမြန်မာဗီဒီယိုဇာတ်လမ်းတေ
မင်းတို့ ကွန်မြူနစ်တွေ မိုက်ရိုင်းတယ်ပြောတယ်
အပေါစားမြန်မာဗီဒီယိုဇာတ်လမ်းတေ
အောက်တန်းစားနဲ့ အပေါစားကြားထဲညပ်နေတဲ့ ၀ါကျတွေသုံး
အမေရိကန်တွေလို လူ့ယဉ်ကျေးမှုသမိုင်းကို ငြီးငွေ့လေဟန်နဲ့
ငါတို့က ကွန်ဆာဗေးတစ်တဲ့
ငါတို့က မိန်းစထရင်းတဲ့
ငါတို့မှာ တိုးတက်သောအမြင်မရှိတဲ့
ငါတို့ဟာ ယစ်ပီတွေလိုလိုနဲ့ ဟစ်ပီတွေတဲ့
မှားလေ ...
မှားခဲ့လေ ...
ငါတို့ဟာ ဘာမှမဟုတ်
ငါတို့ဟာ လူသားအနွယ်ဝင်မျှသာ ...... ။ ။
လင်းခါး
၂၆-၁၁-၂၀၁၁
ဒေ၀ဒတ်တေး
ဒေ၀ဒတ်တေး
အများရွေ့တယ်ဆိုတော့ ရွေ့တယ်
မရွေ့ဘူးဆိုတော့လည်း မရွေ့ဘူးပေါ့
အမှန်တရားမှာ အဖက်ဖက်မရှိ၊ ကြားမရှိ
ငါလည်း ဘာမှ ငြင်းစရာမရှိ
အထွန့်တက်စရာမရှိ
ကိုယ့်ဆင်ခြင်တုံ
ကိုယ့်လက်ရာ
ကိုယ့်သမိုင်းနဲ့ ကိုယ်ပဲ။
အမှန်တရားဟာ ဘယ်အရပ်မှာရှိတယ်
ဘယ်ကသွားရင် ရတယ်
ဘယ်လမ်းကတော့ ပိုနီးတယ်ရယ်လို့
နေ့စဉ်ဘ၀တွေ၊ ညနေခင်းသတင်းတွေက ညွှန်ပြပေရဲ့။
လူမှုရေးဘ၀ဟာ လူမှုရေးအသိကို ပြဋ္ဌာန်းတယ် ဆိုတဲ့
စကားရှိပေရဲ့
ချောက်ထဲပဲ ကျချင်တဲ့ ကျောက်တုံးများအတွက်တော့
ဖေးကူတွန်းချသူ လက်တွေကိုပဲ
အပြစ်တင်နေပြန်တော့လည်း
မတရား ....။ ။
လင်းခါး
၁၃-၁၂-၂၀၁၂

ထိုင်ခုံလေးပေါ်က နေ့ရက်တွေ
လူသားဖြစ်တည်မှုကို ငြင်းဆန်ခဲ့မိလို့လား
စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့မိလို့လား
ကလေးစစ်သားတွေ အသုံးပြုမိခဲ့လို့လား
လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့မိလို့လား
အန်နစတီ အင်တာနေရှင်နယ်က
ဘာတွေ ထုတ်ပြန်နေသတဲ့လဲ။
ယူအန်အိက်စီအာ က ဘာတဲ့လဲ။
ကိုယ်ဘာမှ မသိရပါလား
ကိုယ်ဘာမှ မလုပ်မိရပါလား
ကိုယ်လေ ....
ကိုယ်ဒီမှာ
ဒီထိုင်ခုံလေးပေါ်မှာ
ဘယ်ဘက်ခြေထောက်ကလေး အောက်ကိုထောက်
ထောက်ထားတဲ့ ဘယ်ဘက်ခြေထောက်လေးရဲ့
ဒူးအထက် ပေါင်ရင်းအနား ညာဘက်ခြေထောက်လေးကိုတင်
လက်ကလေးကို ပိုက်ရက်နဲ့
ကိုယ်နေခဲ့တာပါ .....။
တကယ်ပါကွယ်
နည်းနည်းပါးပါး ပြောမှားဆိုမှား ရှိမယ်ထင်ပါရဲ့။
ဒါပေမယ့် ဒီလိုလေးပါ
ဒီထိုင်ခုံလေးပေါ်က ဆင်းပြီး ဘယ်မှမသွားခဲ့ဘဲ နေခဲ့တာပါ။
အိုင်စီစီက ကိုယ့်ကို ခေါ်နေသတဲ့လား
သူတို့ကို ကိုယ့်ကို လိုချင်ကြသတဲ့လားကွယ်
ဒီကမ္ဘာကြီးနဲ့လည်း ခက်ပါတယ်နော် ။ ။
လင်းခါး
22-7-2012

Monday, February 25, 2013
ကုန်းနှီးထက်မှာ၊ ကတုတ်ကျင်းထဲမှာ၊ စစ်ပွဲကြီးပြီးသွားတဲံ မြေပြင်ထက်မှာ
ဖြူစင်တဲ့ ကလေးတွေ မှတ်ထားရမယ်
တစ်နေ့ ကြီးပြင်းလာတဲ့တစ်နေ့
စစ်ပွဲတွေထဲ ပါဝင်မှုကို ငြင်းဆန်ဖို့
ကြီးလာရင် စစ်သားကြီး လုပ်မယ်
ဆိုတဲ့ အတွေးတွေ ဖြစ်မလာဖို့ ၀န်းကျင်ဆိုးတွေလည်း ရခဲ့ပြီး
မှတ်တမ်းဆိုးတွေလည်း ရှိခဲ့ပြီးတဲ့နောက်
စစ်ပွဲတွေကို ရှုံ့ချတတ်ဖို့
သားတို့သမီးတို့ရဲ့ လက်တွေ ဘောပင်ပဲကိုင်ပါကွယ်
ကီးဘုတ်ပေါ်ပဲ ၀ဲလှည့်ပါကွယ်
ခလုတ်ကွေးတွေပေါ် လက်မတင်ချင်ပါနဲ့
သေနတ်ပြောင်းက ထွက်တဲ့ ကျည်ဆံဟာ ငြိမ်းချမ်းရေးဆီမရောက်
အချိန်မတန်သေးတဲ့ အကျည်းတန်သေခြင်းဆီသာ ရောက်တယ်
သေရမှာပဲ မဟုတ်လား
မှန်ပါတယ်
ဆိုပေမယ့် ကလေးရယ်
မြတ်သောသေခြင်းဖြစ်ဖို့ သေနတ်တွေမလို
ဗြဟ္မစိုရ်တရားသာ လိုပါတယ်။ ။
လင်းခါး
၂၆-၂-၂၀၁၃
န်းနှီးထက်မှာ၊ ကတုတ်ကျင်းထဲမှာ၊ စစ်ပွဲကြီးပြီးသွားတဲံ မြေပြင်ထက်မှာ
တစ်နေ့ ကြီးပြင်းလာတဲ့တစ်နေ့
စစ်ပွဲတွေထဲ ပါဝင်မှုကို ငြင်းဆန်ဖို့
ကြီးလာရင် စစ်သားကြီး လုပ်မယ်
ဆိုတဲ့ အတွေးတွေ ဖြစ်မလာဖို့ ၀န်းကျင်ဆိုးတွေလည်း ရခဲ့ပြီး
မှတ်တမ်းဆိုးတွေလည်း ရှိခဲ့ပြီးတဲ့နောက်
စစ်ပွဲတွေကို ရှုံ့ချတတ်ဖို့
သားတို့သမီးတို့ရဲ့ လက်တွေ ဘောပင်ပဲကိုင်ပါကွယ်
ကီးဘုတ်ပေါ်ပဲ ၀ဲလှည့်ပါကွယ်
ခလုတ်ကွေးတွေပေါ် လက်မတင်ချင်ပါနဲ့
သေနတ်ပြောင်းက ထွက်တဲ့ ကျည်ဆံဟာ ငြိမ်းချမ်းရေးဆီမရောက်
အချိန်မတန်သေးတဲ့ အကျည်းတန်သေခြင်းဆီသာ ရောက်တယ်
သေရမှာပဲ မဟုတ်လား
မှန်ပါတယ်
ဆိုပေမယ့် ကလေးရယ်
မြတ်သောသေခြင်းဖြစ်ဖို့ သေနတ်တွေမလို
ဗြဟ္မစိုရ်တရားသာ လိုပါတယ်။ ။
လင်းခါး
၂၆-၂-၂၀၁၃
ချိနဲ့နေတဲ့ တိမ်မဲတွေ
ချိနဲ့နေတဲ့ တိမ်မဲတွေ
အဘိဇ္ဈာတောအုပ်အတွင်းဝယ်
ထိုင်နေရင်း
တစ်ခုခုနဲ့ ပိုပိုဝေးသွားတယ်
နောက်ထပ် တစ်ခုခုနဲ့လည်း ပိုပိုဝေးသွားတယ်
ဘယ်တစ်ခုနဲ့မှလည်း မနီးတော့ဘူး။
တိတ်ဆိတ်သွားတဲ့အခါ
အလိုဆန္ဒတွေ များပြားလာ
ပိုပိုဝေးသွားတာတွေကို တမ်းတလာ
တိတ်ဆိတ်သွားတဲ့အခါ
ကိုယ့်လိုအင်ကိုယ် ဆန့်ကျင်စိတ်က ကိန်းဝပ်လာ
အဘိဇ္ဈာတောအုပ်အတွင်းဝယ်
ပဋိပက္ခသဘော
ဝိရောဓိသဘော
အနက်ရှုပ်ထွေးခြင်းသဘော
ဘယ်သဘောနဲ့မဆို ရပ်တည်ရခက်ဖွယ်
သြော် ... အဘိဇ္ဈာတောအုပ်အတွင်းမှာကွယ် .....။ ။
လင်းခါး
28-1-2013

Wednesday, February 20, 2013
ကောင်းကင်နှင့်မြေကြီးသည်
ငါတို့တွေ အေးအေးချမ်းချမ်းအိပ်နေဖို့အတွက်
တိုက်ခိုက်တွန်းလှန်နေရသူတွေ ရှိတယ်
ငါတို့တွေ နေ့လည်စာ စားမယ်
ငါတို့တွေ လမ်းလျှောက်ထွက်မယ်
ငါတို့တွေ ရေဒီယိုနားထောင်မယ်
ငါတို့တွေ မီရှဲယိုး၊ ရမ်ဘို၊ တွမ်ဟင့်၊ ဂျော့ကလူးနီ ဇာတ်ကားတွေကြည့်မယ်
ငါတို့တွေ နှင်းဆီပန်းတွေခူး ဘုရားမှာလှူမယ်
လူဖြစ်ရတာ ကျေနပ်စရာ၊ ငြိမ်သက်တယ်၊
လောကုတ္တရာတရားတွေ အားထုတ်နိုင်တယ်။
သူတို့တွေ အသက်ကြီးကြီးလှပြီ မမောနိုင်ဘူး
သူတို့တွေ အကျဉ်းကျလို့
သူတို့တွေ သားတကွဲ မယားတကွဲ
သူတို့တွေ ထမင်းမျိုဖို့ ခဲယဉ်းနေတယ်
သူတို့တွေ ဂျာနယ်အစုတ်တွေဖတ်ရ၊ ရေဒီယို ခိုးနားထောင်ခဲ့ရ။
သူတို့တွေ
လေကောင်းလေသန့်တွေရှူရင်း
မိတ်ဆွေတွေနဲ့ စကားထိုင်ပြောရသတဲ့ အိပ်မက်ထဲမှာ။
လူဖြစ်ရတာ တန်ဖိုးရှိတယ်၊ အဖိနှိပ်ခံတယ်၊ ပွက်လောရိုက်တယ်
လောကီရေးရာ အဓိပ္ပါယ်ရှိမှုကို ဖ၀ါးခြေထပ်နင်းလို့။
ငါတို့တွေနဲ့ သူတို့တွေကြားမှာ
ယုံကြည်လေးစားမှုနဲ့ ပေါင်းကူးတယ်
အားကိုးအလေးထားမှုနဲ့ ဆက်သွယ်တယ်
သူတို့တွေက ငါတို့တွေကို ကိုယ်စားပြုခဲ့တယ်
ငါတို့က သူတို့အတွက် စိန္တေမြတ်ထံ ဆုတွေပန်တယ်
ငါတို့က သူတို့အတွက် ဘုရားကုန်းပေါ် တအားကုန်းအော်ခဲ့တယ်
သူရဲကောင်းဆို အားကျတဲ့စိတ် ငါတို့မှာ ရှိတာကိုး
ငါတို့တွေဟာ သူတို့တွေလို ဖြစ်ရင်ကောင်းမှာပဲ ။ ။
လင်းခါး
၁၈-၂-၂၀၁၃ နေ့ထုတ် ဒီလှိုင်းစာစောင်မှ

Monday, February 18, 2013
ညနေနီနီ
ညနေနီနီ
တဖြည်းဖြည်း အနောက်ဘက်မှာ ကောင်းကင်နီနီ
ဝါဂွမ်းဖတ်လေးတွေပေါ်
ဘယ်ကလွင့်စင်မှန်းမသိရတဲ့ သွေးစတွေကလည်း ရဲရဲ
ငြီးကြည့်မယ်လို့ တွေးနေတုန်း
သတိမရဖြစ်သွားတဲ့ သီချင်းနာမည်က နဂါးနီ
နည်းနည်းရက်စက်ပေမယ့်
နည်းနည်းပိုမှန်ခဲ့တဲ့ ခရီးရှည်ချီတက်သူတွေက တပ်နီ
တနီနီဖြစ်နေတော့
သတိရမိတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာကလည်း
တကယ်တော့ နီနီပါပဲ
ဒါနဲ့ ဒီညနေ ငါဘာတွေ နီဆွေးနေရသလဲ
စဉ်းစားမိတော့
အမှန်တရားသည်ပင် ကိုယ်စားပြုအရောင်က
နီ ..... နီ ..... နီ ...... နီ ...... ။ ။

Saturday, February 16, 2013
ရှင်နဲ့ကျွန်မ
ရှင်နဲ့ ကျွန်မ
ရှင်နဲ့ကျွန်မ
တစ်ယောက်ကို တစ်ယောက်ကြည့်
အသက်ရှူပုံချင်းညှိပြီး
လွတ်လွတ်လပ်လပ်ရယ်မောရမယ်ဆိုရင်
သံသရာဝဋ်ဒုက္ခအပေါင်းက လွတ်မြောက်ရချည်ရဲ့။
ရှင်နဲ့ကျွန်မအကြား
ကျွန်မ ဆံပင်ပါးပါးသာ ခြားမယ်ထင်ရတဲ့ အရှုပ်အထုပ်ကိစ္စလေး
ကမ္ဘာချင်းခြားတဲ့အခါ
အဖျားတွေ တဒီးဒီးတက်နေလည်း
ကြွေနေတဲ့ သစ်ရွက်ဟာ ပြန်လည်ချိတ်ဆက်လို့ မရကောင်းဘူးရှင်ရယ်
စိထားတဲ့ နှုတ်ခမ်းတွေအောက်မှာ
သွားကြားက တိုးထွက်နေတဲ့ ၀ါကျတွေဟာ
ဒါပြီးဒါ သိနေမယ့် ပဒေသာတွေလား
အထူးအဆန်းရှိနေသေးလား။
မဖြစ်နိုင်ပါဘူးလေဆိုပြီး
ဆွေးမြည့်နေပြီဖြစ်တဲ့ ဆွေးမြည့်ခွဲခွာခဲ့ရခြင်း
ဝေးသွားတာနဲ့အမျှ
ရှင်နဲ့ကျွန်မ အစက်အပြောက်လေးတွေမျှသာ။
ကျွန်မတို့ရဲ့ နာရီပိုင်းအတွေ့လေးတွေဟာ
နွေအခါ အခေါက်ခွာခံရတဲ့ ပင်စည်အကွက်တွေပေါ်မှာ
မိုးအခါ မိုးစက်တစ်စက်ချင်းစီရဲ့ ကိုယ်ထည်မှာ
ဆောင်းအခါ နှင်းခိုးရိုက်နေတဲ့ မှန်ပြတင်းတွေပေါ်မှာ
ဆိုလိုတာကတော့
ရှင့်လို တိမ်စတိမ်မွှားလေးဆီက
ကြက်သီးအဖုအထစ်လေးတွေ အရသာခံစားမှု
ခံစား ရရှိခဲ့တယ်ဆိုတာ။
ရှင်ဟာ စုဆောင်းထားရှိစရာ ချိုင့်ခွက်ကလေးတစ်ခုမှမရှိတဲ့
အလေနတော ငှက်တစ်ကောင်
နှိုက်နှိုက်ချွတ်ချွတ် ချစ်တတ်တဲ့ မစေ့စပ်မသေချာသူ
ရှင့်ဦးနှောက်ထဲမှာ ကျွန်မအပြင်
သွေးလန့်စရာ တစ်ခုမှ နောက်ထပ် ထပ်မရှိတော့တာ
ရှင့်ရဲ့ ကောင်းမှုစေတနာ။
ကျွန်မ ပုခုံးကို လှုပ်ယမ်းပြီး
ဘာကြောင့် မနာကျည်းနိုင်ရတာလဲ ရှင်ရယ် .....။
လူသွားလမ်းတွေပေါ်မှာ
သေသည်အထိ လွင့်ပြယ်နေတော့မယ့် ဖုန်မှုန့်လေးတွေလို
ရှင် ခေါင်းငိုက်စိုက်ကျနေပုံ
ရှင့်အခန်းကို နားစွင့်မိတိုင်း
ရှင့်ရဲ့ စီးကရက် ဖွာရှိုက်နေပုံ ငိုကြွေးရင်း ရှိုက်နေပုံ
မိန်းမဆိုတာကို ဘာပန်းနဲ့ အလဲအထပ်ရိုက်ရမယ် မသိ
ရှင့်ကို ကျွန်မ ချစ်မရ ခံစားလို့မရတော့တဲ့ နောက်ပိုင်းမှာ
ရှင်ဟာ စကြာဝဠာကြီးလောက် ကြေကွဲရင်း
ကျွန်မရှေ့ မျက်ရည်လေးတစ်စက်နှစ်စက်လောက် ကျပြရမှာကို
သေမလောက် တွန့်တိုနေတယ်
ကျွန်မ စိတ်ပြောင်းလာနိုင်အောင် ရှင့်ရဲ့ မျက်ရည်တွေက
အလုပ်မလုပ်ချင်တော့ဘူးလား။
ရှင့်အနားမှာ အမြဲမီးတောက်
လရောင်နဲ့ ပြောနေကျ
ဒီထက် ဒီထက် ပိုပေါ်လွင်နေသေးတဲ့အကြောင်း
အခန်းကျဉ်းထဲမှာ ညနဲ့ရှင်
ကျွန်မကို မီးထွန်းထားရတဲ့အကြောင်း၊
ဖြာခနဲ လက်ခနဲ ရှင့်မျက်ရည်လား ကျွန်မအပြုံးလား
ရှင်မကွဲပြားတော့တဲ့အကြောင်း
စသည်ဖြင့်ပေါ့လေ။
လုပ်ပြီး လှုပ်ရယ်မနေပါနဲ့ ရှင်ရယ်
အချစ်က ဘယ်လိုသာယာကြောင်း နာပျော်ဖွယ်ရှိကြောင်း
အချစ်ကဗျာတွေ ရှင် လုပ်ရေးနေတယ်ပေါ့။
စိမ်းဖန့်နေတဲ့ ကျွန်မရဲ့ ရှင့်အပေါ် စိမ်းကားရက်စက်မှု
အစိမ်းရောင်စစ်စစ်တွေ
အလှည့်ကျ အဝေခံရတဲ့ ဖဲတစ်ချပ်လို
ရှင် ရနေတယ်ပေါ့။
မျက်ရည်လေး တစ်စက်နှစ်စက်လောက် ကျပြရမှာ
ရှင့်အတွက် ၀န်လေးနေရင်
တော်ပါပြီ ရှင်ရယ်
ရှင်နဲ့ ကျွန်မတို့ရဲ့ နှလုံးသားတွေတောင် အံ့သြပြီးသေသွားနိုင်တဲ့
အဖြစ်မျိုး ဒီကမ္ဘာ
ပြီးတော့ နောက်တစ်ကမ္ဘာ
အနေရခက်သလောက် မျက်ရည်ကျလွယ်ပေါ့၊
မျက်ရည်ကျလွယ်သလောက် အရှိုက်ရခက်ပြန်ပေါ့။
အပူအပင်မရှိတော့ဘူးတဲ့
ရှင်ရဲ့ မျက်နှာ အနွမ်းကြီးနဲ့
ရှင်က တွေ့သမျှလူကို ပြောပြနေတိုင်း
ကျွန်မက ရှင့်အတွက် ပူရတယ်။
ဒုက္ခပါပဲရှင်ရယ် ရှင့်ရဲ့ မပီပြင်တဲ့ ဟန်ဆောင်မှုနဲ့ပဲ
ကျွန်မကို ပြန်ရအောင် မျှားကြည့်ပါလား
ကျွန်မ ရှင်ရှိရာကို
ဖက်တွယ်တက်ပြီး လာရသည်ဖြစ်စေ
ခုန်ဆင်းမှုမျိုးနဲ့ လာရသည်ပဲ ဖြစ်စေ
ကျွန်မ လာမှာ ......
ကျွန်မစိတ်တွေ မသိဘဲ
ကျွန်မအသွေးအသားတွေ သိနေတယ် ။ ။
လင်းခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှုကဗျာများ-စာအုပ်မှာ

မှိုင်းမှိုင်းရိပ်မှောင်
လက်သည်းတွေကို ကိုက်ဖြတ်နေတဲ့
မိန်းမတစ်ယောက်
သူ့ရှေ့မှာ စွတ်စိုနေတဲ့ မြက်ပင်တွေ
သစ်ကိုင်းမဲမဲတွေ
သက်ကယ်မိုးကနေ ကျနေတဲ့ ရေစက်က
သူ့ခေါင်းစုတ်ဖွားပေါ် ရေတံခွန်ကျသလို
ဖားတွေလည်း
အရှေ့အနောက်မှာ ငြီးစီစီ
ဒါတွေကို သူမရဲ့ လက်သည်းတွေကပဲ ဖန်တီးခဲ့လို့လား
သူမ လက်သည်းတွေကို ကိုက်နေတယ်
လက်သည်းဖတ်တွေဟာ
ချောင်းတွေ မြစ်တွေ တောင့်နေလည်း
စီးနေတဲ့ ရေလမ်းငယ်တွေကနေတစ်ဆင့်
အနံ့ဆိုးတွေလာတဲ့ ရေပြည့်မြောင်းတွေဆီ
ယင်တွေလည်း မဲမဲ
မိုးကလည်း မဲမဲ
အနာဂါတ်ကို တိုက်စားသွားသလား
အိပ်မက်ကိုပါ မိုးကြိုးထိသွားသလား
လင်းသားဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ဘယ်သွားလဲ
ဒီထက်ဆိုးရင်တော့
လက်ချောင်းတွေကိုပါ ကိုက်ဖြတ်တော့မယ့် အတိုင်းပဲ။
လင်းခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှုကဗျာများ -စာအုပ်မှ
ဖား

Thursday, February 14, 2013
အခြာကဗျစ်
အချစ်ကဗျာ
ဒါဟာ အခြာကဗျစ် အချစ်ကဗျာပေါ့
ကွဲလွဲနိုင်ပါတယ်
ဝေဖန်နိုင်ပါတယ်
မိုးစက်ကလေးကျလို့ ညွတ်ကျသွားတဲ့ မြက်ပင်ကလေးကစလို့
အငြိုးနဲ့ ငေးမောခဲ့ရတဲ့ ကောင်းကင်ပြာကြီးအထိဟာ
လေတိုက်လို့ သစ်ရွက်လေးတွေကြွေရင်တောင် ရယ်မိတဲ့
အရွယ်မှာ အခြာကဗျစ်တွေပေါ့။
ဆွေးနွေးငြင်းခုံနိုင်ပါတယ်။
အခု တစ်ဦးပခုံး တစ်ဦးမှီထားတယ်
အခု တစ်ဦးအမုန်း တစ်ဦးထမ်းထားရပြီ ဆိုတာကစလို့
ကျည်ဆံတွေအောက် မှောက်လျက်လဲလို့
တို့များ ချစ်ခဲ့ဖူးပါတယ် အထိ
ကမ္ဘာကြီးရဲ့ မေတ္တာသင်္ကေတတွေပါ
မေတ္တာတရားဟာ လောကပါလတရားပဲ
များများချစ်ကြပေါ့ လူငယ်တို့ရယ်
တစ်ဦးနဲ့တစ်ဦး ရိုက်ပုတ်ကန်ကျောက်နေတာထက်စာရင်
တစ်ဦးနဲ့တစ်ဦး ချစ်နေကြတာ
အများကြီး ကြည့်လို့ လှပါတယ်။ ။
လင်းခါး
၁၄-၂-၂၀၁၃

Wednesday, February 13, 2013
ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်မွေးနေ့ပါ
စားဖားသမားတွေ ညီညွတ်တာမလိုချင်ဘူးတဲ့
ဖာသယ်တိုင်းပြည်ဖြစ်နေမှာပါတဲ့
ဆောက်ကျင့်တွေ ပြင်ရမယ်တဲ့
မေ့သွားပြီလား၊ မေ့လိုက်ပြီလား
ဒီထက်ပိုလင်းတဲ့ ကောင်းကင်မျိုး ရှိနိုင်ဦးမှာမို့လား။
ဗမာတွေ တလွဲဆံပင်ကောင်းနေတယ်တဲ့
ပွဲကမပြီးသေးဘူး တက်ထောင်ချင်ကြတယ်တဲ့
ဘယ်လိုလဲ
ပြီးတာတွေ ပြီးသွားပါပြီ လုပ်မလို့လား
ဖေဖော်ဝါရီ ၁၃ ဟာ
အရိုးတွေထဲက အပင်ပေါက်တယ်ဆိုရင်တောင်
ယုံရမယ့် ရက်မျိုးဆိုတော့
ဖေဖော်ဝါရီ ၁၃ မှာ ခင်ဗျားတို့ ကျွန်တော်တို့
လွမ်းဆွတ်သတိရ ဦးညွတ်ဂုဏ်ပြုကြောင်း
မတွေးခေါ်သင့်ဘူးလား ။ ။

Tuesday, February 12, 2013
အချစ်လှေကလေး
အချစ်လှေကလေး
သြော် ...... အချစ်လှေကလေး
အချစ်လှေကလေးဆိုတော့ သူ့မှာ
နိုင်ငံရေး မပါ
စီးပွားရေး မပါ
လှေဝမ်းကလေးကို အသည်းပုံထွင်းထားတဲ့
အချစ်လှေကလေးသက်သက်ပဲ။
တငြိမ့်ငြိမ့် တသွင်သွင် စီးကာ ဆင်းကာ ဝှေ့ကာ ၀ိုက်ကာ
သာယာသော အေးမြသော ချောင်းကျယ်ကလေးမှာ
ဖျော့ဖျော့ကလေးလှော်နေတဲ့
သြော် ..... ခင်ဗျားတို့ ကျွန်တော်တို့ရဲ့
အချစ်လှေကလေး ...........
အချစ်လှေကလေး သက်သက်နဲ့တော့
ဘာမှ ဖြစ်လာနိုင်မယ် မထင်ဘူး ။ ။
လင်းခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှုစာအုပ်မှ

တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့ပေါ့
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
-----------------
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
သွေးသံရဲရဲ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
မိဘမဲ့ ကလေးတွေ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
ဆင်ခြင်တုံတရား မဲ့တာတွေ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
အနန္တစကြာဝဠာသောသောကတွေ ဗျာပါဒတွေ
-----------------
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
သွေးသံရဲရဲ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
မိဘမဲ့ ကလေးတွေ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
ဆင်ခြင်တုံတရား မဲ့တာတွေ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
အနန္တစကြာဝဠာသောသောကတွေ ဗျာပါဒတွေ
ဒုက္ခတွေ
တောင်ကြီးဖ၀ါးအောက် မောင်ရောက်ခဲ့တယ်
မင်းကိုလည်း မတွေ့ရပါဘူးကွယ်
တောင်ကြီးဖ၀ါးအောက်
ငါ ရောက်ခဲ့တာ မှားပေါ့။ ။
လင်းခါး
၁၂-၂-၂၀၁၃
တောင်ကြီးဖ၀ါးအောက်
ငါ ရောက်ခဲ့တာ မှားပေါ့။ ။
လင်းခါး
၁၂-၂-၂၀၁၃
ဒီလိုနဲ့ ကမ္ဘာကြီးဟာ
လူလိမ္မာပါရမီရှင်တွေကို ကန့်သတ်ဖို့
လူ့ဗာလ အရိုင်းအစိုင်းတွေနဲ့ တည်ခင်းထားတဲ့
သမိုင်းနဲ့ ကမ္ဘာကြီး
ဂေဟစနစ်ကို ဖျက်ဆီးပြီး
လူ့ယဉ်ကျေးမှု ကွင်းဆက်ပြတ်အောင် ဖန်တီးနေတဲ့ ကမ္ဘာကြီး
မျက်ရည်မြစ်တွေ၊ သောကပင်လယ်တွေ
ကယ်သူမဲ့ သမုဒ္ဒရာတွေ
မလိုတာတွေ များများဖြည့်စွက်ပြီး
လိုအပ်တာတွေကို ဆုတ်ယုတ်စေတဲ့
ကမ္ဘာကြီးရဲ့ သမိုင်းမှာ
လူမျိုးတုံးတိုက်ပွဲတွေ၊ ဘာသာရေးစစ်ပွဲတွေ
ပိရမစ်တွေလို
မဟာတံတိုင်းလို အံ့သြမင်သက်စေခဲ့
ငြိမ်းချမ်းရေးကို အပြောလွယ်သလောက်
အလုပ်ခက်စေတဲ့ ကမ္ဘာကြီးရယ်
လူသားတွေအပေါ်
ရန်ကို ရန်ချင်း တုံ့ပြန်တော့မလား ။ ။

မာရသွန်ဘဝ
မာရသွန်ဘဝ
အခု ဒါတွေ မပိုင်တော့ပါဘူး
ပြေးဖို့ ခြေထောက်တွေပဲ တို့ပိုင်တော့မယ်
ပြေးရမယ်
တစ်ဘ၀လုံး ကီလိုမီတာ သိန်းနဲ့ချီပြေးခဲ့တယ်
ဘ၀ဆိုတာ ပြေးလွှားခြင်းလို့တောင်
အဓိပ္ပာယ်ဖွင့်ရမလိုဖြစ်နေတဲ့
မနက်ဖြန်များ ဒီနေ့များ ပြီးခဲ့တဲ့ နေ့ရက်များ
ဟိုးထား ....ဆရာ မရှိဘူး
ဆွဲ ..... ဆရာရေ့ ဆိုတာပဲ ရှိတယ်။
တစ်တောလုံး ဆူညံ
တစ်တောင်လုံး မြည်ဟီး
တစ်ချိန်လုံး ပွက်လောက်ရိုက်နေလည်း
ငါတို့ ဘာသံမှ မထွက်ခဲ့ပါဘူး
ဒါလည်း ငါတို့ ပြေးရတယ် လွှားရတယ်
တစ်ချိန် လှိုင်းဂယက်တို့ အပေါ်ရေပြင်မှာ ငြိမ်တဲ့အခါ
ပြန်လာမယ်
ပြီးရင်တော့ ငါတို့ ပြန်ပြေးကြမယ်နော် ။ ။
လင်ခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု-စာအုပ်မှ

ခြင်လိုပေါက်ဖွားနေတဲ့ ဒုက္ခတွေ
ခွေးတစ်ကောင်
နောက်ခြေနှစ်ချောင်း သွင်သွင်ကျိုးနေတဲ့ ခွေးတစ်ကောင်
ရှေ့ခြေနှစ်ချောင်းကို ထောက်ပြီး
နောက်ခြေနှစ်ချောင်း တရွတ်ဆွဲသွားသွားနေတဲ့ ခွေးတစ်ကောင်
တအီအီ ညည်းလို့
ကတ္တရာလမ်းပေါ် တဂျစ်ဂျစ်ရွေ့လို့
တကယ့်အဖြစ်အပျက်ပါ
ဒီကဗျာရေးနေတုန်း
ဒီခွေးဟာ စာမျက်နှာဘေးမှာ ဆောင့်ကြောင့်ထိုင်နေ့လို့
ကျွန်တော် မြင်နေရတယ်။
ဒုက္ခဆိုတာ ချိုနဲ့ပေါ့လို့
အတိအပ ဆိုနိုင်နေတဲ့ ကမ္ဘာကြီးထဲ
ဒီခွေးတစ်ကောင်အကြောင်း
ထပ်ဖွဲ့နေရဦးမလား ။ ။

ရွာမယ်ဆိုလည်း
မိုးက ဘ၀တစ်ပါးထိ လိုက်ရွာ
သွေးထဲထိ စိုအောင် လိုက်ရွာ
သိမ်ငယ်စိတ်ကို ရေညှိတက်အောင်အထိ ရွာနေပါလား
မိုးစဲရင်
မျက်ခုံးကနေ မျက်လုံးထိလျှောကျအောင်
လျှောက်လာဦးမယ့် လူတွေ
မိုးသည်းရင်
ကလေးတွေ အရင်လို မပျော်မပါးနိုင်
မိုးကလေးဖွဲဖွဲဆိုရင်
ပျက်နေတဲ့ ထီးအောက် ဖရိုဖရဲဖြစ်နေပုံ
ကိုယ့်ကိုယ်ကိုယ် သတိရတယ်
အချစ်ကလေးမြကို လွမ်းဆွေးအေးချမ်းတယ်
ဒါပေမယ့် မိုးက
ဆင်ခြေတွေနဲ့ ဆက်တိုက်ရွာ
ရွာတွေပျက်အောင်ရွာ
သူ့ကိုယ်သူ ဆေးအပြယ်ခံပြီး ရွာ
မိုးဟာ အငြိုးကြီးတဲ့ ဗီလိန်လိုလို မင်းသားလိုလို
ငါက အငြိုးခံရတဲ့ မင်းသား လိုလို ဗီလိန် လိုလို ။ ။
လင်းခါး
(ယှဉ်ရုန်းခဲ့တဲ့ဘော်ဒီ-စာအုပ်မှ)

Monday, February 11, 2013
အရူးနေကောင်းလာတော့
အဖြစ်အပျက်တွေက မြန်ပြီး
ငါတို့က နှေးနှေး
ရေထဲက တိုးထွက်လာတဲ့ ကြာပန်းခိုင်ကြီးတွေ
ခရမ်းဗေဒါ ပန်းဗေဒါ တွေ
ပေါလောမျောနေတဲ့ အပုပ်အပွ ဥတုဇရုပ်တွေ။
အဖြစ်အပျက်တွေက ဒီထက်ပိုမြန်နေပြီး
ငါတို့က ဒီထက် ပိုနှေးနေတော့
သမိုင်းတစ်ခေတ်မှာများ ကျန်ခဲ့တော့မလား
တွေးပူရအောင်
အဖြစ်အပျက်တွေက ရောထွေး မြန်ဆန်နေပါပေါ့။
လောကပါလတရားနည်းနည်း
ကိုယ့်တရားကိုယ်ဖျက် မသတီစရာများများ
မုသားကိုတော့ ငါမဆိုနည်းနည်း
ဗလွှတ်ရွှတ်တ တွေ့ကရာပြော များများ
ဘယ်ဟာများပြီး ဘယ်ဟာ နည်းနေတယ် ပြောရမှာနည်းနည်း
ဘာမှမကောင်းဘူးကို အခြေခံထားတာတွေက များများဆိုတော့
ငါတို့လည်း ထပြေးရတော့မှာလိုလို
ငါတို့လည်း စေ့စပ်ညှိနှိုင်းရမှာလိုလို
ငါတို့လည်း တော်လှန်ပုန်ကန်ရတော့မှာလိုလို
ငါတို့လည်း ဟိုလိုလို ဒီလိုလို ရတော့မှာလိုလို
အရူးနေကောင်းလာတဲ့နောက်တော့
ဆုံးဖြတ်ဖို့ခက်တဲ့ အဖြစ်အပျက်မြန်မြန်တွေပဲ။ ။
လင်းခါး
9-5-2012

အမြောက်ကျည်ခွံနဲ့ လုပ်ထားတဲ့ ဘုရားပန်းအိုးတွေ
အိမ်သာကြွေကမုတ်နဲ့ ရေချမ်းအိုးစင် လုပ်လို့မရ
စားပွဲကို ပက်လက်လှန် ထမင်းပွဲ လုပ်လို့မရ
ငိုနေတဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့
နိုင်ငံတော်သစ် တည်လို့မရ
ဗဟုခေတ်ထဲ သိပ်နားငြီးတယ်ဆိုပြီး
မီးမှိတ်အိပ်နေလို့မရ
အမုန်းတရားတွေနဲ့ ပြုံးထားလို့တော့မရ
ကမ္ဘာကြီးရဲ့ အိမ်မှာနေပြီး
ကမ္ဘာကြီးမျက်နှာ မကြည့်လို့မရ
နှလုံးသားထဲ အငြိုးတွေထည့်ပြီး
ငြိမ်းချမ်းရေး အစစ်မရ
သေနတ်ထဲ ကျည်တွေဖြည့်ပြီး
စစ်ပွဲတွေ ရပ်ချင်လို့မရ
ပြေးလွှားနေရတဲ့ ခြေထောက်တွေနဲ့
ညည အိပ်မက်ကောင်း မက်ချင်လို့တော့ မရဘူးပေါ့။ ။
လင်းခါး
23-11-2012
(Monitar ဂျာနယ်-2012 ခုနှစ်၊ နိုဝင်ဘာ)

အိပ်မက်ဆိုးတွေ မမက်ဖို့ ညည မအိပ်ရတော့ဘူးလား
နိုင်ငံသားကောင်း တာဝန်မှာ
အခွန်မှန်မှန် ဆောင်ဖို့ ပါသတတ်။
ရေခွန်၊ မြေခွန်၊ အဆောက်အဦခွန်၊
လူဖြစ်ရခြင်းအခွန်၊
ဆင်းဆင်းရဲရဲ နေခွင့် အခွန်၊ ဆိုပေမယ့်ကွယ်
ကိုယ်ဆောင်လိုက်မယ့် အခွန်ငွေတွေဟာ
ကချင်မလေး ရင်ဘတ်သွားမှန်မယ့် ကျည်ဆံတွေ ၀ယ်ဖို့ဆိုရင်
ကချင်အဘိုးကြီး ထမင်းခွက်ပြုတ်ကျသွားအောင်
ကြောက်ရွံ့သွားစေမယ့် အမြောက်ဆံတွေ ၀ယ်ဖို့အတွက်ဆိုရင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့
ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီး လန့်နိုးစေပြီး
အကြီးအကျယ် စိတ်ဒုက္ခတွေဖြစ်စေမယ့်
လက်နက်ကြီးတွေဝယ်ဖို့အတွက်ဆိုရင်
နိုင် ငံ သား ကောင်း မ ဖြစ် ချင် ပါ ခင် ဗျား ။ ။
လင်းခါး
13-1-2012

လိုင်ဇာမြို့ အပျော်ဆိုတာရယ် ၁
ပျော်ပါတယ်ကွယ်...
ရှုမငြီးတဲ့ စစ်ပွဲတွေနဲ.
ပေး၍မကုန် လှူ၍မခန်း ဤဒုက္ခအသွယ်သွယ်နဲ.
မပျော်တော့လည်း ပျော်အောင်နေရုံပေါ့။
ပျော်ပါတယ်ကွယ်...
ဒီ့ပြင်ကမ္ဘာမှာ မရှိတဲ့ လူရမ်းကားတွေနဲ.
ဒီ့ပြင်ကမ္ဘာမှာ မရနိုင်တဲ့
နောက်ကျောသွင်း လက်လက်ထ ဓါးတွေ ရနိုင်နေတာပဲ။
တရံရောအခါကရော ပျော်ခဲ့ရရဲ.လား ဒီကမ္ဘာမှာ
လူသားတွေ အ၀တ်မကပ်သေးတဲ့အချိန်ကနေ
လူသားတွေ အမြစ်မပြတ်သေးတဲ့အချိန်အထိ
စစ်ပွဲဆိုတာ ရှိနေမှာပဲ။
အပျော်ဆိုတာ အော်ငိုရတာမျိုးမှမဟုတ်ဘဲ
အန္ဓပုထုဇဉ် လူသားခမျာတော့
ပျော်ပါတယ် ပျော်ပါတယ် သေပျော်ပါတယ်
နေမပျော်တာပဲ ရှိတယ်။ ။
လင်းခါး
၁၅-၁-၂၀၁၃
လိုင်ဇာမြို့ အပျော်ဆိုတာရယ် ၃
စစ်ပွဲဆိုတာ
ခြေသလုံးတွေကိုလည်း ကြီးစေ
စိုးရိမ်ထိတ်လန့်မှုတွေကိုလည်း ကြီးစေသပေါ့။
တစ်နေရာရာမှာ အခြေအကျ မခံ
နောက်တစ်နေရာကို ထပ်ပြေး
နောက်တစ်နေရာကို ဆက်ပြေး
သံသရာလွတ်ကြောင်း ပြေးတာ မဟုတ်
အူစိန်ဘော့ ပြေးသလို မဟုတ်
စစ်ပွဲတွေဆီက ဝေးရာကို ပြေးတာ
ပြေးရင်း တစ်ဦးနဲ့ တစ်ဦး
မောပလားကွယ်
မေးထိုး ပြုံးပြနေဖို့
စိန်ပြောင်း အမြောက်တွေက အချိန်အခါ မပေး
ပျော်တာပေါ့
မျက်ရည်တွေလည်း ပြေးကုန်ကြပြီလေ ။ ။
လင်းခါး
17-1-2013

ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ တဲ့
အဘိုးအိုရပ်နေတဲ့ မြေမာမို့မို့ပေါ်ကနေ
များများ မမြင်ရပါ
ငှက်ကလေးတွေ ပျံနေတာ စပါးဈေးတွေ ပျံနေတာမှမဟုတ်ဘဲ
မိုးကုပ်စက်ဝိုင်းကြီးကျယ်သလို အဘိုးအိုမှာ
လယ်ကျယ်ကျယ်မှ မရှိဘဲ
စာခြောက်ရုပ်တွေ ထောင်လျက်မြဲမြဲရပ်နေပေမယ့်
အဘိုးအိုလဲတော့မယ်။
အဘိုးအိုရဲ့ အဖေက ပြောသွားတယ်
လယ်သမားမှန်ရင် ဖယ်ရှား/ပယ်ထားခံရမယ်တဲ့။
ခေတ်အဆက်ဆက် လယ်သမားများ
ဘ၀အဆက်ဆက် မြေယာဥပဒေများ
ဘဏ်ရုံးထဲက ဒင်္ဂါးအရေး စဉ်းစားတွေးစရာများ
အခုလည်း
`လယ်သမားတွေ ဥာဏ်နည်းပါတယ်´ တဲ့
`လယ်သမားတွေ ဘာနားလည်တာမှတ်လို့´ တဲ့
`ဒီကောင်တွေက ဆန္ဒပြသတဲ့လား´ တဲ့
တစ်ခါတုန်းကများဆို
`ဦးကြီးတို့က တိုင်းပြည်ရဲ့ ကျေးဇူးရှင်တွေပါ´တဲ့
ဒီလိုနဲ့
ရာသီဥတုက သတ်
ဗျူရိုကရက်က သတ်
တိုင်းကျိုးပြည်ပြု ကိုယ်တော်များက သတ်သတ်နဲ့
အဘိုးအိုရဲ့ အဖေကပြောသွားတယ်
`မင်းတို့ ငါတို့များ မိန်းမဆို ဖာဖြစ်တာကြာလှပေါ့´ တဲ့။
လင်းခါး
ဒီဇင်ဘာလ - ၂၀၁၂ (ရနံ့သစ်မဂ္ဂဇင်း)

လိုင်ဇာမြို့ အပျော်ဆိုတာရယ် 4
လဂျားယန်လို့ကြားတယ်
အဲဒီလို စာလုံးပေါင်းတာမှ ဟုတ်ရဲ့လား
မိုင်ကြာရန်လို့ ကြားတယ်
အဲဒီလို စာလုံးပေါင်းတာမှ ဟုတ်ရဲ့လား
ရေဒီယိုက ရွှီခနဲ ဒိုင်းခနဲ
ဂျီခနဲ ဂျစ်ခနဲ
ဘယ်ဟာကမှ မသဲကွဲ
တစ်ချိန်တစ်ခါက တို့ပျော်ခဲ့ဖူးပါတယ်
ဒါပေမယ့် ဒါလည်း မသဲကွဲ
စာ လုံး ပေါင်း တွေ မေ့ ပေါ့ . . . . ။ ။
လင်းခါး
19-1-2013
ပြည်သူ့ ကဗျာဆရာများ
ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်နေစရာမလို
ကိုယ့်အပြောကိုယ် လေးစား
ကိုယ့်လုပ်ရပ်ကိုယ် အာမဘန္တေခံပြီး
ကိုယ့်ဘ၀ကိုယ် တည်ဆောက်ခဲ့တယ်လေ ...။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေစရာမလို
ကိုယ့်အိပ်မက်ကိုယ် သံသယကင်းကင်း
ကိုယ့်ဖြတ်သန်းမှုကိုယ် တန်ဖိုးထားပြီး
ကိုယ်လျှောက်ဖို့လမ်း ကိုယ်တိုင်ဖောက်ခဲ့ရတယ်လေ ...။
အမှန်တရားဆိုတာ
ပန်းလေးတစ်ပွင့် ပွင့်ဖို့အတွက်
ဟိုး .... ရေသောက်မြစ်တွေဆီက စခဲ့ရ ...။
အခုဒီလို ကိုယ့်သမိုင်းအပေါ် ကိုယ်ခြေစုံတက်ရပ်
သွေးထဲကလာတဲ့ ယုံကြည်မှုဟာ
ဥဒါန်းကျူးရင့်ချင်သလို
အူထဲကနေ မကြာမကြာ လှိမ့်တက်လာနေပါပြီ ....
.............................. ...............
ဆင်ခြင်တုံတရားက မောင်းနှင်တဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့
တိုင်းကျိုးပြည်ပြု ကဗျာဆရာများ။ ။
လင်းခါး (ပြည်သူ့ ကဗျာဆရာများသို့)

..............................
ဆင်ခြင်တုံတရားက မောင်းနှင်တဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့
တိုင်းကျိုးပြည်ပြု ကဗျာဆရာများ။ ။
လင်းခါး (ပြည်သူ့ ကဗျာဆရာများသို့)
ထွေရာလေးပါး
ထိုထိုဤဤ
မအောင်မြင်တဲ့ လူသားဟာ
မအောင်မြင်တဲ့ လမ်းရှည်ကြီးမှာ
မအောင်မြင်နိုင်တဲ့ လက်တွေနဲ့
ဆိုသလိုပဲ
အောင်မြင်မှုကို မဆာလောင်တဲ့
ညံ့ဖျင်းသွေးသားကြီးနဲ့
မအောင်မြင်တဲ့ နေ့တဓူဝကို ဖြတ်သန်း
မအောင်မြင်ရခြင်း အကြောင်းရင်းများဆိုတဲ့
ကိုယ်တိုင်ရေးအတ္ထုပတ္တိကို ရေးသားထုတ်ဝေ
မအောင်မြင်သေးတဲ့နေ့တွေဟာ
သိပ်ကိုခါးသီးပြီး
အောင်မြင်တဲ့နေ့ကိုလည်း မရောက်နိုင်တော့ဘူးဆိုတဲ့အကြောင်း
လက်မှတ်ထိုးဖြန့်ချိဦးမတဲ့။ ။

Friday, February 8, 2013
လိုင်ဇာ ကဗျာများ
လိုင်ဇာမြို့ အပျော်ဆိုတာရယ် ၅
ဂျာနယ်ထဲမှာ
ကချင်အဘိုးကြီးနှယ်
အိတ်ကြီးအိတ်ငယ်နဲ့ လေးကန်နှေးကွေးလို့
အလောတကြီး ...
ဂျာနယ်ထဲမှာ
ကလေးငယ်က
မသိမှုထဲ လမ်းပျောက်လို့
ဂျာနယ်ထဲမှာ ဘာတွေဖြစ်နေတာလဲ
မီးခိုးတွေ၊ ဒုက္ခသည်စခန်းတွေ၊
ကလေးသေးသေး နီတာရဲလေးတွေ၊
ကိုယ်ဝန်ဆောင်မိခင်တွေ၊
သတင်းစာများသည် သမိုင်းကို ပြောပြနေကြသည်တဲ့ မှန်ရဲ့လား
ဂျာနယ်များကရော ဘာတွေပြောနေကြသလဲ
စစ်ဆိုတဲ့ ပွဲ ရဲ့နောက်တော့
ပွဲကြိုက်ခင် များလည်း
ပွဲ မကြိုက် နိုင် တော့ .....။ ။
လင်းခါး
21-1-2013
စစ်မှန်တဲ့ပွဲ မဟုတ်
စစ်ဆိုတဲ့ ပွဲ ၊ တစစ်စစ် ကိုက်တဲ့ ပွဲ၊ စစ်ဆေးတဲ့ ပွဲ၊ စစ်မှန်တဲ့ ပွဲမှ မဟုတ်ဘဲ
စစ်ပွဲတွေကို မုန်းတာပေါ့
ပေါင်သားဖွေးဖွေးနဲ့ ကလေးမက ပြောတယ်
စစ်ပွဲတွေကို မုန်းတာပေါ့
လက်ဖက်ရည်ဆိုင်ထဲက ချာတိတ်ကပြောတယ်
စစ်ပွဲတွေကို မုန်းတာပေါ့
ရုပ်ရှင်မင်းသမီးက ပြောတယ်
အဆိုတော်က ပြောတယ်
လွှတ်တော်အမတ်အချို့က ပြောတယ်
စစ်ပွဲတွေကို မုန်းတာပေါ့
ကလေးတွေလည်း ပြောမှာပဲ
စစ်ပွဲတွေကို မုန်းတာပေါ့
ကဗျာဆရာလည်း ပြောတာပေါ့
ဒါဆို စစ်ပွဲရှိတဲ့ ကမ္ဘာ ဘယ်တော့မှ လူမဖြစ်ပါရစေနဲ့
ညည ဆုတောင်းနေမှာလား
ဘာလုပ်မလဲ
စစ်ပွဲတွေကို မုန်းတာပေါ့နဲ့တင် ဆိုရင်တော့
ဒုက္ခသည် စခန်းတွေကို အားနာဖို့ ကောင်းတာပေါ့။ ။
လင်းခါး
2-2-2012င်းခါး (ပြည်သူ့3
ဒီစစ်ပွဲကြီးပြီးရင်
ဒီစစ်ပွဲကြီးပြီးရင်
ဒီစစ်ပွဲကြီးပြီးရင် သားလေးကျောင်းထားမယ်
ဒီစစ်ပွဲကြီးပြီးရင် ညည လန့်နိုးစရာမလို
ဒီစစ်ပွဲကြီးပြီးရင် ရွာကိုပြန်မယ်
ဒီစစ်ပွဲကြီးပြီးရင် ပျော်ရမယ်ထင်တယ်
ဒီစစ်ပွဲကြီးပြီးရင် ဗုံးခိုကျင်းတွေ မြေပြန်ဖို့ရတော့မလား
ဒီစစ်ပွဲကြီးပြီးရင် ရွှေဧည့်သည်တွေ လာနိုင်ပါပြီ
ဒီစစ်ပွဲကြီးပြီးရင် အိုးစည် ဒိုးပတ်နဲ့
ဒီစစ်ပွဲကြီးပြီးရင် စစ်ပွဲအကြောင်း ကဗျာမရေးတော့ဘူး
ဒါပေမယ့်
ဒီစစ်ပွဲကြီးပြီးရုံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာလား
ဒီစစ်ပွဲကြီးပြီးရုံနဲ့ .........................
.............................. ......
ဗုံးဆန်မှန်တဲ့ သားလေးကောင်းရာသုဂတိလားပါစေကွယ် ။ ။
ဒီစစ်ပွဲကြီးပြီးရင် သားလေးကျောင်းထားမယ်
ဒီစစ်ပွဲကြီးပြီးရင် ညည လန့်နိုးစရာမလို
ဒီစစ်ပွဲကြီးပြီးရင် ရွာကိုပြန်မယ်
ဒီစစ်ပွဲကြီးပြီးရင် ပျော်ရမယ်ထင်တယ်
ဒီစစ်ပွဲကြီးပြီးရင် ဗုံးခိုကျင်းတွေ မြေပြန်ဖို့ရတော့မလား
ဒီစစ်ပွဲကြီးပြီးရင် ရွှေဧည့်သည်တွေ လာနိုင်ပါပြီ
ဒီစစ်ပွဲကြီးပြီးရင် အိုးစည် ဒိုးပတ်နဲ့
ဒီစစ်ပွဲကြီးပြီးရင် စစ်ပွဲအကြောင်း ကဗျာမရေးတော့ဘူး
ဒါပေမယ့်
ဒီစစ်ပွဲကြီးပြီးရုံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာလား
ဒီစစ်ပွဲကြီးပြီးရုံနဲ့ .........................
..............................
ဗုံးဆန်မှန်တဲ့ သားလေးကောင်းရာသုဂတိလားပါစေကွယ်
နံရံကြီးကို ငေးလို့ အပြန်ခရီးကလည်း ဝေးလို့
နံရံကြီးကို ငေးလို့ အပြန်ခရီးကလည်း ဝေးလို့
ငါတို့ ပျော်ရတယ် ဆိုတာ
ငါတို့ ပိုင်တာလေး တစ်ခုလောက်နဲ့
ငါတို့ စိတ်ကယောင်ချောက်ခြားဖြစ်နေရတာ . . .
ဘ၀အကြောင်း အမျိုးမျိုးအထွေထွေ ဖွဲ့ဆိုကြလေရာ
ငါတို့ အရှုံးသမားများအကြောင်းကား
ပေထက် အက္ခရာ မတွေ့ရပါတကား ။ ။
လင်းခါး
(ပြင်ဆင်ခြင်း-1)(8-2-2013)

Subscribe to:
Posts (Atom)