အချစ်ကဗျာ
ဒါဟာ အခြာကဗျစ် အချစ်ကဗျာပေါ့
ကွဲလွဲနိုင်ပါတယ်
ဝေဖန်နိုင်ပါတယ်
မိုးစက်ကလေးကျလို့ ညွတ်ကျသွားတဲ့ မြက်ပင်ကလေးကစလို့
အငြိုးနဲ့ ငေးမောခဲ့ရတဲ့ ကောင်းကင်ပြာကြီးအထိဟာ
လေတိုက်လို့ သစ်ရွက်လေးတွေကြွေရင်တောင် ရယ်မိတဲ့
အရွယ်မှာ အခြာကဗျစ်တွေပေါ့။
ဆွေးနွေးငြင်းခုံနိုင်ပါတယ်။
အခု တစ်ဦးပခုံး တစ်ဦးမှီထားတယ်
အခု တစ်ဦးအမုန်း တစ်ဦးထမ်းထားရပြီ ဆိုတာကစလို့
ကျည်ဆံတွေအောက် မှောက်လျက်လဲလို့
တို့များ ချစ်ခဲ့ဖူးပါတယ် အထိ
ကမ္ဘာကြီးရဲ့ မေတ္တာသင်္ကေတတွေပါ
မေတ္တာတရားဟာ လောကပါလတရားပဲ
များများချစ်ကြပေါ့ လူငယ်တို့ရယ်
တစ်ဦးနဲ့တစ်ဦး ရိုက်ပုတ်ကန်ကျောက်နေတာထက်စာရင်
တစ်ဦးနဲ့တစ်ဦး ချစ်နေကြတာ
အများကြီး ကြည့်လို့ လှပါတယ်။ ။
လင်းခါး
၁၄-၂-၂၀၁၃
No comments:
Post a Comment