Monday, February 25, 2013

ကုန်းနှီးထက်မှာ၊ ကတုတ်ကျင်းထဲမှာ၊ စစ်ပွဲကြီးပြီးသွားတဲံ မြေပြင်ထက်မှာ

ဖြူစင်တဲ့ ကလေးတွေ မှတ်ထားရမယ်
တစ်နေ့ ကြီးပြင်းလာတဲ့တစ်နေ့
စစ်ပွဲတွေထဲ ပါဝင်မှုကို ငြင်းဆန်ဖို့
ကြီးလာရင် စစ်သားကြီး လုပ်မယ်
ဆိုတဲ့ အတွေးတွေ ဖြစ်မလာဖို့ ၀န်းကျင်ဆိုးတွေလည်း ရခဲ့ပြီး
မှတ်တမ်းဆိုးတွေလည်း ရှိခဲ့ပြီးတဲ့နောက်
စစ်ပွဲတွေကို ရှုံ့ချတတ်ဖို့
သားတို့သမီးတို့ရဲ့ လက်တွေ ဘောပင်ပဲကိုင်ပါကွယ်
ကီးဘုတ်ပေါ်ပဲ ၀ဲလှည့်ပါကွယ်
ခလုတ်ကွေးတွေပေါ် လက်မတင်ချင်ပါနဲ့
သေနတ်ပြောင်းက ထွက်တဲ့ ကျည်ဆံဟာ ငြိမ်းချမ်းရေးဆီမရောက်
အချိန်မတန်သေးတဲ့ အကျည်းတန်သေခြင်းဆီသာ ရောက်တယ်
သေရမှာပဲ မဟုတ်လား
မှန်ပါတယ်
ဆိုပေမယ့် ကလေးရယ်
မြတ်သောသေခြင်းဖြစ်ဖို့ သေနတ်တွေမလို
ဗြဟ္မစိုရ်တရားသာ လိုပါတယ်။ ။

လင်းခါး
၂၆-၂-၂၀၁၃
န်းနှီးထက်မှာ၊ ကတုတ်ကျင်းထဲမှာ၊ စစ်ပွဲကြီးပြီးသွားတဲံ မြေပြင်ထက်မှာ

No comments:

Post a Comment