လိုင်ဇာ ကဗျာများ
လိုင်ဇာမြို့ အပျော်ဆိုတာရယ် ၅
ဂျာနယ်ထဲမှာ
ကချင်အဘိုးကြီးနှယ်
အိတ်ကြီးအိတ်ငယ်နဲ့ လေးကန်နှေးကွေးလို့
အလောတကြီး ...
ဂျာနယ်ထဲမှာ
ကလေးငယ်က
မသိမှုထဲ လမ်းပျောက်လို့
ဂျာနယ်ထဲမှာ ဘာတွေဖြစ်နေတာလဲ
မီးခိုးတွေ၊ ဒုက္ခသည်စခန်းတွေ၊
ကလေးသေးသေး နီတာရဲလေးတွေ၊
ကိုယ်ဝန်ဆောင်မိခင်တွေ၊
သတင်းစာများသည် သမိုင်းကို ပြောပြနေကြသည်တဲ့ မှန်ရဲ့လား
ဂျာနယ်များကရော ဘာတွေပြောနေကြသလဲ
စစ်ဆိုတဲ့ ပွဲ ရဲ့နောက်တော့
ပွဲကြိုက်ခင် များလည်း
ပွဲ မကြိုက် နိုင် တော့ .....။ ။
လင်းခါး
21-1-2013
No comments:
Post a Comment