လူသားဖြစ်တည်မှုကို ငြင်းဆန်ခဲ့မိလို့လား
စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့မိလို့လား
ကလေးစစ်သားတွေ အသုံးပြုမိခဲ့လို့လား
လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့မိလို့လား
အန်နစတီ အင်တာနေရှင်နယ်က
ဘာတွေ ထုတ်ပြန်နေသတဲ့လဲ။
ယူအန်အိက်စီအာ က ဘာတဲ့လဲ။
ကိုယ်ဘာမှ မသိရပါလား
ကိုယ်ဘာမှ မလုပ်မိရပါလား
ကိုယ်လေ ....
ကိုယ်ဒီမှာ
ဒီထိုင်ခုံလေးပေါ်မှာ
ဘယ်ဘက်ခြေထောက်ကလေး အောက်ကိုထောက်
ထောက်ထားတဲ့ ဘယ်ဘက်ခြေထောက်လေးရဲ့
ဒူးအထက် ပေါင်ရင်းအနား ညာဘက်ခြေထောက်လေးကိုတင်
လက်ကလေးကို ပိုက်ရက်နဲ့
ကိုယ်နေခဲ့တာပါ .....။
တကယ်ပါကွယ်
နည်းနည်းပါးပါး ပြောမှားဆိုမှား ရှိမယ်ထင်ပါရဲ့။
ဒါပေမယ့် ဒီလိုလေးပါ
ဒီထိုင်ခုံလေးပေါ်က ဆင်းပြီး ဘယ်မှမသွားခဲ့ဘဲ နေခဲ့တာပါ။
အိုင်စီစီက ကိုယ့်ကို ခေါ်နေသတဲ့လား
သူတို့ကို ကိုယ့်ကို လိုချင်ကြသတဲ့လားကွယ်
ဒီကမ္ဘာကြီးနဲ့လည်း ခက်ပါတယ်နော် ။ ။
လင်းခါး
22-7-2012
No comments:
Post a Comment