Monday, February 11, 2013

ပြည်သူ့ ကဗျာဆရာများ

ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်နေစရာမလို
ကိုယ့်အပြောကိုယ် လေးစား
ကိုယ့်လုပ်ရပ်ကိုယ် အာမဘန္တေခံပြီး
ကိုယ့်ဘ၀ကိုယ် တည်ဆောက်ခဲ့တယ်လေ ...။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေစရာမလို
ကိုယ့်အိပ်မက်ကိုယ် သံသယကင်းကင်း
ကိုယ့်ဖြတ်သန်းမှုကိုယ် တန်ဖိုးထားပြီး
ကိုယ်လျှောက်ဖို့လမ်း ကိုယ်တိုင်ဖောက်ခဲ့ရတယ်လေ ...။

အမှန်တရားဆိုတာ
ပန်းလေးတစ်ပွင့် ပွင့်ဖို့အတွက်
ဟိုး .... ရေသောက်မြစ်တွေဆီက စခဲ့ရ ...။

အခုဒီလို ကိုယ့်သမိုင်းအပေါ် ကိုယ်ခြေစုံတက်ရပ်
သွေးထဲကလာတဲ့ ယုံကြည်မှုဟာ
ဥဒါန်းကျူးရင့်ချင်သလို
အူထဲကနေ မကြာမကြာ လှိမ့်တက်လာနေပါပြီ ....
.............................................
ဆင်ခြင်တုံတရားက မောင်းနှင်တဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့
တိုင်းကျိုးပြည်ပြု ကဗျာဆရာများ။ ။

လင်းခါး (ပြည်သူ့ ကဗျာဆရာများသို့)

No comments:

Post a Comment