စစ်ပွဲဆိုတာ
ခြေသလုံးတွေကိုလည်း ကြီးစေ
စိုးရိမ်ထိတ်လန့်မှုတွေကိုလည်း ကြီးစေသပေါ့။
တစ်နေရာရာမှာ အခြေအကျ မခံ
နောက်တစ်နေရာကို ထပ်ပြေး
နောက်တစ်နေရာကို ဆက်ပြေး
သံသရာလွတ်ကြောင်း ပြေးတာ မဟုတ်
အူစိန်ဘော့ ပြေးသလို မဟုတ်
စစ်ပွဲတွေဆီက ဝေးရာကို ပြေးတာ
ပြေးရင်း တစ်ဦးနဲ့ တစ်ဦး
မောပလားကွယ်
မေးထိုး ပြုံးပြနေဖို့
စိန်ပြောင်း အမြောက်တွေက အချိန်အခါ မပေး
ပျော်တာပေါ့
မျက်ရည်တွေလည်း ပြေးကုန်ကြပြီလေ ။ ။
လင်းခါး
17-1-2013
No comments:
Post a Comment