Monday, February 11, 2013

အမြောက်ကျည်ခွံနဲ့ လုပ်ထားတဲ့ ဘုရားပန်းအိုးတွေ

အိမ်သာကြွေကမုတ်နဲ့ ရေချမ်းအိုးစင် လုပ်လို့မရ
စားပွဲကို ပက်လက်လှန် ထမင်းပွဲ လုပ်လို့မရ
ငိုနေတဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့
နိုင်ငံတော်သစ် တည်လို့မရ
ဗဟုခေတ်ထဲ သိပ်နားငြီးတယ်ဆိုပြီး
မီးမှိတ်အိပ်နေလို့မရ
အမုန်းတရားတွေနဲ့ ပြုံးထားလို့တော့မရ
ကမ္ဘာကြီးရဲ့ အိမ်မှာနေပြီး
ကမ္ဘာကြီးမျက်နှာ မကြည့်လို့မရ
နှလုံးသားထဲ အငြိုးတွေထည့်ပြီး
ငြိမ်းချမ်းရေး အစစ်မရ
သေနတ်ထဲ ကျည်တွေဖြည့်ပြီး
စစ်ပွဲတွေ ရပ်ချင်လို့မရ
ပြေးလွှားနေရတဲ့ ခြေထောက်တွေနဲ့
ညည အိပ်မက်ကောင်း မက်ချင်လို့တော့ မရဘူးပေါ့။ ။

လင်းခါး
23-11-2012
(Monitar ဂျာနယ်-2012 ခုနှစ်၊ နိုဝင်ဘာ)

No comments:

Post a Comment