Monday, February 25, 2013

ချိနဲ့နေတဲ့ တိမ်မဲတွေ

ချိနဲ့နေတဲ့ တိမ်မဲတွေ

အဘိဇ္ဈာတောအုပ်အတွင်းဝယ်
ထိုင်နေရင်း
တစ်ခုခုနဲ့ ပိုပိုဝေးသွားတယ်
နောက်ထပ် တစ်ခုခုနဲ့လည်း ပိုပိုဝေးသွားတယ်
ဘယ်တစ်ခုနဲ့မှလည်း မနီးတော့ဘူး။
တိတ်ဆိတ်သွားတဲ့အခါ
အလိုဆန္ဒတွေ များပြားလာ
ပိုပိုဝေးသွားတာတွေကို တမ်းတလာ
တိတ်ဆိတ်သွားတဲ့အခါ
ကိုယ့်လိုအင်ကိုယ် ဆန့်ကျင်စိတ်က ကိန်းဝပ်လာ
အဘိဇ္ဈာတောအုပ်အတွင်းဝယ်
ပဋိပက္ခသဘော
ဝိရောဓိသဘော
အနက်ရှုပ်ထွေးခြင်းသဘော
ဘယ်သဘောနဲ့မဆို ရပ်တည်ရခက်ဖွယ်
သြော် ... အဘိဇ္ဈာတောအုပ်အတွင်းမှာကွယ် .....။     ။

လင်းခါး
28-1-2013

No comments:

Post a Comment