ညနေနီနီ
တဖြည်းဖြည်း အနောက်ဘက်မှာ ကောင်းကင်နီနီ
ဝါဂွမ်းဖတ်လေးတွေပေါ်
ဘယ်ကလွင့်စင်မှန်းမသိရတဲ့ သွေးစတွေကလည်း ရဲရဲ
ငြီးကြည့်မယ်လို့ တွေးနေတုန်း
သတိမရဖြစ်သွားတဲ့ သီချင်းနာမည်က နဂါးနီ
နည်းနည်းရက်စက်ပေမယ့်
နည်းနည်းပိုမှန်ခဲ့တဲ့ ခရီးရှည်ချီတက်သူတွေက တပ်နီ
တနီနီဖြစ်နေတော့
သတိရမိတဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဆိုတာကလည်း
တကယ်တော့ နီနီပါပဲ
ဒါနဲ့ ဒီညနေ ငါဘာတွေ နီဆွေးနေရသလဲ
စဉ်းစားမိတော့
အမှန်တရားသည်ပင် ကိုယ်စားပြုအရောင်က
နီ ..... နီ ..... နီ ...... နီ ...... ။ ။
လင်းခါး
No comments:
Post a Comment