Monday, February 11, 2013

အိပ်မက်ဆိုးတွေ မမက်ဖို့ ညည မအိပ်ရတော့ဘူးလား

နိုင်ငံသားကောင်း တာဝန်မှာ
အခွန်မှန်မှန် ဆောင်ဖို့ ပါသတတ်။
ရေခွန်၊ မြေခွန်၊ အဆောက်အဦခွန်၊
လူဖြစ်ရခြင်းအခွန်၊
ဆင်းဆင်းရဲရဲ နေခွင့် အခွန်၊ ဆိုပေမယ့်ကွယ်
ကိုယ်ဆောင်လိုက်မယ့် အခွန်ငွေတွေဟာ
ကချင်မလေး ရင်ဘတ်သွားမှန်မယ့် ကျည်ဆံတွေ ၀ယ်ဖို့ဆိုရင်
ကချင်အဘိုးကြီး ထမင်းခွက်ပြုတ်ကျသွားအောင်
ကြောက်ရွံ့သွားစေမယ့် အမြောက်ဆံတွေ ၀ယ်ဖို့အတွက်ဆိုရင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့
ကိုယ်ဝန်ဆောင် ကချင်အမျိုးသမီး လန့်နိုးစေပြီး
အကြီးအကျယ် စိတ်ဒုက္ခတွေဖြစ်စေမယ့်
လက်နက်ကြီးတွေဝယ်ဖို့အတွက်ဆိုရင်
နိုင်   ငံ    သား    ကောင်း    မ    ဖြစ်   ချင်    ပါ     ခင်    ဗျား ။    ။

လင်းခါး
13-1-2012

No comments:

Post a Comment