ဒီစစ်ပွဲကြီးပြီးရင် သားလေးကျောင်းထားမယ်
ဒီစစ်ပွဲကြီးပြီးရင် ညည လန့်နိုးစရာမလို
ဒီစစ်ပွဲကြီးပြီးရင် ရွာကိုပြန်မယ်
ဒီစစ်ပွဲကြီးပြီးရင် ပျော်ရမယ်ထင်တယ်
ဒီစစ်ပွဲကြီးပြီးရင် ဗုံးခိုကျင်းတွေ မြေပြန်ဖို့ရတော့မလား
ဒီစစ်ပွဲကြီးပြီးရင် ရွှေဧည့်သည်တွေ လာနိုင်ပါပြီ
ဒီစစ်ပွဲကြီးပြီးရင် အိုးစည် ဒိုးပတ်နဲ့
ဒီစစ်ပွဲကြီးပြီးရင် စစ်ပွဲအကြောင်း ကဗျာမရေးတော့ဘူး
ဒါပေမယ့်
ဒီစစ်ပွဲကြီးပြီးရုံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းသွားမှာလား
ဒီစစ်ပွဲကြီးပြီးရုံနဲ့ .........................
..............................
ဗုံးဆန်မှန်တဲ့ သားလေးကောင်းရာသုဂတိလားပါစေကွယ်
No comments:
Post a Comment