ပျော်ပါတယ်ကွယ်...
ရှုမငြီးတဲ့ စစ်ပွဲတွေနဲ.
ပေး၍မကုန် လှူ၍မခန်း ဤဒုက္ခအသွယ်သွယ်နဲ.
မပျော်တော့လည်း ပျော်အောင်နေရုံပေါ့။
ပျော်ပါတယ်ကွယ်...
ဒီ့ပြင်ကမ္ဘာမှာ မရှိတဲ့ လူရမ်းကားတွေနဲ.
ဒီ့ပြင်ကမ္ဘာမှာ မရနိုင်တဲ့
နောက်ကျောသွင်း လက်လက်ထ ဓါးတွေ ရနိုင်နေတာပဲ။
တရံရောအခါကရော ပျော်ခဲ့ရရဲ.လား ဒီကမ္ဘာမှာ
လူသားတွေ အ၀တ်မကပ်သေးတဲ့အချိန်ကနေ
လူသားတွေ အမြစ်မပြတ်သေးတဲ့အချိန်အထိ
စစ်ပွဲဆိုတာ ရှိနေမှာပဲ။
အပျော်ဆိုတာ အော်ငိုရတာမျိုးမှမဟုတ်ဘဲ
အန္ဓပုထုဇဉ် လူသားခမျာတော့
ပျော်ပါတယ် ပျော်ပါတယ် သေပျော်ပါတယ်
နေမပျော်တာပဲ ရှိတယ်။ ။
လင်းခါး
၁၅-၁-၂၀၁၃
No comments:
Post a Comment