မာရသွန်ဘဝ
အခု ဒါတွေ မပိုင်တော့ပါဘူး
ပြေးဖို့ ခြေထောက်တွေပဲ တို့ပိုင်တော့မယ်
ပြေးရမယ်
တစ်ဘ၀လုံး ကီလိုမီတာ သိန်းနဲ့ချီပြေးခဲ့တယ်
ဘ၀ဆိုတာ ပြေးလွှားခြင်းလို့တောင်
အဓိပ္ပာယ်ဖွင့်ရမလိုဖြစ်နေတဲ့
မနက်ဖြန်များ ဒီနေ့များ ပြီးခဲ့တဲ့ နေ့ရက်များ
ဟိုးထား ....ဆရာ မရှိဘူး
ဆွဲ ..... ဆရာရေ့ ဆိုတာပဲ ရှိတယ်။
တစ်တောလုံး ဆူညံ
တစ်တောင်လုံး မြည်ဟီး
တစ်ချိန်လုံး ပွက်လောက်ရိုက်နေလည်း
ငါတို့ ဘာသံမှ မထွက်ခဲ့ပါဘူး
ဒါလည်း ငါတို့ ပြေးရတယ် လွှားရတယ်
တစ်ချိန် လှိုင်းဂယက်တို့ အပေါ်ရေပြင်မှာ ငြိမ်တဲ့အခါ
ပြန်လာမယ်
ပြီးရင်တော့ ငါတို့ ပြန်ပြေးကြမယ်နော် ။ ။
လင်ခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု-စာအုပ်မှ

No comments:
Post a Comment