ခွေးတစ်ကောင်
နောက်ခြေနှစ်ချောင်း သွင်သွင်ကျိုးနေတဲ့ ခွေးတစ်ကောင်
ရှေ့ခြေနှစ်ချောင်းကို ထောက်ပြီး
နောက်ခြေနှစ်ချောင်း တရွတ်ဆွဲသွားသွားနေတဲ့ ခွေးတစ်ကောင်
တအီအီ ညည်းလို့
ကတ္တရာလမ်းပေါ် တဂျစ်ဂျစ်ရွေ့လို့
တကယ့်အဖြစ်အပျက်ပါ
ဒီကဗျာရေးနေတုန်း
ဒီခွေးဟာ စာမျက်နှာဘေးမှာ ဆောင့်ကြောင့်ထိုင်နေ့လို့
ကျွန်တော် မြင်နေရတယ်။
ဒုက္ခဆိုတာ ချိုနဲ့ပေါ့လို့
အတိအပ ဆိုနိုင်နေတဲ့ ကမ္ဘာကြီးထဲ
ဒီခွေးတစ်ကောင်အကြောင်း
ထပ်ဖွဲ့နေရဦးမလား ။ ။
လင်ခါး
စိမ်းဖန့်နေတဲ့ စိမ်းကားရက်စက်မှု-စာအုပ်မှ
No comments:
Post a Comment