ထင်မြင်ချက်
ကမ္ဘာကျော် နိုင်ငံရေး ခေါင်းဆောင်နဲ့ ကမ္ဘာကျော် ကဗျာဆရာ ဘာကွာသလဲ လို့ မေးလာရင် ဖြေစရာ တစ်ချက်ရှိပါတယ်။
အမေစုဟာ ကျနော်တို့နိုင်ငံရဲ့ အငြင်းပွားဖွယ်မရှိ ကမ္ဘာကလေးစားရတဲ့ ကမ္ဘာကျော်နိုင်ငံရေးခေါင်းဆောင်ပေါ့။
အမေစု မွန်ဂိုလီယားနိုင်ငံကိုရောက်တော့ မီဒီယာ တစ်ခုကမေးပါတယ်။
တိဘက်ဒေသနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ဘယ်လိုရှိသလဲပေါ့။ အမေစုအနေနဲ့
ဒီမေးခွန်းရဲ့ အဖြေအမှန်ကို သမိုင်းနဲ့ချီပြီး အများကြီးသိတာပေါ့။
အများကြီးဖြေနိုင်တာပေါ့။ ဒါပေမယ့် အမေစု ဖြေသွားတာကတော့ တရုတ်နိုင်ငံရဲ့
အလွန်ထိလွယ်ရှလွယ်တဲ့ ပြည်တွင်းရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကို
မဖြေဆိုနိုင်ပါဘူးလို့ ပြောသွားပါတယ်။
ဒီနေရာမှာ အမေစု
မှားတယ်လို့ ဆိုလိုချင်တာ မဟုတ်ဘဲ အင်မတန်ရှုပ်ထွေး သံတမန်သဘောအရ
သိပ်နီးကပ်ထိစပ်နေပြီး သိပ်အင်အားကြီးလွန်းတဲ့ တရုတ်လို နိုင်ငံမျိုးရဲ့
အိမ်နီးချင်းဖြစ်နေတာကိုက နိုင်ငံရေးသမားကောင်းတစ်ယောက်အနေနဲ့
ဒီလိုဖြေဆိုတာဟာ အကောင်းဆုံးပဲဆိုတာ ကျနော်တို့လို
သာမညောင်ညလေးတွေတောင်သိပါတယ်။
ဒါပေမယ့် ဒီလိုမေးခွန်းမျိုးကိုပဲ
ကဗျာဆရာတစ်ဦးကို မေးကြည့်ပါ သူ့အဖြေဟာ
ကိုယ့်ကိုယ်ကိုယ်မီးရှို့ဆန္ဒပြစတေးခံခဲ့တဲ့ တိဘက်လူငယ်တွေနဲ့
တိဘက်ရဟန်းတော်တွေဘက်က အပြည့်အဝ ရပ်တည်နေမှာ သေချာပါတယ်။
အနုပညာသမား နဲ့ နိုင်ငံရေးသမား ကွာတာ ဒါပါပဲ။ ။
လင်းခါး
No comments:
Post a Comment