အီလျာ အာရင်ဘတ်
Tuesday, June 4, 2013
အာရင်ဘတ်- ကောက်နှုတ်ချက်
မျက်မြင်သက်သေတွေက တိတ်ဆိတ်နေကြသည့်အခါတွင် ဒဏ္ဍာရီများပေါက်ဖွားလာတတ်ကြပါသည် ။
+ဘတ်စတီးအကျဉ်းထောင်ကြီးကို စီးနင်းတိုက်ခိုက်ခဲ့သည်+ ဟု
ကျနော်တို့ပြောလေ့ရှိကြသည်။ အမှန်အားဖြင့် ဘတ်စတီးအကျဉ်းထောင်ကြီးကို
မည်သူကမျှ စီးနင်းတိုက်ခိုက်ခဲ့သည် မဟုတ်ပါ။ ၁၇၈၉ ဇူလိုင်လ ၁၄ ရက်သည်
ပြင်သစ်တော်လှန်ရေးကြီးအတွင်းက သာမန်နေ့တစ်နေ့သာ ဖြစ်ပါသည်။
ပါရီမြို့သူမြို့သား များသည် အကျဉ်းထောင်ကြီးထဲသို့ အလွယ်တကူ
ဝင်သွားခဲ့ကြကာ အနည်းငယ်သာ ကျန်တော့သော အကျဉ်းသား အချို့ကို
လွှတ်ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ သို့တိုင်အောင် ဘတ်စတီးအကျဉ်းထောင်ကို
သိမ်းပိုက်သည့်နေ့ကို ပြင်သစ်တော်လှန်ရေး၏ အမျိုးသားနေ့ အဖြစ်
သတ်မှတ်နေကြပါသည်။
အီလျာ အာရင်ဘတ်
အီလျာ အာရင်ဘတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment