ထင်မြင်ချက်
ကဗျာရေးတဲ့
ကဗျာဆရာတစ်ယောက်အနေနဲ့ ကျနော်ဟာ ဘယ်ဝါဒ ဘယ်အယူအဆ ဘယ်ရေးသားနည်း ဘယ်သူ့ဟန်
ဘာကို ကိုယ်စားပြုတာ စသည်ဖြင့် ပြောချင်ရင်လည်း ပြောမယ် မပြောချင်ရင်လည်း
မပြောဘူး။ ကဗျာဆရာမှာ အဲဒီတာဝန် မရှိပါဘူး။ အဲဒါ ဝေဖန်ရေးဆရာ ပညာတတ်တွေရဲ့
အလုပ်ပါ။ ထို့အတူပဲ ကဗျာခေတ်ကို ကဗျာဆရာကပဲ ရွေးချယ်ပါတယ်။ ဝေဖန်ရေးဆရာရဲ့
အလုပ်မဟုတ်ပါဘူး။ ဝေဖန်ရေးဆရာတွေဟာ ကဗျာခေတ်ကို မပြောင်းလဲနိုင်ပါဘူး။
တင်သွင်းသူ ဆိုရင်တော့ အနည်းငယ် သြဇာ ရှိနိုင်သပေါ့။ ဒါလည်း ခေတ်က
မတောင်းဆိုဘဲ မဖြစ်နိုင်ပါဘူး။ လူတွေ စိတ်မဝင်စားရင် စကြာဝဠာဟာ
မကြီးကျယ်ပါ။
No comments:
Post a Comment