အီလျာ
အာရင်ဘတ် အဖို့ ကဗျာသည် အပျင်းဖြေစရာ တစ်ခုမဟုတ်။ သက်မွေးမှု
လုပ်ငန်းတစ်ခုမဟုတ်။ သူ့အဖို့ ကဗျာသည် ဘဝသက်တာ လုပ်ငန်းဖြစ်သည်မှာ
ထင်ရှားပါသည်။ ထို့ကြောင့်ပင်လျှင် သူ့ကဗျာ ကာရန်များသည် ချောမွေ့ခြင်း
မရှိဘဲ ဖြစ်နေခြင်း ဖြစ်ပါသည်။ အကြောင်းအရာများမှာလည်း ကဗျာဆန်သည်ဟု
ပြောစမှတ်ပြုလေ့ရှိကြသော အကြောင်းအရာများ မဟုတ်ပါ။ သူ့ကဗျာထဲတွင် ယေဘုယျ
လက်ခံထားသော ကဗျာပုံစံမျိုး မပါပါ။ ကျနော်တို့ ခေတ်တွင် ခေတ်စားနေသည့်
ကဗျာဖွဲ့မှု အတတ်ပညာနှင့် တမင်ရှာကြံ စပ်ဟပ်ထားသည့် စကားလုံး အလှတွေ မပါပါ။
အီလျာ အာရင်ဘတ်၏ ကဗျာတွင် အဓိက ချို့ယွင်းချက်မှာ ကဗျာကို
နိုင်ငံရေးသဘောတရား၏ လက်အောက်ခံအဖြစ် ထားခြင်းဖြစ်ပါသည်။ သူသည် အနုပညာကို
ရှေ့တန်းတွင် မထားပါ။ ဤနည်းအားဖြင့် အာရင်ဘတ်သည် သူ့ခံစားချက်များကို
ဖော်ထုတ်ရာတွင် မှေးမှိန်အားနည်းသွားတတ်ပါသည်။ အာရင်ဘတ်သည်
စကားလုံးအလှများကို တမင်ရှောင်ကွင်းရင်းဖြင့် တစ်ဖက်စွန်းသို့
ရောက်သွားပါသည်။ သူ့ကဗျာသည် အသံမချိုပါ။ နားဝင်ပီယံမဖြစ်ပါ။ ရှည်ဝေးသော
အနက်အဓိပ္ပါယ်တို့ကို အဓိကထား ဖော်ပြနေသဖြင့် သူ့ကဗျာသည် အဆင်အယင်
ကင်းမဲ့နေပါသည်။ အာရင်ဘတ်သည် ကဗျာရေးရာတွင် ခေတ်ပြိုင်ယဉ်ကျေးမှုတွင်
လှိုက်စားနေသော အနာအဆာတို့ကိုသာ အာရုံစိုက်လွန်းနေပါသည်။ ခေတ်သစ် ဥရောပ
ယဉ်ကျေးမှု၏ ရှက်ဖွယ်ကောင်းသော ယုတ်ညံ့သော မကောင်းသော အရာတို့ကို
ဖွင့်ချဖော်ထုတ်ဖို့သာ စိတ်စောနေပါသည်။ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
ကဗျာဆရာသည် ထိုလုပ်ငန်းကို ဦးစားပေးလုပ်သလို ဖြစ်နေပါသည်။
ကူးစက်ပြန့်သွားတတ်သော အနာကြီးကို ခွဲစိတ်နေသည့်
ခွဲစိတ်ဆရာဝန်တစ်ဦးကဲ့သို့ သူ၏ အသံမချိုသော ကဗျာထဲတွင်လည်း
ခေတ်သစ်ယဉ်ကျေးမှု၏ မကောင်းသည့်အရာ ရှက်စဖွယ်ကောင်းသည့် အရာတို့ကို
ဖော်ထုတ်ဖွင့်ချထားပါသည်။
အာရင်ဘတ်အား ကဗျာဆရာကြီး ဘရိုင်းယူးဆော့၏ ဝေဖန်ချက်။ (လူများ သက္ကရာဇ်များ ဘဝ- ဆရာမြသန်းတင့်)
၎င်းဝေဖန်ချက်အပေါ် အာရင်ဘတ်၏ ပြန်လည်ပေးစာရှိပါသည်။ တချို့အချက်များကို လက်ခံပြီး အချို့ အချက်များကို လက်သင့်မခံကြောင်းပေါ့လေ။
မြန်မာနိုင်ငံတွင် အာရင်ဘတ်ကဲ့သို့ ကဗျာဆရာများ အများအပြား ပေါ်ပေါက်ရန်
အခြေအနေရှိသော်လည်း အများအပြားမရှိပါ။ ကဗျာရေးနည်း ငြင်းခုန်ရင်းနဲ့ပဲ
ကဗျာတွေဟာ လျှောမွေးတွေ ဖြစ်ကုန်ကြရပါတယ်။
စိတ်မကောင်းစရာပေါ့။
No comments:
Post a Comment