Thursday, June 20, 2013

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

*** ၆၈ နှစ်ပြည့်သွားပြီ အမေစု ***

ခါးကြားကိုသိုင်းဝတ္ထုထိုးသွားတဲ့ သက်ကြီးတွေ

အဆဲမပါရင် မပြီးတဲ့ နုံ့ဖျင်းလူငယ်တွေ

ထိုသက်ကြီးများရဲ့ သားသမီးတွေ အတွက်

ထိုလူငယ်များရဲ့ အနာဂတ်အတွက်

အချိန်ပိုပို လျော့သွားပြီ

အမေစု ၆၈ နှစ် ပြည့်သွားပြီ။

တစ်ချိန်က အာဏာရှင်ယန္တရားရဲ့ ဆိုးဝါးမှုကို

ခါးစည်းရတော့

အမေစု အမေစု အမေစု ဆိုသူတွေ

အခုတော့ လေဥ ဥကုန်ကြပြီ။

အခုတော့ အာဏာရှင်ယန္တရားလည်ပတ်ခဲ့သမျှ

တာဝန်ကြီးထမ်းခဲ့သူ ကပ်ပါးတွေကို

အခုတော့ ဒွေးတော်လွမ်းနေပေါ့။

သူတို့ အော်ခဲ့တာ ပြန်ကြားသေးတယ်

လူ့အခွင့်အရေး ဆိုပဲ

ဒီမိုကရေစီရေး ဆိုပဲ

အောက်သွားမပါတဲ့ လောက်နွားပြာတွေက

ကြိမ်တုတ် ပြန်လွမ်းနေပေါ့

စစ်တပ်က ပစ်ခတ် ညှစ်သတ်မှ

သူတို့က ချစ်တတ်မှာနဲ့ တူပါတယ် အမေရယ်

၆၈ နှစ်ပြည့်ခဲ့ပြီ။

၂၅ နှစ်လုံး မြဲမြံ

၂၅ နှစ်လုံး ဖြောင့်မတ်ထားတဲ့ အသက်ကို

ခွေးကတက်ကနေ ဟောင်ကြပေါ့။

ကျေးဇူးတရား ကို ခွေးရူးသားပေါက်တွေလို

တုံ့ပြန်ကြပေါ့။

အာဏာရှင်နံရံကို ဦးဆောင်တွန်းဖြိုတဲ့ခေါင်းဆောင

ဒေါင်းတောင်မှာ အကြောင်းရောင်နီထွန်းချေပေါ့။

အခု ၆၈ နှစ်ပြည့်ပါပြီ။

သံမဏိနှင်းဆီ ၆၈နှစ်ပြည့်ပါပြီ။

လူထုခေါင်းဆောင် ၆၈ နှစ်ပြည့်ပါပြီ။

အဓမ္မ ထွန်းကားရာက

ဓမ္မ စွမ်းပကား ၆၈ နှစ် ပြည့်ပါပြီ ။ ။

လင်းခါး
၁၉-၆-၂၀၁၃

No comments:

Post a Comment